Thursday, January 31, 2019

Augmentin ပဋိဇီဝဆေး

Augmentin ပဋိဇီဝဆေး

Amoxicillin နဲ့ Clavulanate ပဋိဇီဝဆေး ၂ မျိုးရောထားတာဖြစ်တယ်။

250 mg/125 mg, 500 mg/125 mg, 875 mg/125 mg စာဆေးတွေနဲ့ 125 mg/31.25 mg per 5 mL, 250 mg/62.5 mg per 5 mL သောက်ဆေးတွေရှိတယ်။

Augmentin ဆေးကို နေရာအမျိုးမျိုးမှာ ဗက်တီးရီးယားပိုးဝင်ခြင်းအတွက်ပေးတယ်။ အစာနဲ့သောက်သင့်တယ်။

နားအလယ်ပိုင်းရောင်ခြင်း။ အာသီးရောင်ခြင်း။ လည်ချောင်ရောင်ခြင်း။ အသံအိုးရောင်ခြင်း။ လေပြွန်ရောင်ခြင်း။ ဆိုင်းနပ်စ်။ နူမိုးနီးယား။ ဆီးလမ်းပိုးဝင်ခြင်း။ အရေပြားပိုးဝင်ခြင်း။ ဂနိုးရီးယား။

500 mg/125 mg-875 mg/125 mg PO q12h တနေ့ ၂ ကြိမ်။ သို့မဟုတ်
250 mg/125 mg-500 mg/125 mg တနေ့ ၃ ကြိမ်။ ၅-၇ ရက်။

Sinusitis ဆိုင်းနပ်အတွက်
875 mg/125 mg တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။ သို့မဟုတ်
500 mg/125 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ အစာနဲ့သောက်သင့်တယ်။

UTI ဆီးလမ်းပိုးဝင်ခြင်း
500 mg/125 mg တနေ့ ၂ ကြိမ်၊ ၃-၇ ရက်။ အစာနဲ့သောက်သင့်တယ်။

ပဋိဇီဝဆေးတိုင်း ဆရာဝန်ညွှန်မှသာသောက်ရတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ ဆေးကို ဆေးပတ်စေ့အောင်သောက်ရမယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာတိုင်း ပဋိဇီဝဆေးနဲ့ မပျောက်ပါ။

ဒေါက်တာတင့်ဆွေ


No comments:

Post a Comment

Note: Only a member of this blog may post a comment.

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...