ဗမာ ဘရိတ်ဖတ်စ်

ကနေ့တော့ ဘရိတ်ဖတ်စ် ခေါ်နိုင်တာ စားဖြစ်တယ်။ ခါတိုင်းထက် အိပ်ရာစောစောထရတယ်။ မန္တလေးကနေ ဖုန်းနဲ့နှိုးလို့။

နတ်တော်ပဲနဲ့ ကောက်ညှင်း။ ငါးခြောက်ကြော်။ ငရုတ်သီးခြောက်ပုလင်းက မင်းရွာကနေပို့ထားတာ။ ကြာလှပြီ ခုထိ မကုန်သေး။ မိုးမျှော်သီးလည်းခေါ်တယ်။ ရွှေအပ်သီးလို့လည်းခေါ်တယ်။ စပ်တယ်။

စောစောထတော့ မေးခွန်းတွေ စောစောဖြေနိုင်တယ်။ အခုပဲ တသုတ်ပြီးတယ်။ ခါတိုင်းတော့ ကော်ဖီအပြင် မီးကင်ပေါင်မုံ့ စားနေရတာကိုက အလုပ်ကြီးတခုလိုပဲ။ မေးခွန်းထုပ်ကြီးက တဖက်။ လက်ကနှစ်ဘက်လုံး မအား။

စောစောထတာ ကောင်းမှန်းသိပေမဲ့ နေ့တိုင်းမလုပ်ဖြစ်ပါ။ ညလည်း ညဥ့်မနက်တာ ကောင်းမှန်းသိပေမဲ့ မနေ့ညက ၂ နာရီ ကျော်သွားတယ်။ ကောင်းပါတယ်ပြောတိုင်း မလိုက်နာနိုင်ကြတာ လူအများစု။ မကောင်းတာကို ကောင်းတယ်လို့ ထင်နေသူတွေထက်တော့ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ