The Ancient World ရှေးတုန်းက ကမ္ဘာပေါ်မှာ

ဆရာ မင်္ဂလာပါ။ ကမ္ဘာမှာ လူဆိုတာ ဆီးရီးယားဒေသက စတယ်လို့ သမိုင်းစာအုပ်တွေမှာ ဖတ်ဖူးတယ်။ တချို့က ရုရှား ကော့ကေးဆပ်ဒေသက စတယ်လို့လဲ ပြောကြတယ်။ အဆီးရီးယား အင်ပါယာဟာ ကမ္ဘာ့ အစောဆုံး အင်ပါယာ ဟုတ်ပါသလား။ ဘီစီ ဘယ်ရာစုလောက်မှာ ဖြစ်တယ်ဆိုတယ်ဆိုတာ ပြောပြပေးပါဆရာ။ အာရီယန်၊ ဩစတြိလွိုက်၊ နီဂရိုးလွိုက်၊ မွန်ဂိုလွိုက်လူမျိုးတွေထဲမှာ ဘယ်လူမျိုးတွေက အစောဆုံးလဲဆိုတာ သိချင်လို့ပါဆရာ။

မေးခွန်းက ရောထွေးနေတယ်။ အစောဆုံးလူသားကတမျိုး၊ ယဉ်ကျေးမှုကြီးတွေကတမျိုး၊ လူသားတွေ နေထိုင်ခဲ့ကြတာကတမျိုးနဲ့  လူသား မျိုးနွယ်တွေကတမျိုး။ သမိုင်းကလည်းတမျိုး ရှိသေးတယ်။

(က) Ancient Humans အစောဆုံးလူသားတွေ့ရှိချက်များ၏လေ့လာမှုတွေလုပ်နေတယ်။ အသစ်တွေရှိချက်တွေရှိလာတယ်။ တွေ့ရှိချက်တခုက အစောဆုံးလူသားကို ဂျော်ဂျီယာနိုင်ငံ Dmanisi ဂူထဲမှာ လွန်ခဲ့တဲ့ နှစ် 1.85 သန်းကလို့ဆိုပါတယ်။ အသစ်တွေ့ရှိချက်တခုက တရုပ်ပြည် Shangchen ဒေသမှာ လွန်ခဲ့တဲ့ နှစ် 2.1 သန်းကတွေ့တယ်လို့ဆိုပါတယ်။

(ခ) The Ancient World Timeline ရှေးခေတ်ကမ္ဘာ့ယဉ်ကျေးမှုကြီးများ
BC 3500-550 Mesopotamian civilization မက်ဆိုပိုတေးမီးယားယဉ်ကျေးမှု
BC 3000-550 Egyptian civilization အီဂျစ်ယဉ်ကျေးမှု
BC 2500 - 609 Assyria Mesopotamian kingdom အဆီးရီးယန် မက်ဆိုပိုတေးမီးယား ဘုရင့်နိုင်ငံများ
BC 2500-1500 Indus civilization အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု
BC 2000-1200 Aegean civilization အေဂျီယန်ပင်လယ်ဝန်းကျင် ကြေးခေတ် ဂရိယဉ်ကျေးမှု
BC 2000-1000 Nubian civilization နိုင်းမြစ် (အီဂျစ် + ဆူဒန်) ယဉ်ကျေးမှု
BC 2000 - 500 AD Ancient China ရှေးခေတ်တရုပ်
BC 1500 – AD 100 Mesoamerica အမေရိကအလယ်ပိုင်းဒေသယဉ်ကျေးမှု
BC 1500-500 Vedic age အိန္ဒိယဝေဒခေတ်
BC 1200 – AD 0 Greek age ဂရိရွှေခေတ်
BC 1000 – AD 300 Kush ကွတ်ရှ် (အီဂျစ်တောင်ပိုင်း + ဆူဒန်)
BC 1000 – AD 500 Steppe empires (Nomadic empires) နောမန်းဒစ် ခေါ် စတက်ပီး အင်ပါယာများ
BC 500 -1200 AD Indian kingdom age အိန္ဒိယဘုရင်များခေတ်
BC 500- 0 Roman Republic ရောမသမတနိုင်ငံတော်ကာလ
BC 0- AD 500 Roman Empire ရောမအင်ပါယာခေတ်

(ဂ) Human settlements ကမ္ဘာဂြိုဟ်ပေါ်မှာ လူသားတွေအစောဆုံးနေထိုင်ခဲ့တဲ့ဒေသဟာ လွန်ခဲ့တဲ့နှစ်ပေါင်း 14,000 ခန့်ကဖြစ်တယ်။ ကနေ့ခေတ် အစ်ဇရေးလ်နဲ့ ဂျော်ဒန်နိုင်ငံနေရာမှာဖြစ်တယ်။ အစောဆုံးဒေသတွေကို အစဉ်လိုက် မှတ်တမ်းတင်ထားတာရှိတယ်။
• Morocco မော်ရိုကို
• Turkey တူရကီ
• Ethiopia အီသီယိုပီးယား
• Israel အစ်ဇရေးလ်
• South Africa တောင်အာဖရိက
• Sudan ဆူဒန်
• United Arab Emirates ယူအေအီး
• Oman အိုမန်
• Congo ကွန်ဂို
• Libya လစ်ဗျား
• Sri Lanka သီရိလင်္ကာ
• Sumatra ဆူမားတရားကျွန်း
• Egypt အီဂျစ်
• Australia သြစတေးလျတိုက်

(ဃ) Human races လူသားလူမျိုးများ
1. Negroid (Black) race
2. Australoid (Australian Aborigine and Papuan) race
3. Capoid (Bushmen/Hottentots) race
4. Mongoloid (Oriental/Amerindian) race
5. Caucasoid (White) race ငါးမျိုးလို့ဆိုပေမဲ့ အဓိက ၃ မျိုးရှိတယ်။

၁။ Caucasoid ကော့ကေးဆွိုက် (အသားဖြူ)
၂။ Mongoloids မွန်ဂိုလွိုက် (အသားဝါညို)
၃။ Negroid နီဂရွိုက် (အသားမည်းနက်)

(င) ကမ္ဘာ့သမိုင်းရက်စွဲ
Timelines of world history ကမ္ဘာ့သမိုင်းရက်စွဲ (၁/၄) https://doctortintswe.blogspot.com/2015/11/timelines-of-world-history.html
Timelines of world history ကမ္ဘာ့သမိုင်းရက်စွဲ (၂/၄) http://doctortintswe.blogspot.com/2015/11/timelines-of-world-history_25.html
Timelines of world history ကမ္ဘာ့သမိုင်းရက်စွဲ (၃/၄) http://doctortintswe.blogspot.com/2015/11/timelines-of-world-history_0.html
Timelines of world history ကမ္ဘာ့သမိုင်းရက်စွဲ (၄/၄) http://doctortintswe.blogspot.com/2015/11/timelines-of-world-history_27.html

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး