နတ်တော်ပဲနဲ့ စားတော်ပဲ အတော်ကို မတူပါ

နတ်တော်ပဲနဲ့ စားတော်ပဲကအတူတူပဲလား ဘယ်လိုကွဲလဲဆရာရှင့်

မနက်ကလည်း တယောက်ကမေးလို့ ရေးတင်ထားတယ်။ နတ်တော်ပဲနဲ့ စားတော်ပဲ အတော်ကို မတူပါ။

ပုံ (၁) Matra beans စားတော်ပဲ

ပုံ (၂) Lobia beans (Black-eyed beans) နတ်တော်ပဲ

ပဲအကြောင်း ပဲထွက်တဲ့အညာသားတွေကပိုသိတယ်။ အညာမှာ မစိုက်တဲ့ပဲ ချင်းတောင်မှာတွေ့တယ်။ ထွက်ပြေးရတုန်းက တညလုံးပြုတ်တာ မနက်လင်းတဲ့အထိ မနပ်။

အိန္ဒိယမှာလည်း တခြားပဲတွေရှိတယ်။ မက်ဆီကိုနဲ့ တောင်အမေရိကတိုက်မှာလည်း တခြားပဲတွေရှိတယ်။ ဒီမှာ လူမျိုးစုံ နေကြလို့ ပဲဝယ်ရတာ မခက်ပါ။ အိမ်မှာ ပဲမျိုးစုံ ပုံးနဲ့ နှစ်ပုံ။ ပုံထဲ မဆန့်လို့။

အမေရိကန်တွေက ပဲဆိုရင် တမျိုးနှစ်မျိုးလောက်သာစားကြတယ်။ ပဲကြီးကို အလည်ပြန်တုန်းက ယူလာခဲ့သေးတာ။ ဒီမှလည်း ဝယ်လို့ရပါတယ်။ ကိုယ့်ဆီကဟာကို ပိုကောင်းတယ် ထင်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ