အသက်တမျှ

မောင်စိန်ဝင်း (ပုတီးကုန်း) ရေးသားတဲ့ကဗျာကို တင်ထားတာတွေ့ပါတယ်။

ဥယျာဉ်မှူး

မခူးရက်ပါ့
ဆူးချက်ကို ကြောက်လို့မဟုတ်။

မဆင်ရက်ပါ့
ပင်ထက်ကို မမီလို့မဟုတ်။

မနမ်းရက်ပါ့
အလှမ်းခက်မှာ စိုးလို့မဟုတ်။

ခူးချင်ဆင်ချင်၊ ယုယချင်မင့်
သခင့်အတွက်၊ ပင့်သက်ဟာ "ကဗျာ"
"ကာရန်" ဟာ အိပ်မက်ပေမို့
ရက်လမှ နှစ်တွေပြောင်း
သြော့့် အသက်တမျှ ချစ်နေကြောင်းကို
ရေးလောင်းပေါင်းသင် ပြုပြင်ဖူးပါတဲ့
ဥယျာဉ်မှုးလို ကျွနု်ပ်။ ။

အသက်တမျှကို မှန်အောင်ရေးကြသေးလားလို့ သိချင်တာနဲ့ ဂူဂယ်လ်ကနေရှာတယ်။ သုံးခုတည်းသာ နမူနာတင်ပါမယ်။

၁။ အသက်တစ်မျှ ချစ်ရသူ | Facebook

၂။ အသက်တစ်မျှ.....သူ | ပြေတီဦး မိုးဟေ...

၃။ လတ်တလော ပြန့်နှံ့နေတဲ့ အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့်က Personal ကိစ္စမျိုးအတွက် အသက်တစ်မျှ အရေးကြီးတဲ့ အခွေကိုတော့ အထိခိုက်မခံဘူးလို့ ပြောဆိုခဲ့ပါတယ်။

တစ်ကို အသက်လောက်ချစ်ကြသူတွေ မနည်းပါတကား။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး