သတ်ပုံမှန်နဲ့ ချမ်းနိုင်ကြပါစေ

မနှစ်က ဒီရက်တွေမှာ မန္တလေးသားတွေက အချုပ်တန်းဆရာဖေလို ငြီးငြူနေကြတယ်။

၁။ အေးပါသော်ကော

၂။ နွေးနွေးထွေးထွေးနေပါဆရာ။ ရွှေမန္တလေး မှာလည်း အေးနေတယ်ဆရာ။ တညလုံးဈေးဆိုတော့ အေးပါရစေပေါ့ ဆရာရယ်

၃။ မန်းလေးမှာလဲ နှင်းမကျပေမဲ့ အရိုးထဲထိအေးတယ် ဆရာရေ

ဖိုးစော်ကဲ (လေးချိုး)

လွမ်းမပြေ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေစရယ်နဲ့
ဖျန်းလေက တသုန်သုန်။

တဲတဖက်
ဆွဲဖျက်ကာ အရင်လိုရော့ထင်
ကရင်အို ယာပြင်ကြီးမှာ
မီးထဲ့လို့လှုံ။

မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

ဘေးအိတ်ကယ်သျှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာသူတို့
ကွင်းအငူ နှင်းမြူက စဲချိန်မို့
အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်စခန်း။ (အချုပ်တန်းဆရာဖေ)

အခုတော့ မန္တလေးသားစာရေးဆရာတွေက ဖျန်းလေက တစ်သုန်သုန် ဖြစ်ကုန်ကြပြီ။ တဲတစ်ဖက် ဖြစ်ကုန်ကြပြီ။

စာရေးဆရာ ကဗျာဆရာ မြန်မာစာဆရာမဟုတ်သူတွေ သတ်ပုံမှန်နဲ့ ချမ်းနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၈
၂၄-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး