Posts

Showing posts from June, 2020

ART medicines price ဆေးဈေး

Image
HIV အတွက် ART ဆေးကို တချို့နေရာတွေမှာ အခမဲ့ပေးပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက HIV ဆေးတွေကို ပြိုင်ဆိုင်ထုတ်လုပ်လာခဲ့တယ်။ ကင့်ပန်းလုပ်သူတွေကနေ အစိုးရနဲ့ ဆေးကုမ္ပဏီတွေအပေါ် ဆေးနာမည်ရင်းအတိုင်း ထုတ်ဖို့နဲ့ ဈေးနှုန်းသက်သာဖို့ရာ ဖိအားတွေပေးနေကြတယ်။ အဲဒီကျေးဇူးနဲ့ အခုနေအခါ မချမ်းသာတဲ့တိုင်းပြည်တွေက လူနာတွေပါ လက်လှမ်းမီလာကြပါတယ်။ လူနာပေါင်း ၈ သန်းလောက်က ART ဆေးလိုနေကြတယ်။ တိုးတက်မှု သိသိသာသာရှိလာတာမှန်ပေမယ့် လိုအပ်ချက်တွေကများနေဆဲဖြစ်တယ်။ ပိုပြီးထိရောက်တဲ့ဆေးကို ချမ်းသာတဲ့နိုင်ငံတွေမှာပဲ လက်လှမ်းမီနေတယ်။ ၁၉၉၆ ခုနှစ်မှာ HAART ခေါ်တာကိုသုံးခဲ့တယ်။ AIDS ဖြစ်လာမှာကို နှေးစေတယ်။ အဲတာကို ချမ်းသာတဲ့နေရာတွေမှာသာရနိုင်ခဲ့တယ်။ နောက် ၄ နှစ်နေတော့ အဲဒီနေရာတွေမှာ ၈၄% ကျဆင်းသွားခဲ့တယ်။ လူတယောက်စာ ဒေါ်လာ ၁ဝဝဝဝ ကနေ ၁၅ဝဝဝ ကုန်ကျတယ်။ HAART ပေါ်ပြီးနောက် ၅ နှစ်နေတော့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေရဲ့ ၂% မှာဆေးရလာတယ်။ ၂ဝဝ၁ မှာ အိန္ဒိယဆေးကုမဏီ Cipla ကနေ ဈေးချိုတာကို ဒေါ်လာ ၃၅ဝ နဲ့ ထုတ်ပေးနိုင်လာပါတယ်။ ဈေးပြိုင်ဆိုင်မှုတွေ ဖြစ်လာတယ်။ Clinton Foundation ကလင်တန်ဖေါင်ဒေးရှင်းနဲ့ ဆင်းရဲတဲ့ တိုင်းပြည်တချို့က အစိုးရတွေကနေ လ

Happy Doctor's Day ဆရာဝန်များနေ့

Image
ဆရာဝန်ကျွန်တော် ဒေါက်တာ့စ်ဒေးကို သတိမထားမိပါ။ ဇူလိုင်လ (၁) ရက်နေ့ဟာ ဆရာဝန်များနေ့ဖြစ်တယ်။ နိုင်ငံတိုင်းမှာတော့ မဟုတ်ပါ။ အိန္ဒိယမှာက ဒီနေ့ဖြစ်ပါတယ်။ အမေရိကားမှာတော့ ဆရာဝန်နေ့ကို မတ်လ (၃ဝ) ရက်ကို သတ်မှတ်ဘို့ သမတ ဂျော့ခ်ျ ဘွတ် လက်ထက်က ဥပဒေနဲ့ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၃ ကစပြီး ကျင်းပကြတယ်။ ကျူးဘားမှာ ဒီဇင်္ဘာ (၃) ရက်။ အီရန်မှာ သြဂုတ် (၂၃) ရက်။ ဗီယက်နမ်မှာ ဖေဖေါ်ဝါရီ (၂၇) ရက်။ ကျွန်တော်တို့တိုင်းပြည်မှာ ဆရာဝန်ဖမ်းတဲ့နေ့လို့ ရှိခဲ့ဖူးတယ်။ ၁၉၉၀ ခုနှစ်မှာ။ ကျွန်တော့်မှာ ဆရာဝန်ဆိုင်းဘုတ် မရှိတော့ပါ။ နားကြပ်လေးလည်း အနားပေးထားရတာကြာပြီ။ မြန်မာပြည်မှာ ဆရာဝန်တွေ ဟက်ပီးနိုင်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၁-၇-၂၀၁၈ ၁-၇-၂၀၂၀

မြန်မာ့မျက်ပွင့်

Image
လူငယ်တဦးက ဆရာ ကျွန်တော် ဗမာစာကို နိုင်နိုင်နင်းနင်း ရေးတတ်ချင်တယ်လို့ ပြောတဲ့အခါ ဆရာဇေယျက အကြံပေးပါသတဲ့။ မြန်မာစာတွေ နာနာဖတ်ပေးပေါ့။ လောကီရော လောကုတ္တရာရောပေါ့ကွာ။ လောကီဆိုတာကတော့ ပျို့၊ ကဗျာ၊ ရာဇဝင်တွေပေါ့။ လောကုတ္တရာဆိုတာကတော့ ဘုရားတရားနဲ့ စပ်တဲ့စာတွေပေါ့။ မင်းတို့အင်္ဂလိပ်စာအရေးအသားမှာ ခရစ်ယာန်သမ္မာကျမ်းကြီးကလာတဲ့ ဥပမာ ဥပမေယျ သဘောသကန်တွေ၊ ဂရိတ်ဘာသာ၊ လက်တင်ဘာသာ၊ ပြင်သစ်ဘာသာတွေမှာပါတဲ့ စကားအသုံးအနှုန်းများ ပါဝင်သလို တို့မြန်မာ အစဉ်အလာ အတွေးအခေါ် အရေးအသားမှာလည်း ပါဠိဘာသာမှာပါတဲ့ အတွေးအခေါ် ဥပမာ ဥပမေယျတွေ၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ စသည်တို့မှာပါတဲ့ အခေါ်အဝေါ်တွေ၊ ကဗျာ လင်္ကာ ရာဇဝင်မှာပါတဲ့ စကားလှ၊ စကားချော၊ စကားလုံး ပြောင်ပြောင်တွေ၊ ပေါရာဏခေါ်တဲ့ ရှေးစကားဟောင်းတွေ၊ ပေါရာဏမဟုတ်ပေမယ့် ခုခေတ်မှာ အသုံးနည်းတဲ့ ဒေသန္တရဝေါဟာရတွေ ပါနေတယ်။ ဒါကို ကျွမ်းကျင်မှ ပိုင်ပိုင်နိုင်နိုင်ရှိတယ်။ ဇေယျဆိုတာ မြန်မာ့မျက်ပွင့်ကို ရေးတဲ့ ပညာရှင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆယ်တန်းသင်နေချိန်က စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ်ဖြစ်ပါတယ်။ မြန်မာ့မျက်ပွင့်ထဲမှာ - အကြောင်းအရာတခုကိုမူတည်၍ မဂ္ဂဇင်း သတင်းစာတို့တွင်

ပက်သက်မဟုတ် ပတ်သက်လို့ရေးရ

Image
၁။ ဆရာရှင့် သမီးအသက် ၃၅ နှစ်ပါ အကြောရောင်ရောဂါနဲ့ပက်သက်ပြီးမေးမြန်းချင်လို့ပါ (ပတ်သက်လို့ရေးရ) ၂။ ဆရာရှင့် ဆံပင်ဆိုးဆေးနဲ့ဓာတ်မတည့်လို့ဖြစ်တဲ့ အနာတွေနဲ့ပက်သက်တဲ့ ကုသနည်းရေးထားတာရှိလား သိချင်လို့ပါ (ပတ်သက်လို့ ရေးသင့်။) ၃။ ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။ (အအေးပတ်လို့ ရေးရ။) ၄။ ဆရာ ပက်သက်၊ ပတ်သတ် ဘယ်ဟာက အမှန်ဖြစ်ပါလည်းခင်ဗျာ (ပတ်သက်လို့သာရေးရ။) ၅။ ဆရာ ဘယ်လိုစမ်းသက်မှုမျိုး လုပ်ရပါလည်ဆရာ။ (စမ်းသပ်လို့သာ ရေးရ။) ၆။ ဆရာရှင့် ကျမ အသက် ၃၆ နှစ်ပါရှင့်၊ သား နှစ်ယောက်ရှိပါတယ် အငယ်လေးက ၁၀ ထဲမှာပါ၊ ဗိုက်ခွဲပြီးမွေးထားတာပါ၊ ပလပ်လန် အိပ်ပြီးနည်းနည်းကြာရင် ဘေးစောင်းဖို့ခက်ပါတယ် (ပက်လက်လန်လို့ ရေးရတယ်။) ပက် ပက္ခဒိန် (ပြက္ခဒိန်) ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်) ပက်ကား = ညွှန်အိုင် ပက်ကျိ ပက်ခွန့် (လှေ) ပက်စက်သည် ပက်ပင်းတိုးသည်း ပက်ပည် = ရင်ဆိုင်တည့်တည့် ပက်ဖျန်းသည် ပက်ပြဲ ပက်လက်လန် မှောက်ခုံပက်လက် ပတ် ခုနစ်ရက်တပတ် တနှစ်ပတ်လုံး ပတ္တကျည်ပင် ပတ္တပိုဏ်ဓူတင် ပတ္တမြား ပတ္တလား ပတ္တာ (တံခါး) ပတ္တာခံ ပတ္တာမြေ ပတ္တူစ ပတ္ထနာဆုတောင်း ပတ်ကုံးဝန်းကျင် ပတ်ချွဲနပ်ခ

တစ် အသုံးမှန်များ

Image
တစ်ကို ဘယ်နေရာတွေမှာ အဓိကသုံးနှုန်းပါလဲဆရာ အခါ တရာလောက်တော့ တင်ပြထားတယ်။ ဆင်ပြောင်ကြီး အမြီးမှတစ်၊ တစ်၊ နှစ်၊ သုံး၊ တစ်ငှက်၊ တစ်ဆို့၊ တစ်တစ်ခွခွ၊ တစ်တစ်ရစ်ရစ်၊ တစ်တရားခံ၊ တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊ တစ်ရှူး (ဆဲလ် အစုအဝေး)၊ တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊ တစ်လစ်၊ တစ်နှစ် စာကိုချစ် တစ္ဆေမှင်စာ၊ ပြူတစ်၊ ရင်ထဲမှာတော့ တစ်ဆို့ဆို့၊ သားငါး တုံးတစ်သည်၊ သားတစ် ငါးတစ်၊ အဆင့်တစ်ရသည်။ ဒေါက်တာတင့်ဆွေ

July ဇူလိုင်လ

Image
၂၀၂၀ ဇူလိုင်လဟာ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ပဌမဝါဆိုလဆန်း (၁၂) ရက်ကနေ ဒုတိယဝါဆိုလဆန်း (၁၂) ရက်နေ့အထိ ကျရောက်တယ်။ ဇူလိုင်လမှာ မုတ်သုန်ဥတုရှိရာဒေသတွေမှာ မုတ်သုန်မိုး ဖြိုင်ဖြိုင်ရွာတယ်။ ဇူလိုင်ဆိုတဲ့နာမည်ကို ဂျူလီယက်ဆီဇာကို သူ့မွေးလဖြစ်လို့ ရောမဆီးနိတ်ကနေ ဂုဏ်ပြုမှည့်ခေါ်ခဲ့တယ်။ အရင်ကတော့ Quintilis ကွင်တီလစ်လို့ခေါ်တယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ အပူအိုက်ဆုံးလနဲ့၊ တောင်ခြမ်းမှာ အအေးဆုံးလ ဖြစ်တယ်။ ဇူလိုင်လ နိုင်ငံတကာအထိမ်းအမှတ်နေ့များ ဇူလိုင် ၁ ရက် = ဆရာဝန်များနေ့ (အိန္ဒိယ)၊ လွတ်လပ်ရေးနေ့ (ဆိုမာလီ)၊ ကနေဒါနေ့၊ ဇူလိုင် ၃ ရက် = လွတ်လပ်ရေးနေ့ (ဘဲလားရုစ်)၊ ဇူလိုင် ၄ ရက် = ၁၇၇၆ လွတ်လပ်ရေးနေ့ (ယူအက်စ်) ဇူလိုင် ၅ ရက် = နိုင်ငံတကာသမဝါယမနေ့၊ ရေတပ်မတော်နေ့ (ယူကရိန်း)၊ လူငယ်များနေ့ (စင်္ကာပူ)။ လွတ်လပ်ရေးနေ့ (အယ်လ်ဂျီးရီးယား)၊ (ကိပ်ဗာဒီ)၊ (ဗင်နီဇွဲလား)၊ ဇူလိုင် ၆ ရက် = အမေနေ့ (တောင်ပိုင်းဆူဒန်) ဇူလိုင် ၉ ရက် = အမျိုးသားသစ်ပင်နေ့ (မက်ဆီကို) ဇူလိုင် ၉ ရက် = လွတ်လပ်ရေးနေ့ (၁၈၁၆ အာဂျင်တီးနား၊ တောင်ဆူဒန်)၊ ဇူလိုင် ၁ဝ ရက် = လွတ်လပ်ရေးနေ့ (ဘဟားမား) ဇူလိုင် ၁၁ ရက် = ကမ္ဘာ့လူဦးရေနေ့ ဇူလိုင် ၁၂ ရက် = အဖေနေ

စီးမြင်းဆွဲလာသည်

Image
ဖျက်မြင်းကို ဖြတ်မျဉ်းလို့ စာလုံးပေါင်းထားတာ အခုဘဲ တယောက်ရေးထားတာတွေ့လို့ မနေနိုင်မထိုင်နိုင် ပြောခဲ့တယ်ဆရာ ဟုတ်။ မြန်မာစာသတ်ပုံမှန်စေရေး စည်းမျဉ်းဆွဲသင့်ဟု တင်ပြရာ စီးမြင်းဆွဲလာသည်။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂၀၂၀

First Do No Harm ဒုက္ခမရောက်ပါစေနှင့်

Image
ဆရာဝန်ဖြစ်လာသူတိုင်းက ဟစ်ပိုခရေးတီးစ်ပဋိညာဉ်ကို ရွတ်ဆိုပြီး လိုက်နာစောင့်ထိန်းပါမယ်လို့ ဂတိပြုကြရတယ်။ ကျွန်တော်လို အဝေးရောက်ဘွဲ့ယူသူတွေကလည်း ပါးစပ်က မဆိုပေမဲ့ လိုက်နာစောင့်ထိန်းကြရပါတယ်။ Hippocratic Oath ဟစ်ပိုခရေးတီးစ် ပဋိညာဉ် ကျွန်ုပ်၏ ဆေးပညာသည် လူတို့၏ အကျိုးစီးပွါးအတွက် အသုံးချပါမည်ကို ကတိပေးပါသည်။ လူနာသည် ပဌမ ဦးစားပေး ဖြစ်သည်။ သူတို့ပြောသည်ကို နားထောင်၍ တတ်စွမ်းသရွေ့ စောင့်ရှောက်ပါမည်။ ရိုးသားသော ကရုဏာဖြင့် လေးစားခြင်းကို ရယူပါမည်။ မည်သူ့ကိုမဆို အရေးပေါ် ကျန်မာရေး လိုအပ်ချက် ရှိလာလျှင် အကောင်းဆုံး အကူအညီပေးပါမည်။ လိုအပ်ချက် မပြည့်စုံကြသော ရောဂါဝေဒနာ ရလွယ်ကြသူများ အပါအဝင် လူနာတို့၏ အခွင့်အရေးကို မည်သည့် အခါမဆို လေးစားပါမည်။ ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ ဆုံးဖြတ်အား နိုင်ငံရေး၊ လူမှုရေးတို့၏ သက်ရောက်မှုများမှ ကင်းပလျှက် အတတ်နိုင်ဆုံး လွတ်လပ်စွာ ချမှတ်ပါမည်။ လူနာအတွက် ထမ်းရွက်မှုအပေါ်မှာ အမြတ်ထုတ်ခြင်း၊ ရာထူး တိုးခြင်းတို့ အတွက် လုပ်ဆောင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် လူ့အသက်၏ အထူးအရေးပါမှုကို သိရှိပါသည်။ သို့တစေ အသက်ဆက်လက် ရှင်သန်ရေးဆိုသည် ကျန်းမာရေး စောင့်ရှောက်ခြင်း၏ တခုတည်းသော ရည်ရ

The Ancient World ရှေးတုန်းက ကမ္ဘာပေါ်မှာ

Image
ဆရာ မင်္ဂလာပါ။ ကမ္ဘာမှာ လူဆိုတာ ဆီးရီးယားဒေသက စတယ်လို့ သမိုင်းစာအုပ်တွေမှာ ဖတ်ဖူးတယ်။ တချို့က ရုရှား ကော့ကေးဆပ်ဒေသက စတယ်လို့လဲ ပြောကြတယ်။ အဆီးရီးယား အင်ပါယာဟာ ကမ္ဘာ့ အစောဆုံး အင်ပါယာ ဟုတ်ပါသလား။ ဘီစီ ဘယ်ရာစုလောက်မှာ ဖြစ်တယ်ဆိုတယ်ဆိုတာ ပြောပြပေးပါဆရာ။ အာရီယန်၊ ဩစတြိလွိုက်၊ နီဂရိုးလွိုက်၊ မွန်ဂိုလွိုက်လူမျိုးတွေထဲမှာ ဘယ်လူမျိုးတွေက အစောဆုံးလဲဆိုတာ သိချင်လို့ပါဆရာ။ မေးခွန်းက ရောထွေးနေတယ်။ အစောဆုံးလူသားကတမျိုး၊ ယဉ်ကျေးမှုကြီးတွေကတမျိုး၊ လူသားတွေ နေထိုင်ခဲ့ကြတာကတမျိုးနဲ့  လူသား မျိုးနွယ်တွေကတမျိုး။ သမိုင်းကလည်းတမျိုး ရှိသေးတယ်။ (က) Ancient Humans အစောဆုံးလူသားတွေ့ရှိချက်များ၏လေ့လာမှုတွေလုပ်နေတယ်။ အသစ်တွေရှိချက်တွေရှိလာတယ်။ တွေ့ရှိချက်တခုက အစောဆုံးလူသားကို ဂျော်ဂျီယာနိုင်ငံ Dmanisi ဂူထဲမှာ လွန်ခဲ့တဲ့ နှစ် 1.85 သန်းကလို့ဆိုပါတယ်။ အသစ်တွေ့ရှိချက်တခုက တရုပ်ပြည် Shangchen ဒေသမှာ လွန်ခဲ့တဲ့ နှစ် 2.1 သန်းကတွေ့တယ်လို့ဆိုပါတယ်။ (ခ) The Ancient World Timeline ရှေးခေတ်ကမ္ဘာ့ယဉ်ကျေးမှုကြီးများ BC 3500-550 Mesopotamian civilization မက်ဆိုပိုတေးမီးယားယဉ်ကျေးမှု BC 3000-550 Egyptian civilization အီဂျစ်ယဥ

ပန်းပင်

Image
အမည် မသိ။ ဆန်းလှပါဘိ။ အထက်မှာ ပြာလဲ့လဲ့ ပန်းခရန်းရောင် အပွင့်၊ အောက်ခြေမှာ ဖြူဖြူဖွေးဖွေး ခပ်သေးသေး အပွင့်။ နီစွေးစွေး အဖူးလေးက ထွက်နေသေး။ အရွက်တွေကလည်း အမျိုးမတူတာတွေနဲ့။ အမည်က လှသည် မဟုတ်။ အမြင်သည် လှ၏။ အမည်က ဆန်းသည်မဟုတ်။ အသွင်က ဆန်း၏။ ပန်းဖြစ်ပါ၏။ ဝေါဟာရနိုင်ငံရေး၊ စကားလုံးနိုင်ငံရေး၊ အရောင်အသွေးနိုင်ငံရေးမှသည် ပန်းကို ပန်းလိုမြင်တဲ့နိုင်ငံရေး ဖြစ်လာပါစေသတည်း။ ပန်းလို လှကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂၀၂၀

အဖေနဲ့အမေ

Image
ကနေဒါမှာနေတဲ့ ပြည်ပနိုင်ငံရေးထဲက လုပ်ဘော်ကိုင်ဘက်တဦးက ဖုန်းဆက်တယ်။ ဆရာ့အဖေနဲ့အမေပုံကို အမှတ်မထင် တွေ့သတဲ့။ ဟင်္သာတမှာနေတဲ့ သူ့အသိတယောက်က သီချင်းနောက်ခံမှာ သုံးထားတာတဲ့။ ကျွန်တော် တခါကတင်ခဲ့တဲ့ ကျွန်တော့်အဖေနဲ့အနေပုံကို မိဘကို ကိုယ်စားပြုတဲ့ သင်္ကေတ အဖြစ်မြင်လို့ သီချင်းတင်သူက သုံးပါသတဲ့။ မိဘသည် မိဘဖြစ်၏။ သတင်းပို့ပေးတဲ့သူက ကိုးကွယ်ရာဘာသာတမျိုး။ သီချင်းတင်သူ Aung Zin မောင်ဂဠုန်ကလည်း ကိုးကွယ်ရာ ဘာသာတမျိုး။ ကျွန်တော့် အဖေအမေနဲ့ ကျွန်တော်တို့က ကိုးကွယ်ရာဘာသာတမျိုး။ မိဘသည် မိဘဖြစ်၏။ မိဘရှိသူတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂၀၂၀

တသွေးတသံတမိန့် ရေးနည်း

Image
အရေအတွက်ဆို တစ် က အမှန်ဆိုဆရာ ဟုတ်ပါသလား ဆရာတယောက်ကိုမေးကြည့်လိုက်တာ ရေတွက်လို့ရတာကို တစ်ဆိုတာ ထွင်လုံးသာဖြစ်တယ်။ ကျွန်တော့်မြန်မာစာဆရာ ဆရာမတွေကတော့ အဲလို မသင်ပါ။ မသင်ပါကြောင်းလည်း အကြိမ်ပေါင်းများစွာရေး၊ သက်သေပေါင်းများစွာပေးထားပြီးပါပြီ။ မြန်မာစာမှာ ဖေါ်မြူလာ ခေါ် ပုံသေနည်းနဲ့ သင်ပေးရေးသား ဟောပြောနေတာတွေတိုင်းဟာ နေရာတိုင်းမှာ အသုံးကျတာ မဟုတ်ပါ။ (၁) မ နောက် ဘဲ လိုက်။ မြန်မာအဘိဓာန်မှာ - ပဲ ၁။ (အပြော) ရည်ညွန်းသောပုဒ်ကို လေးနက်စေသော စကားလုံး၊ (လူပဲ)၊ (နတ်ပဲ)၊ ၂။ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌သုံးသည်။ စားရုံပဲ စားသည်။ ဘဲ = ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသည်။ မသွားဘဲ၊ မလာဘဲ။ ကဝိဓဇသတ်ပုံကျမ်း ပဲ (ပဲး) = ပဲကြီးဟင်း၊ ပဲကြော်၊ ပဲလှော်၊ ပဲစဉ်းခုန်၊ ပဲချဉ်ပေါင်၊ ပဲစောင်းလျှား၊ ပဲပိစပ်၊ ပဲတီချဉ်၊ ပဲလင်းမြွေသီး၊ ပဲပုစွန်၊ စားတော်ပဲ၊ ဗိုလ်စားပဲ၊ မြေပဲ၊ ပဲစိမ်းစားဥ၊ ဝမ်းပဲငှက်၊ တပဲလေးရွေး၊ မပြောပဲ၊ မဆိုပဲ၊ မလာပဲ၊ မလုပ်ပဲ၊ ဘဲ (ဘဲး) = ဘဲဥ၊ ဘဲသား၊ ဘဲငန်း၊ ဝမ်းဘဲဟင်္သာ၊ မသွားဘဲ၊ မလာဘဲ၊ မလုပ်မကိုင်ဘဲ၊ မခေါ်ဘဲ၊ သနခါးဘဲကျားရိုက်၊ (၂) ခင်ငူဂေါဒေါပုံဝ။ ပဲခူးရွှေမော်ဓေါစေတီက ကျောက်စာနဲ့ ဆိုင်းဘုတ

မည်း မဲ နက်

Image
အမဲရောင်နဲ့ အမည်းရောင် ဘယ်ဟာအမှန်ပါလဲခင်ဗျ မဲ မဲခိုးသည် မဲချသည် မဲဇလီပင် မဲဇာမြစ် မဲဇာတောင်ခြေ မဲတင်းသည် မဲကြိုး မဲနယ် မဲမဲသဲသဲ မဲပြား မဲပြာပင် မဲရဉ်းပင် မဲလိပ် မဲလိမ်သည် မဲဝယ်သည် မဲတောင်းသည် မဲပေးသည် မဲပေါက်သည် သဲသဲမဲမဲ အမဲသားငါး အမဲဟင်းလျာ အမဲခြောက် အောက်မဲညိုပင် မည်း ခမည်းခမက် ခမည်းတော် ခမည်းပေးသည် တလမည်း (ရာဇာဓိရာဇ်၏သမီးတော်) နက်မည်း မည်းချိပ်ချိပ် မည်းနက် မည်းပုပ် မည်းကြုတ် မည်းကျော မည်းနှမ်း မှိုင်းမည်းမည်း မျက်နှာမည်း ရမည်းသင်းမြို့ စောမည်း (မင်းကြီးစွာစော်ကဲ၏ငယ်ကျွန်တော်) တောကြီးမျက်မည်း နက် အနက်ရောင်။ နက်ကျော။ နက်ကြုတ်။ နက်ချိပ်။ အသားနက်သည်။ နက်ဖြန်ခါ။ နက်ရှိုင်း။ နက်ဝှမ်း။ နက်နဲခက်ခဲလှသည်။ အဓိပ္ပါယ်အတိမ်အနက်။ နက္ခတ်တာရာ။ နဲ့ နုန့်နဲ့သည်။ သွားနဲ့သည်။ သည်အဝတ်အစားနဲ့ လှသည်။ လှုပ်တိုင်းနဲ့သည်။ ထော့နဲ့ထော့နဲ့ သွားနေသည်။ ချည့်နဲ့နဲ့သာ ကျန်တော့သည်။ နှဲ့၍ နဲ့။ နင့်နင့်သီးသီး။ သူနဲ့သာဆိုရင် အရင်အစိုးရတွေလက်လက်ထက်မှာ မဲခိုးသတင်းတွေ ထွက်ခဲ့တယ်။ မေးခွန်းတွေမှာ သမီးကောင်လေးနက် ဘာညာလို့ ရေးကြတယ်။ အောက်မဲညိုကို အောင်မဲညိုဆို

ဘိတ်ကြား နှင့် ဖိတ်ကြား

Image
၁။ ဖိတ်ကြား လား ဘိတ်ကြား လား ဆရာ နောက်ပိုင်းမှာတော့ ဖိတ်ကြား ပဲ တွေ့နေရလို့ပါ ၂။ ဖိတ်စာလား ဘိတ်စာလားဆရာ ၃။ ဆရာရေ ဖိတ်ကြားစာ နဲ့ ဘိတ်ကြားစာ ဘယ်ဟာမှန်လဲအလင်းပြပေးပါအုံးခင်ဗျာ နောက်ပေါ်သတ်ပုံစာအုပ် ဖိတ်ကြား ကဝိဓဇသတ်ပုံကျမ်း ဘိတ် ဘိတ်ကြား ပင့်ဘိတ် ဖိတ်စာ ပင့်ဖိတ် ဖိတ်ပန်သည် ဆွမ်းဖိတ်သည် ဖိတ်ဖေါ်သည် ဖိတ်ကြားသည် ဘိတ်ခေါ် ဘိတ်မန်သက ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း ဘိတ် = ဖိတ် (မွန်) ဖိတ် = ဖိတ်ကြားသည်၊ ပင့်ဖိတ်သည်။ ဖ ဦးထုပ်နှင့်ရေးသည်က ပိုမိုခိုင်လုံချေသည်။ ကျွန်တော့်အမြင် နှစ်မျိုးလုံး သုံးနိုင်တယ်။ ဒေါက်တာတင့်ဆွေ

ရေး မြိတ် ထားဝယ် သို့မဟုတ် ယေး ဗိတ် ဓါးဝယ်

Image
၁။ ဘိတ်ငါးပိ တော့ မှန်လားဗျ။ ၂။ ဘိတ်မြို့နှင့်မြိတ်မြို့ ကဝိဓဇသတ်ပုံကျမ်း = ယေး ဗိတ် ဓါးဝယ် ဘိတ်ကလာတဲ့ ငံပြာရည်ဆိုတာ နာမည်ရ ရုပ်ရှင်ဒါရိုက်တာတဦး ဖြစ်တယ်။ ၁၉၉၂ မှာကွယ်လွန်တယ်။ ဖေ့စ်ဘွတ်မှာ ဘိတ်သူအမည်နဲ့ အကောင့်တွေတွေ့တယ်။ ဘိတ်ထားဝယ်ခရိုင်အသုံးလည်းရှိတယ်။ ဘိတ်ထားဝယ်ညီညွတ်ရေးတပ်ဦးအဖွဲ့ရှိတယ်။ ဘိတ်ငပိထောင်း ကောင်းတယ်။ ငပိ နဲ့ ငါးပိက မူကွဲသတ်ပုံ။ အမျိုးအစားကောင်းရင် ငပိရေးရေး ငါးပိရေးရေး စားကောင်းတယ်။ တမြန်နေ့က မေးခွန်းမေးသူတယောက်က မြိတ်ကို လာလည်ပါလို့ ဖိတယ်။ ကျေးဇူး။ ထားဝဝ်သာ တာဝန်နဲ့ တပတ်တိတိ နေခဲ့ဖူးတယ်။ မြတ် ခေါ် ဘိတ်ကို မရောက်ဖူးသေးပါ။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂၀၂၀

တတ် နှင့် တက် သို့မဟုတ် မြန်မာစာမှန်အောင်ရေးတတ်သူ နည်းသွားပြီ

Image
1. The Money Drop Myanmar ရဲ့ အစီအစဉ်တခုမှာ TV ကနေကြည့်တာ အဖြေလေးခုပေးပြီး တခုရွေးရတာဆရာ။ ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က computer operator ပဲ မှားဖြေသလား မသိပါ။ သူတို့က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့ တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။ ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။ (မတ်တတ်ရပ်က အမှန်။) 2. ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။ (ဖြစ်သွားတတ်သည် လို့ ရေးရတယ်။) 3. ဆရာ (တက်) နဲ့ (တတ်) ကဘယ်နေရာမှာ ဘယ်ဟာကိုသုံးသလဲ ကွဲကွဲပြားပြားမသိလို့ပါဆရာ။ တခါက ဆရာမတယောက် ပြောဖူးတယ် အမြင့်ကို တက်တာကလွဲလို့ကျန်တဲ့ တတ်ကိုပဲ သုံးတယ်ဆို ဟုတ်ပါသလားဆရာ။ 4. ဆရာ တခုလောက်မေးပါရစေ။ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။) 5. ဆရာ မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။ (မတ်တတ်ရပ်က အမှန်။) 6. ဆရာ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။) 7. ဆရာ အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊ ကက်လား၊ ခဏခဏမှားလို့။ (အတတ်နိုင်ဆုံး၊ မတတ်တာက အမ

ရွှေတချောင်း ကံကောင်းပါစေ

Image
သတ်ပုံမှန်သေးသည်။ မြန်မာစာဆင်ဆာလူကြီးတွေက မတွေ့ကြသေးလို့ ကံကောင်းပါသည်။ အသေအချာ ရွှေတချောင်းလို့တင်ပြတာကို ကွန်မင့်တခုက လာတယ်။ ရွှေတစ်ချောင်း တဲ့။ အဲတာ မှားတယ်။ မမှန်။ လျှာရှည်တာ။ ဒို့မြန်မာလူမျိုးအတွက်ရေးသည် (စာတပုဒ် ရွှေချောင်းတချောင်း) အပိုင်း (၁၇/၂၈) - လယ်တီဆရာတော် ဘုရားကြီး https://www.youtube.com/watch?v=ZJ28VEhrogs ရွှေတချောင်း ကံကောင်းပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၈-၆-၂၀၂၀

မြန်မာ့ရာဇဝင်

Image
ကွန်မင့်တခုရတယ်။ ဒီနေရာမှာ ကျနော်စဉ်းစားမိတာတခုရှိပါတယ်ဆရာ။ (ဂျူးလိယက်ဆီဇာနဲ့တော့ တိုက်ရိုက်မဆိုင်ပါ) ဥရောပမှာ၊ အီဂျစ်မှာ၊ တရုတ်နိင်ငံမှာ အိန္ဒိယမှာ သူတို့ရဲ့သမိုင်းကို BC 1000-2000 ကျော်ကစပြီး မှတ်တမ်းရှိကြတယ်။ BC 4000က အီဂျစ်မှာ ဘယ်ဘုရင် BC ၁၀၀၀ က တရုတ်က ဘယ်မင်းဆက်ဆိုပြီးတော့ အထောက်အထားတွေ ရှိကြတာ တွေ့ရပါတယ်ဆရာ၊ စာတွေမှာလဲဖတ်ရပါတယ်။ ကျနော်တို့ မြန်မာပြည်ကျတော့ ဘယ်လိုကြောင့် AD 1044 အနော်ရထာ ခေတ်ကျမှပဲ စပြီး သမိုင်းရယ်လို့ သတ်မှတ်နိင်တယ်လို့ ဆိုတာဟာ ဘာကြောင့်များလဲခင်မျာ့။ သူတို့ဆီမှာ BC 2000-1500 လောက်က ဘုရင်တွေ အုပ်ချုပ်နေတဲ့ခေတ်မှာ ကျနော်တို့လက်ရှိမြန်မာနိင်ငံဖြစ်လာမယ့်ဒေသမှာ ဘယ်လိုလူတွေ နေခဲ့တယ်ဆိုတာ ဘာကြောင့်မဖေါ်ထုတ်နိင်သလဲ ဒီက လူတွေသမိုင်းလေ့လာမှုအားနဲလို့လားခင်မျာ့။ မြန်မာ့ရာဇဝင်သမိုင်းတွေကိုလည်း ဟိုရှေးခေတ်ကစပြီး ရေးတာတွေ ရှိပါတယ်။ မြန်မာအစ ဘယ်ကဆိုတာတော့ ငြင်းနေကြဆဲ။ ခိုင်ခိုင်မာမာငြင်းတာ ကောင်းတယ်။ မြန်မာလို အစောဆုံးရေးသားတဲ့ ရာဇဝင်ကျမ်းတွေထဲက ထင်ရှားတဲ့ ဦးကုလား မဟာရာဇဝင်ကြီးမှာ ပဏာမ ပုဗ္ဗကဂန္ထာရမ္ဘကနေ စတင်တယ်။ ဘာသာရေးစာပေ အကိုးအကားတွေ ပါတယ်။ သရေခေတ္တရာခေတ်က တတိယတွဲမှာ ပါ

Acne ဝက်ခြံနဲ့လည်း ကလို့ရတယ်

Image
ဆရာရှင် အသက် ၂၃မိန်းကလေးပါရှင် မေးရိုးမေးစေ့မှာ ဝက်ခြံဘုကြီးတွေထွက်ပီး (ပြီး) အထိမခံနိင်လို့ပါရှင့် ရေလဲသောက်ပါတယ် ဝမ်းတော့ နည်းနည်းချုပ်ပါတယ်ရှင် အဲ့လိုဖြစ်နေတာ ရက် ၂၀လောက်ရှိပါပီ (ပါပြီ) ရှင် အနာတွေက မနက်အိပ်ယာနိး (နိုး) ရင် ချပ်နေပါတယ်ရှင့် ညနေ့ဆို ယားp (မြန်မာစာမှာ အင်္ဂလပ်စာလုံး ပီ မရှိ) ဘုတွေ ထွက်လာပါတယ်ရှင် ဘယ်လိုပျောက်အောင် လုပ်က (လုပ်ရ) ပါမလဲရှင့် Acne Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများ http://doctortintswe.blogspot.com/2014/10/acne-antibiotics.html Acne question ဝက်ခြံမေးခွန်း http://doctortintswe.blogspot.com/2016/06/acne-question.html Acne Scars ဝက်ခြံအမာရွတ် http://doctortintswe.blogspot.com/2014/11/acne-scars.html Acne vulgaris ဆိုးတဲ့ ဝက်ခြံ http://doctortintswe.blogspot.com/2014/10/acne-vulgaris.html Acne ဝက်ခြံ ရောင်စုံ http://doctortintswe.blogspot.com/2014/10/acne.html မြန်မာစာမှာ အင်္ဂလပ်စာလုံး ပီမရှိ။ ဝက်ခြံနဲ့လည်း ကလို့ရတယ်။ မနေ့က ဝက်ခြံမေးသူတယောက်က သတ်ပုံမှန်တယ်။ ဒေါက်တာတင့်ဆွေ ၂၈-၆-၂၀၂၀

ကနေ့လည်း မဖစ် နောက်တယောက်က မေးတယ်

Image
(ကန်တော့) မင်္ဂလာပါဆရာ ကျွန်မအိမ်ထောင်သည်အမျိုးသမီးပါ လက်မောင်းထဲ သုံးနှစ်ခံတားဆေးထဲ့တာ ၅ လပိုင်းက ပြည့်ပါတယ် ပြည့်တဲ့လ ရာသီငါးရက်လောက်လာပါတယ် ၆ လပိုင့်း့ နေဖစ်ပီး (ဖြစ်ပြီး) အရေးပေါ်တားဆေး တပတ်တွင်း ၂ ကြိမ် သောက်မိပါတယ်ဆရာ နဲနဲလေးလာလိုက် မလာတော့လိုက် ဖစ်နေ (ဖြစ်နေ) လို့ပါ ခုဆို လုံးဝမလာတော့ပါဘူး အာ့ ဘာကြောင့်ပါလဲဆရာ ခုလိုမေးရတဲ့အတွက် ကန်တော့ပါ ဆရာ အသက် မသိ။ အရေးပေါ်တားဆေးကနေ ရာသီမမှန် ဟော်မုန်းမမှန်ဖြစ်မယ်။ ဖစ် မဟုတ်။ ဖြစ်လို့ရေးရမယ်။ ဖစ်ဆို မဖစ် ဒေါ်ဖစ်။ မဖစ်သည် ဖစ်လမ်းမှာနေသော ဒေါ်ဖစ်ကြီး၏ သမီးဖြစ်ပါသည်။ ဒေါက်တာတင့်ဆွေ ၂၈-၆-၂၀၂၀

Penorit ဆေး ဘေးထွက်သက်ရောက်မှုများ

Image
(ကန်တော့) ဆရာရှင့် သမီးအသက်က ၂၂နှစ် ရှိပါပြီရှင့် အိမ်ထောင်မရှိ အပျိုမိန်းကလေးပါရှင့် (ကန်တော့ပါရှင့်) အပျိုဖော်စဝင် ကတည်းက အခုချိန်ထိ ရာသီသွေးဆင်းခြင်းက ငါးလ ခြောက်လ နေမှ တကြိမ်ပေါ်ပါတယ်ရှင့် ရာသီသွေးမပေါ်တဲ့ လတွေမှာလည်း နာကျင်ခြင်း ကိုက်ခဲခြင်း ဘယ်လိုဝေဒနာမှ မခံစားရပါဘူး ရှင့် တနှစ်ကိုတခါ OGနဲ့ ပြသပါတယ်ရှင့် အာထွာဆောင်းလည်း ရိုက်ပါတယ်ရှင့် အလုံးအကြိတ်တည်တာလည်း ဘာမှမရှိခဲ့ပါဘူးရှင့် ပြသခဲ့ဖူးတဲ့OG တွေက စိုးရိမ်စရာမရှိပါ အသက် ၂၀ကျော်ရင်ကောင်းသွားပါမယ်လို့ပြောပြီး Penorit ဆိုတဲ့ဆေးကိုသောက်ဖို့ပေးပါတယ်ရှင့် အဲ့ဒီဆေးကို သမီးသောက်လာခဲ့တာ အသက် ၁၇နှစ်ကနေ လွန်ခဲ့တဲ့ ၃လအထိ ပါဘဲရှင့် ဆက်မသောက်ဖြစ်တော့တာက ကိုယ်ဝန်တားဆေးလို့သိရလို့ အမြဲသောက်ရင် သားအိမ်ထိခိုက်မှာ စိုးရိမ်လို့ပါရှင့် အခုထက်ထိပုံမှန်မဖြစ်လို့ ဘယ်လို နေထိုင်ရမယ် ဘာကြောင့်ဖြစ်တယ်ဆိုတာ ဆရာသမီးကိုမျှဝေပေးလို့ရလားရှင့် ကျေးဇူးတင်ပါတယ်ရှင့် Penorit ဆေးဆိုတာဘာလဲ https://doctortintswe.blogspot.com/2018/09/penorit.html Amenorrhea ရာသီမလာခြင်း https://doctortintswe.blogspot.com/2017/12/amenorrhea.html ဟုတ်ကဲ့ဆရာ ရိုက်ဖူးပါတယ်ရှင့် အက

Julius Caesar ဂျူလီယပ်ဆီဇာ

Image
ဂျူးလိယက်ဆီးဇာ ဟာ ရောမလွတ်တော်ထဲကအမတ်တယောက်ဖြစ်ပြီးနောက်စစ်ဘုရင်အဖြစ်ခံယူလိုက်ရာ မည်သူစကားမှ နားမထောင်တောပဲ သူ့၏လူယုံတော် ပလူးစတတ်ကဓါးနဲ့ထိုးသတ်လိုက်ကြောင်းဖတ်ရှုရပါတယ် မှန်ပါသလားဆရာ ကျွန်တော့ဘလော့မှာ ဆီဇာလို့ရိုက်ပြီး ရှာတာ စာ (၆) ပုဒ်ထွက်တာတယ်။ ၁။ BC 600 ဘီစီ ၆၀၀ ကစတဲ့ သမိုင်း https://doctortintswe.blogspot.com/2020/02/bc-600.html ၂။ Brutus ရောမနန်းတော်ကြီးထဲမှာ https://doctortintswe.blogspot.com/2018/12/brutus.html ၃။ Cleopatra ကလီယိုပါထရာ https://doctortintswe.blogspot.com/2018/09/cleopatra.html ၄။ Kirk Douglas ကတ်ဒေါက်ကလပ်စ် ကွယ်လွန် https://doctortintswe.blogspot.com/2020/02/kirk-douglas.html ၅။ The Roman Empire ရောမအင်ပါယာ https://doctortintswe.blogspot.com/2018/11/the-roman-empire.html ၆။ ဆဋ္ဌမတန်း သမိုင်းစာအုပ် https://doctortintswe.blogspot.com/2017/11/blog-post_22.html သမိုင်းသုံးသပ်ချက်တွေကို သမိုင်းဆရာတွေက ရေးသားကြတယ်။ အမြင်မတူတာတွေရှိတယ်။ သမိုင်းဆရာ မဟုတ်သူတွေကလည်း အထင်ကို ရေးကြတယ်။ အမြင်မတူတာတွေ ရှိတယ်။ ဆဋ္ဌမတန်း သမိုင်းစာအုပ်ရေးသားတဲ့ ပါမောက္ခကတော့ သွက်သွက်ခ

ဆန်ဖြူဖြူတခွက်

Image
ကွန်မင့်တခုရတယ်။ ကျနော် ရုံးမှာ အမြဲပြောနေရတယ်ဗျ ဥပမာ တခုခု ကို တစ်ခုခုလို့ဘဲ ရိုက်နေကြလို့ပါဗျ အထောက်အထားပြပြီး သူတို့ကို ပြန်လည်ပြသပေးနိုင်ရန် လမ်းညွှန်ကူပေးပါဦးဗျ ဆရာ ရုံးတွေ ကျောင်းတွေ နေပါစေ။ ဝန်ကြီးတွေကလည်း အဲလိုရေးနေကြတယ်။ ဝန်ကြီးတွေအထက်က မြန်မာစာအဖွဲ့ အမိန့်အရ ရေးနေကြတာ။ မေတ္တာစာနဲ့သာထိုက်တယ်။  ဝတ္ထုနိပါတ် ပိဋကတ်များနှင့် လျှာပြတ်အောင် ဟောသော်လည်း ဟောရင်းသာ ပျံတော်မူရမည် ဆန်ဖြူဖြူတခွက်မျှ ထွက်နိုင်ပုံမရ။ (ဦးပုည မေတ္တာစာ) ဒေါက်တာတင့်ဆွေ ၂၈-၆-၂၀၂၀

မောင်ထင်

Image
ဦးထင်ဖတ် ခေါ် မောင်ထင် (၁၉၀၆-၂၀၀၆) ဟာ အလွန်ထင်ရှားတဲ့ စာရေးဆရာ ပညာရှင်တဦးဖြစ်တယ်။ ၁၉၄၇ က ရေးသားတဲ့ ငဘဝတ္ထုဟာ အကြော်ကြားဆုံးဖြစ်တယ်။ မောင်ထင်ရေးတဲ့စာတွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးတယ်။ အကိုးအကားလိုချင်လို့ ရှာခိုင်းတာ (၅) အုပ်ရလာတယ်။ ကမ္ဘာ့စာပေအညွှန်း လေးအုပ်တွဲ (၁၉၈၁ မူရင်း) စာပေရေးရာဆောင်းပါးများ(၂၀၀၄ ပြန်ထုတ်) ဂန္ထဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု (၁၉၉၁ ပြန်ထုတ်) စာအုပ်နှင့်စာ (၂၀၀၆ ပြန်ထုတ်) ဂန္ထဝင်သံခိပ် (၂၀၁၁ ပြန်ထုတ်) ကမ္ဘာ့စာပေအညွှန်း လေးအုပ်တွဲကလွဲရင် ပြန်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေကို ပြင်ထားတယ်။ ကမ္ဘာ့စာပေအညွှန်း အမှာစာမှာ - အကျွမ်းတဝင် အကျယ်တဝင့် ယထာဘူတကျကျ တစတစနှင့်လို့ရေးပါတယ်။ သည်လိုပုံနဲ့တော့ မြန်မာစာဟာ ယထာဘူတစ်ခေတ်ကို ဦးတည်နေပြီ။ ဒေါက်တာတင့်ဆွေ ၂၇-၆-၂၀၂၀

Penorit ဆေးဆိုတာဘာလဲ

Image
(ကန်တော့) ၁။ age 19 1 လကျော်ပြီထင်တယ် နှစ်ကြောင်းပေါ်လို့ ဆေးဆိုင်ခုကို ပြောတော့ အဲ့တာတွေပေးတယ် ၃ ရက် သောက်ရတယ် မဆင်းလို့ ထပ်သွားတော့ Penorit ၆ လုံး ၃ ရက် ထပ်ပေးတယ် ခုထိ အဆင်မပြေသေးဘူး Online မှာ penorit က ပိတ်ထားတယ်လို့တွေ့ ဘာဆက်လုပ်ရမလဲ ပြောပေးပါ Dr မေးခွန်း မပြည့်စုံ။ 1 လကျော်ပြီထင်တယ်ဆိုတာ ဘာလဲ မသိ။ နှစ်ကြောင်းပေါ်လို့ ဆိုတာ ကိုယ်ဝန်လား စဉ်းစားရ။ ကိုယ်ဝန်ဖျက်နည်း မပေးပါ။ မေးခွန်းပါဆေးအကြောင်း သိလိုရင် ဘလော့မှာ ဖတ်နိုင်။ ၂။ Penorit ဆေးကို ကိုယ်ဝန်ရှိတဲ့အချိန်သောက်ရင် ဘာဖြစ်တတ်ပါသလဲဆရာ။ မေးနည်း ပို့ပြီး။ အသက်-ကျား-မ မသိ။ ဘာဖြစ်နေ မသိ။ ဖြေမရ။ မပြောလိုသူ ဘလော့မှာ ဖတ်နိုင်။ အရင်မေးသူတွေ ကလည်း အချက်အလက်စုံ မပြောကြပါ။ ၃။ ဆရာရှင့် သမီးက Ygn ကပါ။ သမီးတစ်နေ့က penorit ဆေးကို ၁ လုံး မနေ့ကတလုံး သောက်လိုက်ပါတယ်။ သောက်ပြီး ဖျားချင်သလိုဖြစ်နေပါတယ်။ ကိုယ်လည်းနည်းန်မရှိ၊ည်းပူပါတယ်။ လူကအားမရှိသလိုဖြစ်နေပါတယ်။ ခေါင်းလည်းမူးပါတယ်။ အဲဆေး တခါမလည်းမသောက်ဖူးပါဘူး။ အဲဒါဘယ်လိုလုပ်သင့်ပါလဲဆရာရှင့်။ အဲလိုဘဲ ဖြစ်တတ်တာလား။ ကိုယ်ပူလို့အဖျားပျောက်ဆေးတွေ သောက်သင့်လား သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင်

Difficult Questions နားမလည်သော မေးခွန်းများ

Image
၁။ အလင်းပြပေးပါလို့ ရေးတဲ့သူ မနည်းပါ။ မီးပျက်နေသလား စဉ်းစားရတယ်။ အရပ်ဆရာတွေ၊ ဓါတ်ဆရာတွေ၊ မျက်လှည့်ဆရာတွေက သုံးကြတယ်။ စကားထာဝှက်တာမှာလည်း သုံးကြတယ်။ ဆရာဝန်နဲ့ မဆိုင်။ ၂။ ကလေးယူနေတာလို့ ရေးသူလည်း အတော်များတယ်။ အရင်က အဲလိုပြောလေ့ ရေးလေ့ မရှိပါ။ အိမ်ထောင်ကျပြီး တာဆေး တားနည်းမသုံးသူတိုင်း ကိုယ်ဝန် ကလေးရနိုင်တယ်။ ကလေးယူနေတာလို့ ပြောလိုသာ ကလေးရတာ မဟုတ်ပါ။ ၃။ ဖြစ်နေတာကို ဖြစ်တတ်ပါသလား မေးကြတယ်။ နာနေတာကို နာတတ်ပါသလား မေးကြတယ်။ ဘာဖြေရမလဲ မသိ။ ၄။ စိုးရိမ်ရပါသလားလည်း မေးကြတာ နေ့တိုင်း။ အန္တရာယ်ရှိပါသလားလည်း မေးကြတယ်။ ဖြစ်နေတဲ့ရောဂါ ပျောက်ရေး မမေးကြ။ ၅။ ဘာတွေထပ်စစ်ရမလဲ။ ဘန်ကောက်သွားစစ်ရမလား မေးကြတယ်။ ရောဂါအမည်သိထားပြီးသူတွေကနေ အဲလိုမေးရင် ဖြေရခက်တယ်။ ရောဂါပျောက်အောင် မမေးကြပါ။ တချို့က စစ်တာနဲ့ ကုသတာ မှားနေကြတယ်။ ၆။ အာထွာဆောင်းရိုက်တယ်၊ အကုန်ကောင်းပါတယ်၊ အကျိတ်သေးသေးလေးသာတွေ့တယ်တဲ့။ အဲတာ ရောဂါ၊ အကုန်ကောင်းတာ မဟုတ်ပါ။ ၇။ ဘာတွေရှောင်ရမလဲ မေးကြတယ်။ ရောဂါက အစားအသောက်နဲ့ မဆိုင်တာ။ ဆီးချို၊ သွေးတိုး၊ ဂေါက်ရောဂါနဲ့ ကိုလက်စထောများသူတွေက ဘာစားရမလဲ၊ ဘာရှောင်ရမလဲ မေးလေ့မရှိကြ။ ဒေါက်တာတင့်ဆွေ ၂၇

တခွင်

Image
အညာတခွင် တရားဟောထွက်ခဲ့စဉ်က (ညောင်ကန်အေးဆရာတော်) ဘုံလယ်တခွင်ဝယ် (မြသန်း) အညာတခွင် ခရီးနှင်၍ - တင့်ထွန်း (ချောက်) အညာတခွင် တေးရေး ရွှေပြည်အေး တေးဆို သန်းသန်းမေ https://www.youtube.com/watch?v=3EqKFtRjNx4 တခွင်ကို တခွင်လို့ မှန်အောင်ရေးတဲ့ခေတ် ရှိခဲ့ဖူးပါသည်။ ဒေါက်တာတင့်ဆွေ ၂၇-၆-၂၀၂၀

Only One တခုတည်းသော

Image
ကွန်မင့်တွေရတယ်။ ကျေးဇူး။ ၁။ လင်ကွန်းခေတ်က one က ခု ထရန့်ခေတ်ထိ one ပဲဆိုတာသိရင် ကောင်းမှာပဲ ၂။ ပုဂံခေတ်က ကီးဘုတ်ဖြစ်မယ် ကျွန်တော်လည်း ထင်ရှားအောင် တင်စားချက်နဲ့ ရေးလေ့ရှိတယ်။ အစိုးရပြောင်းလို့ သတ်ပုံပြင်တဲ့နိုင်ငံ ကမ္ဘာမှာ ကျွန်တော်တို့တိုင်းပြည် တခုတည်းသာရှိတယ်။ ရွှေဥဒေါင်း ၁၈၈၉ မှာမွေးပြီး ၁၉၇၃ မှာကွယ်လွန်တယ်။ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်ကို ၁၉၆၁ မှာ ထုတ်ဝေတယ်။ နဝတ-နအဖ စစ်အစိုးရလက်ထက်မှာ စာအုပ်ကိုပြန်ထုတ်တော့ တတွေကို စသတ်ပြင်ထားတယ်။ William Shakespeare ရှိတ်စပီးယား ၁၅၆၄ မှာမွေးပြီး ၁၆၁၆ မှာ ကွယ်လွန်တယ်။ ရှိတ်စပီးယားစာအုပ်တွေကို အခုထိပြန်ထုတ်နေကြတာ သန်းပေါင်းများစွာရှိပြီ။ စပယ်လင် မပြင်ကြပါ။ အစိုးရပြောင်းလို့ သတ်ပုံပြင်တဲ့နိုင်ငံ ကမ္ဘာမှာ ကျွန်တော်တို့တိုင်းပြည် တခုတည်းသာရှိတယ်။ ဒေါက်တာတင့်ဆွေ ၂၇-၆-၂၀၂၀

သစ္စာတိုင် ဒွေးချိုး

Image
သစ္စာတိုင် ဒွေးချိုး ထုံးမတိမ်၊‎ ငုံး အိမ် ကျူ လ သို့၊‎ တူမျှစံနှိုင်း။‎ ထပ်တညီ၊‎ ကပ္ပဋ္ဌီတင်ထိုက်တဲ့၊‎ ‎ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊‎ ငါးဆင့်သမိုင်း။ ။‎ (ဦးပုည) လောကနယ်တွင် ကတိသစ္စာတည်းသောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။ ငုံးမင်း၏ မီးမလောင်သော တော၊ ဃဋိကာရ အိုးထိန်းသည်၏ မိုးမစိုစွပ်သော အိမ်၊ မျောက်မင်း၏ သစ္စာကြောင့် အဆစ်တင်တဲ့ ကျူရိုး၊ ယုံမင်း၏ သစ္စာကြောင့် ယုန်တံဆိတ် ခတ်နှိပ်ထင်ရှားသော လ၊ ဤလေးမျိုတို့မှာ ကမ္ဘာတည်းသ၍ တည်ရှိနေမည်ဖြစ်သော ကပ္ပဋ္ဌိတိ တရားများဖြစ်လေသည်။ ဦးကောဝိဒ (မြိတ်) ရေးသားတဲ့ တုနှိုင်းမမီစာအုပ်ထဲကဖြစ်ပါတယ်။ ပြန်ထုတ်စာအုပ်တွေမှာ ထပ်(တစ်)ညီ လုပ်ထားကြတယ်။ မလုပ်ကောင်းပါ။ လပေါ်ကအရုပ်ကို နှုတ်ခမ်းမွေးတပ်သလိုပဲ။ ကျူ လ ငုံး အိမ် ထုံး မတိမ်၊ ဘုန်းရှိန် ကမ္ဘာတည်။ (ညောင်ကန်ဆရာတော်) ဒေါင်းယာဉ်ပျံ ဘုံနဘေးမှာ စာရေးလို့ထားချင်တယ် ကပ္ပဋ္ဌီငါးသွယ်မှာ တပါးမယ်ဆူလှိုက်လို့ ပူခိုက်ကို သူသုန်မှုန် အေးမှ ရိပ်လှုံ။ ဘဝတိုင်း သည်ပုံလို နှောင်ကြိုးမယ် ကြောက်လွန်းလို့လေး။ ဒေါက်တာတင့်ဆွေ ၂၇-၆-၂၀၂၀

မလျော့မတင်း စောင်းကြိုးညင်း

Image
ဆရာ မလျှော့မတင်း စောင်းကြိုးညှင်းလား၊ မလျော့မတင်း စောင်းကြိုးညင်းလားခင်ဗျ။ စောင်းကြိုးညှိရာတွင် တင်းလွန်းလျှင် စောင်းကြိုးပြတ်တတ်၍ လျော့လွန်းပြန်လျှင်လည်း စောင်းကြိုးချင်း ရစ်ပတ် ရှုပ်ထွေးတတ်သည်။ စောင်ကြိုးကို မလျော့လွန်း မတင်းလွန်း ညှိမှသာ စောင်းသံ သာယာညင်းပျောင်းဖြစ်သည်။ တင်းလွန်လျှင်ပြတ်၊ လျော့လွန်းလျှင်ပတ်။ ရုတ်ချည်းမဖြစ်နိုင်သည့်ကိစ္စကို ဇွတ်အတင်းမပြုဘဲ မလျော့မတင်း၊ စောင်းကြိုးညင်းသကဲ့သို့ ပြုကြပါ။ စည်းကမ်းထိန်းသိမ်းရေး၊ လူမှုဆက်ဆံရေးစတာတွေမှာ တင်းလွန်း လျော့လွန်းလျှင် အကျိုးမထင် ဖြစ်တတ်တယ်။ ညှင်း အမဲသား ညှင်း ညှင်း ဖဲပွင့် ညှင်းရောဂါ ညှင်းပြောက် ညှင်းလုံး ဂီတသံစဉ် ညှင်းလုံးပြောက်အဆင် ညင်းညင်းသာသာ ညင်းပျောင်း မလျော့မတင်း စောင်းကြိုးညင်း ဒေါက်တာတင့်ဆွေ ၂၇-၆-၂၀၂၀

What Books to read ဘာစာဖတ်မလဲ

Image
၁။ ပုံမှန်အသက်အရွယ် မရွေးအလုပ်အကိုင်မရွေး ဖတ်သင့်တဲ့စာအုပ်မျိုးလေးလမ်းညွှန်ပေးပါလားဆရာရှင့် ၂။ ဟုတ်ကဲ့ပါဆရာ ဖတ်ခဲ့ရပါတယ် မြန်မာစာကိုချစ်တတ်တဲ့ ကျွန်တော်တို့လိုလူတွေအတွက် ဖတ်သင့်တဲ့စာအုပ်တွေကိုလည်း ညွှန်းပေးပါဆရာ ကျေးဇူးပါဗျာ။ မူရင်းစာရေးသူတွေရဲ့ မူရင်းသတ်ပုံကို ပြင်လိုက်ကြတာ အင်မတန်စိတ်ပျက်စရာကောင်းပါတယ်။ ၃။ ဆရာ တခုလောက် လမ်းညွှန်ပေးပါလား။ ဘဝသင်ခန်းစာရမယ့်စာအုပ်တွေ ဖတ်ချင်လို့ပါ။ ဘယ်လိုစာအုပ်မျိုး ရွေးဖတ်သင့်ပါသလဲ။ ကျွန်တော်တို့က အတွေ့အကြုံရှိတဲ့လူတွေမို့ပါ။ ကျေးဇူးတင်ပါသည်။ ကျွန်တော်ငယ်စဉ်ကတော့ စုံအောင်ဖတ်ခဲ့တယ်။ အထင်ကရ စာရေးဆရာတွေ၊ ခေါင်းဆောင်တွေရေးတာနဲ့ သူတို့အကြောင်း စာအုပ်တွေ ကောင်းတယ်။ ပေါ်ပြူလာစာအုပ်တိုင်းကတော့ အကျိုးမပြုပါ။ သည်းခြေကြိုက်စာအုပ်မျိုးကို ဖတ်ဖူးအောင်ထက် မပိုသင့်ပါ။ သမိုင်းစာအုပ်တွေ ဖတ်သင့်တယ်။ ကိုယ့်နိုင်ငံ သမိုင်းသာမက ကမ္ဘာ့သမိုင်း၊ တခြားတိုင်းပြည်သမိုင်းတွေလည်း စိတ်ဝင်စားတာဖတ်ပါ။ မြန်မာစာပေသမိုင်းလည်းဖတ်ပါ။ ရသစာအုပ်တွေ ကောင်းတယ်။ စာရေးဆရာတွေကနေ အလွန်ကောင်းတဲ့စာတွေ ရေးထားရစ်ခဲ့ကြတယ်။ ဦးနု၊ သိန်းဖေမြင့်၊ သိပ္ပံမောင်ဝ၊ ရွှေဥဒေါင်း၊ ဒဂုံရွှေမျှား၊ မောင်ထင်၊ မင်းသ

ခေတ်အပြောင်းအလဲ

Image
ခဏခဏ အဲဒါနဲ့ ကိုင်ပေါက်ကြတယ်။ အထူးသဖြင့် သတ်ပုံအကြောင်းရေးတဲ့အခါမှာ လာတယ်။ ခေတ်ကာလအရ ပြောင်းရပါသတဲ့။ မနေ့တနေ့ကမှ စာရေးဆရာ ကဗျာဆရာဖြစ်ကြသူတွေ သူတို့မှန်တယ်ထင်တဲ့ သတ်ပုံနဲ့ရေးကြတာ သိပ်မပြောလိုပါ။ အရင်က အထင်ကရစာအုပ်တွေကို သတ်ပုံပြင်ထုတ်နေကြတာကိုတော့ နာအောင်ပြောချင်တယ်။ လူကြီးမင်းရဲ့ ဖခင်အမည်က ဦးဖိုးခွေးဖြစ်တယ်ဆိုပါတော့။ ခေတ်ကာလအရ ဖခင်အမည်ကို ကွီးလူချောလို့ ပြင်မှာလား။ ဒေါက်တာတင့်ဆွေ ၂၇-၆-၂၀၂၀

အကြည့်တန်မ

Image
အခွင့်သင့်တဲ့အခါ ရှင်းပြပေးပါဦး ဆရာ။ အကြည့်တန်မ သုခရေးသည် အခွင့်သင့်တဲ့အခါ ရှင်းပြပေးပါဦး ဆရာ။ အကြည့်တန်မ သုခရေးသည် အကျင့်တန် အကျဉ်းတန် လူ့အကြည့်တန် လူအကြည်းတန် အကြည်းတန် မှန်ကြိုက် ဒေါက်တာတင့်ဆွေ ၂၇-၆-၂၀၂၀

Taungoo Empire တောင်ငူအင်ပါယာ

Image
ပဌမတောင်ငူအင်ပါယာ (၁၅၁ဝ-၁၅၉၉) နဲ့ ဒုတိယတောင်ငူအင်ပါယာ (ညောင်ရမ်း) ၁၅၉၉-၁၇၅၂) အထိ ရှည်ကြာတယ်။ တောင်ငူမင်းဆက်မှာ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့က နာမည်ကြီးတယ်။ ၁၂၈၇ ကတည်းက ပျက်သုဉ်းသွားတဲ့ ပုဂံအင်ပါယာကို ပြန်ပြီးစုစည်းနိုင်ခဲ့တာဖြစ်တယ်။ ညောင်ရမ်းနဲ့ အနောက်ဖက်လွန်မင်းတွေက ပြန်လည် စုစည်းခဲ့တာဖြစ်တယ်။ တောင်ငူအင်ပါယာရဲ့ အထွတ်အထိပ်ကာလမှာ မဏိပူ၊ တရုပ်လွှမ်းမိုးထားတဲ့ ရှမ်းဒေသ၊ (ဆိုင်ယမ်) ခေါ် ထိုင်းနဲ့ (လန်ဇန်း) ခေါ် လာအိုတို့လည်းပါတယ်။ ၁၄၈ဝ ကတည်းက အင်းဝကျဆင်းလာခဲ့တယ်။ ၁၅၁ဝ မှာ တောင်ငူက လွတ်လပ်ရေးကြေညာတယ်။ ၁၅၂၇ မှာ ရှမ်းတွေက အင်းဝကိုသိမ်းယူလို့ မြန်မာဒုက္ခသည်တွေ တောင်ငူမှာခိုလှုံကြရတယ်။ တောင်ငူ-ဟံသာဝတီစစ် (၁၅၃၄-၁၅၄၁) ဖြစ်တယ်။ ၁၅၃၉ မှာ တပင်ရွှေထီးက ပဲခူး (ပဂိုး) မှာ ထီးနန်းပြောင်းစံတယ်။ ပုဂံကို ၁၅၄၄၊ ရခိုင်ကို ၁၅၄၅-၄၇၊ ထိုင်းကို ၁၅၄၇-၄၉ မှာ သိမ်းတယ်။ သူ့နောက်ဆက်ခံတဲ့ ဘုရင့်နောင်က အင်းဝကို ၁၅၅၅ မှာ၊ ရှမ်းကို ၁၅၆၂-၆၃ မှာ၊ ထိုင်းကို ၁၅၆၄-၆၉ မှာ၊ လာအိုကို ၁၅၆၅-၇၄ မှာသိမ်းတယ်။ ဘုရင့်နောင်နတ်ရွာစံတဲ့ ၁၅၈၁ နောက်၊ ၁၅၈၄ မှာ ဆိုင်ယမ် (ထိုင်း) ကပုန်ကန်ပြီး၊ ၁၆ဝ၅ ကတည်းက မြန်မာ့မြေပုံမှာမပါတော့ဘူး။ ၁၅၉၉ မှာ

ပုတီးကို စက်နဲ့စိပ်သလိုပဲ

Image
လက်နဲ့စာမရေးအားသူတွေ အရုပ်တွေလည်း မပို့ကြစေလိုပါ။ ဟုတ်ကဲ့ပါ ဆရာရှင့် မသိလို့ပါ တောင်းပန်ပါတယ် သမီးက ရိုသေလေးစားလို့ပါ တနေ့တနေ့ အဲလိုအရုပ်တွေ ဟိုဒ်လုပ်ရာ ၂၀-၃၀ ရှိတယ်။ အချိန်ကုန်တယ်။ တချို့အရုပ်တွေက ငိုတာလား ရယ်တာလား မသိ။ တချို့အရုပ်တွေကို တယောက်လာလည်းဒါ။ ထပ်ချည်းတလဲ။ GIF အရုပ်တွေ အဆိုးဆုံး။ လက်နဲ့ ကောင်းတယ် ဆိုးတယ်ရေးတာက တန်ဖိုးရှိတယ်။ အင်တာနက်လမ်းပေါ်က ကောက်ယူလာတာတွေက ပုတီးကို စက်နဲ့စိပ်သလိုပဲ။ ဒေါက်တာတင့်ဆွေ ၂၆-၆-၂၀၂၀

မြန်မာ့ရိုးရာ ခြင်တွယ်နည်း

Image
ကွန်မင့်တခုရတယ်။ နှစ်လမြူ တလမြက်၊ နှစ်လမြက် တစလယ်၊ နှစ်စလယ် တခွက် ဆိုတဲ့ ရှေးလူကြီးတွေရဲ့ အချိန်တွယ်ကိုလည်း သတိရမိပါ၏ ဆရာရေ။ မြန်မာ့ရိုးရာ ခြင်အတွယ်နည်းကို စပါး၊ ဆန်၊ ပဲ၊ နှမ်းတွေကို ခြင်တယ်တဲ့အခါ သုံးပါတယ်။ ၂ လမြူ = တလမြက်၊ ၂ လမြက် = တစလယ်၊ ၂ စလယ် = တခွက်၊ ၂ ခွက် = တပြည် ၄ ပြည် = တစိတ် ၈ ပြည် = တခွဲ ၁၆ ပြည် = တတင်း အမေမှာတဲ့ဆန်တခွဲ သုံးစိတ်နဲ့မလဲ ဆိုစကားရှိတယ်။ ဆန်တခွဲမှာ (၈) ပြည်။ သုံးစိတ်မှာ (၁၂) ပြည်ရှိတယ်။ ခုခေတ်မှာလည်း မှန်ပါတယ်လို့ ဘယ်လိုပြောပြော မှားရေးခိုင်းထားတာကိုသာ အမှန်ယူပြီး ရေးနေကြပါတယ်။ ဒေါက်တာတင့်ဆွေ ၂၆-၆-၂၀၂၀