Pickle juice အားကစားသမားတွေသောက်တဲ့ဂျုစ်

သောက်နေကျမဟုတ်တဲ့ ပစ်ကယ်ဂျုစ်ဟာ အားကစားလုပ်ရာမှာ ပိုကောင်းစေတယ်လို့ဆိုပါတယ်။ အခုဖိုင်နယ်အဆင့်တွေ ရောက်နေတဲ့ သြစတေးလျန်းအိုးပင်း တင်းနစ်ကစားပွဲနောက်ခံနဲ့ ထွက်တာလာတဲ့ အားကစားဆေးသိပ္ပံသတင်း ဖြစ်ပါတယ်။

ရှက်ဖီးဟော်လန်တက္ကသိုလ်က အားကစားအာဟာရ အထက်တန်းလက်ချာရာ ဒေါက်တာမေယူရန်းကော့ဒါးက ကြေးစား စက်ဘီးစီးသမားတွေနဲ့ ပရီမီယာလိခ်ဘောလုံးသမားတွေကို စမ်းသပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက သြစတေးချမှာကစားတဲ့ပွဲမှာ ကြွက်တက်ချင်တဲ့ အိန္ဒိယခရစ်ကက်ကစားသမားကိုလည်း သောက်စေတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ ကစားခဲ့တဲ့ ချယ်လ်ဆီးကို ၂-၀ နဲ့နိုင်တဲ့ အာဆင်းနယ် အသင်းသားတွေကလည်း အဲတာကိုသောက်သုံးခဲ့ကြပါသတဲ့။ အဲ့ ကနေ့ပွဲမှာတော့ အာဆင်နယ်ကို မန်ချက်စတာယူနိုက်တက်က နိုင်သွားတယ်။

အင်တာနက်မှာတော့ သုတေသနမဆန်တာတွေ ရေးပါတယ်။ အရက်မူးလွန်တာလည်း သက်သာစေတယ်တဲ့။

အရသာကတော့ တယ်မကောင်းပါတဲ့။ ပစ်ကယ်ဂျုစ်ထဲမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်ဓါတ်ဆားတွေနဲ့ ဗနီဂါပါတယ်။ ကြွက်တက်တာလည်း ၄၀% သက်သာစေတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး