တယောက်တမျိုး သို့မဟုတ် စာလုံးနိုင်ငံရေး

ဆရာရဲ့ မောင်သာနိုးရေးတဲ့ ဗမာ နဲ့ မြန်မာ ပို့စ်ထဲမှာ အတိုချုပ်ရရင် ဗမာဆိုတာ ဗြဟ္မာကနေလာတယ်၊ ဗြဟ္မဆိုတာ မြင့်မြတ်တယ်၊ မြန်မာဆိုတာ အစေခံမျိုး ကူလီမျိုး၊ နောက်မှ ပြင်လို့ဖြစ်လာတဲ့အခေါ်အဝေါ် လို့ဆိုထားတာတွေ့ရပါတယ်။ ဒီတော့ ဒီနိုင်ငံမှာ တိုင်းရင်းပေါင်းစုံနေထိုင်ကြတယ်။ ဒါဆို တိုင်းရင်းသားအားလုံးဟာ ဗမာလား။ မင်္ဂလာပါ ဆိုတာ ဘာလူမျိုးရဲ့ဘာသာစကားဖြစ်မလဲ။ အကယ်လို့ မင်္ဂလာပါ ဆိုတဲ့စကားဟာ ဗမာလိုမျိုးရဲ့ဘာသာစကားဖြစ်မယ်ဆိုရင် ဒီနိုင်ငံကို ဗမာနိုင်ငံလို့အမည်ပေးတာဟာ လူမျိုးတမျိုးတည်းကိုသာကိုယ်စားပြုခေါ်ရာကျပါမယ်ခင်ဗျာ။

ဆရာမောင်သာနိုးက စာရေးဆရာနဲ့ ပညာရှင်တဦးဖြစ်တယ်။ ကျွန်တော့်အမြင်စာတွေ တင်ထားတာ ကြာပြီ။ လူမျိုးစု အမည်တွေကလည်း ရေးတာ ခေါ်တာ မတူ။ လူမျိုးစု အတူတူထဲမှာ ခေါ်ချင်ကြတာ မတူကြပြန်ပါ။ ဘယ်သူတွေက ဘာပြောပြော ဘယ်လိုရေးရေး ဘယ်လိုခေါ်ခေါ် တိုင်းပြည်ကတော့ တခုတည်းသာ။ ဝိဝါဒကွဲအောင်လုပ်ခြင်းဟာ စိတ်စေတနာမမှန်တဲ့ နိုင်ငံရေးလုပ်ခြင်းသာဖြစ်တယ်။

(၁၃၅) ဂဏန်းကို မေးခွန်း ထုတ်ကြတယ်။ မြန်မာစာလုံးနဲ့ ရေးတာ အတိအကျ ဟုတ်ချင်မှ ဟုတ်မယ်။ အသံထွက်လည်း လူမျိုးမတူသူတွေက တိတိကျကျ မထွတ်တတ်ကြပါ။

1. Adjective မြန်မာဆိုသော နာမဝိသေသန https://doctortintswe.blogspot.com/2018/02/adjective.html
2. Ancient Burma ရှေးမြန်မာတွေ https://doctortintswe.blogspot.com/2016/01/ancient-burma.html
3. Burma Vs Myanmar (1) မြန်မာဆိုတာဘာလဲ (၁) https://doctortintswe.blogspot.com/2017/06/burma-vs-myanmar-1.html
4. Burma Vs Myanmar (2) ဗမာနဲ့ မြန်မာ (၂) https://doctortintswe.blogspot.com/2015/06/burma-vs-myanmar.html
5. Burma Vs Myanmar (3) မြန်မာဆိုတာဘာလဲ (၃) https://doctortintswe.blogspot.com/2016/04/myanmar-vs-burma.html
6. Interpreters မြန်မာပြန်သူများ https://doctortintswe.blogspot.com/2017/12/interpreters.html
7. Myanmar Vs Burma ပစိဖိတ်သမုဒ္ဒရာနဲ့ ဧဝရက်တောင် https://doctortintswe.blogspot.com/2017/06/burma-vs-myanmar-3.html
8. Myanmar မြန်မာဆိုတာဘာလဲ http://doctortintswe.blogspot.com/2015/06/myanmar.html
9. Slave and Subject ကျွန်ဆိုတာ ဘာလဲ https://doctortintswe.blogspot.com/2019/01/slave-and-subject.html
10. The Eight State ဗမာ နဲ့ မြန်မာ (သို့) အဋ္ဌမပြည်နယ် https://doctortintswe.blogspot.com/2016/09/the-eight-state.html
11. တို့ဗမာ သီချင်း (နောင်ဥဒါန်း ဘယ်မကျေ)။ တေးရေး - ဝိုင်အမ်ဘီဆရာတင်။ တေးဆို - သန်းမြတ်စိုး
12. တို့ဗမာအစည်းအရုံး https://doctortintswe.blogspot.com/2016/07/blog-post_35.html
13. ဗမာ နဲ့ မြန်မာ မောင်သာနိုး http://itvlibrary.blogspot.com/2016/09/blog-post.html

ဗြဟ္မာကနေဆင်းဆင်း၊ ဘုရားသခင်က ဖန်ဆင်းဖန်ဆင်း၊ မှန်တယ် မှားတယ် တတ်သလောက်ပြောလိုက ပြောနိုင်ကြပါတယ်။ ကျွန်တော်က လိုက်မငြင်းပါ။

စကားလုံး အမည် ဝေါဟာရတွေကို လေ့လာ သုတေသနလုပ်တာ ကောင်းတယ်။ နိုင်ငံရေးအတွက် လိုရာဆွဲ ရေးကြ ပြောကြတာတွေကို သဘောမတူပါ။

တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ၊ ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်၊ တော်လှန်ရေး၏ ကျေးဇူးတည်း။ (မင်းသုဝဏ်)

အနှစ်သာရခေတ် ပြန်ရောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး