Open Fractures ပွင့်ထွက်သွားတဲ့ အရိုးကျိုးခြင်း

ဆရာရှင် ကျွန်မ အသက် ၂၄ပါ ကျွန်မအကိုတယောက် ဆိုင်ကယ် accident ကြောင့် ဒူးဆံထွက်ပြီး အရိုးကျိုးလို့ အရိုးထဲ ပိုးဝင်သွားပါတယ် ၂နှစ်ရှိပါပြီ အရိုးထဲပိုးဝင်ရင်ပြန်ကောင်းနိုင်လားရှင်။

ဆောရီး။ နာတာရှည်ဖြစ်တယ်။ အရိုးအထူးကုဆရာဝန်နဲ့ ကုသရမယ်။ Compound fracture လို့လည်းခေါ်တယ်။ အရိုးကျိုးတဲ့နေရာမှာ အရေပြားပါပောက်တာကိုခေါ်တယ်။ ကျိုးတဲ့အရိုးကနေ အရေပြားကိုဖေါက်ထွက်တာများတယ်။ ရိုးရိုးကျိုးတာနဲ့ ကုသရတာ မတူပါ။ ပိုးဝင်နိုင်တယ်။ အဲတာကြောင့် စောစောကုသရမယ်။ အမျိုးအစား အရွယ်အစာနဲ့နေရာ မတူကြပါ။ Antibiotics and Tetanus ပဋိဇီဝဆေးနဲ့ မေးခိုင်ကာကွယ်ဆေးလိုတယ်။

Injury Stabilization တည်ငြိမ်နေအောက်လုပ်ပေးမယ်။

Operating room ခွဲစိတ်ခန်းထဲမှာကုသရမယ်။ ထုံဆေး မေ့ဆေးလိုနိုင်တယ်။

Debridement and Irrigation အစအနတွေကို ဖယ်ရှား သန့်ရှင်းပေးရမယ်။

Internal Fixation သန့်ရှင်းလာချိန်မှာ သတ္တုချောင်း စတာတွေလိုနိုင်တယ်။

External Fixation အပြင်ကနေတည်ငြိမ်အောင်လုပ်တာလည်း သုံးတယ်။

Skin graft တချို့ကို အရေပြားအစားထိုးပေးရတယ်။

Infection ပိုးဝင်ရင် နာတာရှည် Chronic osteomyelitis ဖြစ်နိုင်တယ်။ အဲတာအတွက် နောက်ထပ်ခွဲစိတ်ကုသမှုလိုမယ်။

Nonunion ကျိုးတဲ့အရိုး မဆက်တာလည်းဖြစ်တတ်တယ်။ Stiffness, discomfort, and weakness တင်းနေတာ၊ အနေရခက်တာနဲ့ အားနည်းနေတာတွေကျန်နေနိုင်တယ်။ Physical Therapy ဖီဇီကယ်သာရာပီကုသနည်း လိုနိုင်တယ်။

Osteomyelitis အရိုးပိုးဝင်ခြင်းဟာ ကုသရတာခက်တယ်။ ပဋိဇီဝဆေးရွေးပြီး သွေးပြန်ကြောကနေပေးမယ်။ နောက်ပိုင်း စားဆေးပြောင်းမယ်။ သေချာကုသတာတောင် ၇၀% ကနေ ၉၀% သာ ကောင်းတယ်။ Biofilm-producing bacteria အမျိုးအစားဗက်တီးရီးယာအတွက် ဆေးမပေါ်သေးပါ။ ဆောရီး။

Amputation တချို့ကို ဖြတ်ရတယ်။ ဆောရီး။

ဒီလိုမေးခွန်းမှာ ဖြစ်တဲ့သူအသက်သာ သိလိုတယ်။ ရရစ်မပါတဲ့ ပီးကို ပြင်ထားတယ်။ မြန်မာစာသတ်ပုံတွေ ကျိုးနေတာ မနည်းဘူး။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး