Wednesday, January 30, 2019

Asthma ပန်းနာမေးခွန်း

မင်္ဂလာပါရှင့်ဆရာ ကျမအသက် ၂၅နှစ် အိမ်ထောင်သည်ပါ ကျမမှာ မွေးရာပါ ပန်းနာရင်ကြပ်ရှိပါတယ် လွန်ခဲ့သော တပါတ်က အသက်ရှုခက်လို့ ပြနေကျဆေးခန်းမဟုတ်ပဲ အခြားဆေးခန်းတခုသို့ သွားပြကြပါတယ် ဆရာဝန်က ရောဂါ စမ်းသပ်ပြီး ဆေးထိုးပေးလိုက်ပါတယ် ဆေး ၂လုံး တလုံးက ရင်ကျပ်တဲ့ ထိုးဆေးပြီးနောက် တလုံးက အသက်ရခက်ရတာ သက်သာဖို့အတွက်ပြောပြီး ထိုးခဲ့သာ အဲ့ဒီညတညလုံး ကျမဆေးခန်းကပြန်လာပြီး အိပ်မရတော့ပါဘူး အသက်ရှုရ အရမ်းခက်တယ် တညလုံး ဂေါက်နဲ့ရှုနေရတယ် မိုးလင်းတော့ တကိုယ်လုံး အဖုအပိတ်တွေထွက်လာပြီး ရောင်ကိုင်းပြီး နာနေတယ်လာတယ် ထိလို့တောင်မရတော့ဘူး အဲ့ဆေးခန်းလဲ ပြန်မသွားရဲလို့ ပြနေကျဆေးခန်းကို ပြန်သွားတာ ပြနေကျဆရာက ဆေးထိုးမှားလို့ဖြစ်တယ်လို့ပဲပြောတယ် အဲ့ဒီ အရောင်ကျအောင် ၃ရက်ဆက်တိုက် ဆေးထိုးပေးမဲ့ အနာပဲသက်သာတယ် အဖုအပိတ်နဲ့ အရောင်တွေက သိပ်မကျသေးဘူး ဘာဆေးသောက်သင့်သလဲလို့ သိချင်လို့ပါ ဒီမှာတရုတ်ဆေးတွေများလို့ အပြင်ဆေးမသောက်ရဲလို့ပါ။ ကျမခံရသလို သူများတွေနောက်ဆို ဆင်ခြင်ထိရအောင်ပါဆရာ။

Asthma (1) ပန်းနာ (၁) https://doctortintswe.blogspot.com/2014/11/asthma-1.html
Asthma (2) ပန်းနာ အဆက် http://doctortintswe.blogspot.com/2014/11/asthma-2.html

မေးခွန်းစာအရေးအသား ပြင်လိုက်တယ်။ ပန်းနာရှိသူတိုင်း ပန်းနာသက်သာဆေး အမြဲဆောင်ထားရတယ်။ သွားလေရာ ယူသွားရတယ်။ ဘယ်လိုအခြေအနေမှာ ကြပ်သလဲ သိထားသင့်တယ်။

အရေးပေါ် ဆောင်ထားစရာတွေ
Beta-adrrenergic agonists ဆေး၊ Albuterol sulfate 1.25-1.5 mg. Metaproteranol 10-15 mg. Isoetharine 2.5-5 mg, Bitolterol mesylate 0.5-1.5 mg တခုခုကို Nebulizer ရှူဆေးအဖြစ် သုံးတယ်။

Terbutaline sulfate 0.25-0.5 mg S/C, Epinephrine 1:10000 (0.1-0.3 ml) S/C အရေပြားအောက်မှာ ထိုးပေးတယ်။ ဒီဆေးကို ကိုယ်ဝန် ပဌမ ၃ လရှိသူ၊ နှလုံးရောဂါရှိသူတွေကို မပေးပါ။

စတီရွိုက်ဆေး Prednisone 60-180 mg/day ပေးပြီး၊ နောက် လျှော့လျှော့ ပေးသွားရမယ်။

MDI ဆိုတာ ပန်းနာသည်များရဲ့ လက်ကိုင်အိပ်ထဲ အမြဲထားရမဲ့ အဆောင်ပစ္စည်း တခုပါ။ ဒီဆေးက အမြန်ထိရောက်တဲ့ ရှူဆေးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Cleaning အမှိုက် နှင့် အိမ်ဦးခန်းပိုစတာ

Hi ကူးစက်ရောဂါအောက်မှာ ဥပေက္ခာရှေ့ထားမှ ဖြစ်မယ်ထင်တယ်ဆရာ တဲ့။ ဥပေက္ခာစကားလုံးက အဓိပ္ပါယ်လေးနက်တယ်။ လွယ်လွယ်လေးသာ ပြောပါရစေ။ ကျွန်တော်က ကိ...