ဗီရိုထဲက အဝတ်
တနေ့တခါ
အသေအချာ ဖွပ်လျှော်၊ ချေးညှော် ရှင်းသန့်
အနံ့အသက် မရှိ၊ အတိအကျခေါက်
အပေါက်အပြဲ မရှိသေး။
သို့သော်
ဆေးရောင်က ပျယ်
ကြယ်သီးပေါက် ကျယ်
ခါးမှာ ချိတ်တွယ်
လူ့အရွယ်သည် သူ့အဝတ်အစားတည်း။
ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၁၉
အသေအချာ ဖွပ်လျှော်၊ ချေးညှော် ရှင်းသန့်
အနံ့အသက် မရှိ၊ အတိအကျခေါက်
အပေါက်အပြဲ မရှိသေး။
သို့သော်
ဆေးရောင်က ပျယ်
ကြယ်သီးပေါက် ကျယ်
ခါးမှာ ချိတ်တွယ်
လူ့အရွယ်သည် သူ့အဝတ်အစားတည်း။
ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၁၉

Comments
Post a Comment