Breast Self-Exam ရင်သားကို ကိုယ်တိုင် စမ်းသပ်စစ်ဆေးနည်း
အဆင့် ၁
မှန်ထဲမှာကြည့်ပါ။ ပခုံးနှစ်ဖက် တည့်တည့်တန်းတန်းထားပါ။ လက်တွေကို ခါးနဲ့တန်းတန်းချထားပါ။
ရင်သားနှစ်ဖက် အရွယ်အစား၊ ပုံပန်းနဲ့ အရောင်တွေ အရင်လို တူပါသလား။ ရင်းသားဆိုတာ ညီညီညာညာ ချောချောမွေ့မွေ့ရှိရတယ်။ တနေရာမှ မြင်သာတဲ့ ဖေါင်းနေတာ ခွက်နေတာ ရွဲ့စောင်းနေတာ မရှိရ။ တဘက်နဲ့တဘက် ညီနေတာ ပါဖက်ဖြစ်တယ်။ မညီတိုင်းလည်း ရောဂါမဟုတ်သေးပါ။
ရောဂါဆိုတာ တနေရာမှာသာ ခွက်နေသလား၊ ဖေါင်းစူနေသလား၊ အရေးအကြောင်းထင်နေသလား။ ရင်သားထိပ်ဖျားတွေ နေရာပြောင်းနေသလား၊ ခွက်ဝင်နေသလား၊ တဖက်ဖက်ကို စောင်းရွဲ့နေသလား။ အရည်တမျိုးမျိုး စိမ့်ထွက်နေသလား။ ရေလို၊ နို့လို၊ ခပ်ဝါဝါ၊ သွေးလို။ အရေပြား နီရဲနေသလား၊ အနီပြင်ဖြစ်နေသလား။ အကျိတ်ဖြစ်နေသလား။
အဆင့် ၂
လက်တွေကို ခေါင်းပေါ်တင်လိုက်ပါ။ အထက်ကအတိုင်း ကြည့်ရှုစစ်ဆေးပါ။
အဆင့် ၃
လှဲအိပ်လိုက်ပါ။ လက်တဖက်ကို ခေါင်းပေါ်ထားပါ။ စမ်းသပ်မဲ့လက်ကို စမ်းသပ်မဲ့ရင်သားပေါ်တင်ပါ။ ဥပမာ ဘယ်လက်ကို ခေါင်းပေါ်ထားပြီး ညာဘက်လက်နဲ့ ရင်သားကို စမ်းမယ်။
ရင်သား အပေါ်ပိုင်းကနေ စမယ်။ လက်ဖဝါးနဲ့ စက်ဝိုင်းပုံ လှည့်မယ်။ စက်ဝိုင်းက ကျဉ်းကျဉ်းလာမယ်။ နောက်ဆုံး ရင်သားထိပ်ဖျား နေရာရောက်မယ်။ ထိပ်ဖျားရောက်ရင် လက်ချောင်း ၂ ချောင်းသုံးပြီး ညှစ်ကြည့်ပါ။ အရည်တခုခု ထွက်လာသလား။
ညှပ်ရိုးနေရာကနေ ဗိုက်အစအထိ အပေါ်ကနေ အောက်နဲ့၊ ဘေးနှစ်ဖက် ရင်သားတခုလုံး စမ်းမိပါစေ။ နှစ်ဖက်လုံးကို စမ်းသပ်ပါ။
အဆင့် ၎
မတ်တတ်ရပ်နေရင်း အဆင့် ၃ အတိုင်းလုပ်ပါ။ အရေပြားစိုနေချိန်က ပိုသိသာနိုင်လို့ ရေချိုးရင် လုပ်သင့်တယ်။
စမ်းသပ်မှုဟာ စုစုပေါင်း ၁၅ မိနစ်ကြာနိုင်တယ်။ ပုံမှန် စမ်းသပ်မှုလုပ်နေပါ။ စမ်းတာများလာလေ ကိုယ့်ရင်သားအကြောင်း ကိုယ့်မျက်စိနဲ့ လက်က ပိုသိသိလာမယ်။ လစဉ်ရာသီလာရက်ပြီး ရက်တွေကြာချိန်က ရင်သားတင်းဖေါင်းလာချိန်ဖြစ်လို့ အဲလိုရက်မှာ ပိုစမ်းသင့်တယ်။ သွေးဆုံးသူတွေဆိုရင် လဆန်း လကုန်ရက် မှတ်ထားပြီး စမ်းသပ်သင့်တယ်။
လိုအပ်လာရင် မင်မိုဂရမ်နဲ့ အတည်ပြုချက်ယူရပါမယ်။ အကျိတ်အခဲစမ်းတွေ့တိုင်းလည်း ပူပန်မှုမထားပါနဲ့ဦး။ ယူအက်စ်အေမှာ ရင်သားအသားစထုတ်ယူစစ်ဆေးတာတွေရဲ့ ၂၀% ဟာ ကင်ဆာမဟုတ်ကြပါ။
ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၉

Comments
Post a Comment