ဦးဘေမောင်တင်

၁။ ဘေမောင်တင်လား ဖေမောင်တင်လား
၂။ ဦးဘေမောင်တင်
၃။ မတူဘူး ထင်ပါတယ် (ဖေစာလုံးပါပုံတွေ ပို့ပေးတယ်။)
၎။ မူကွဲ

အမည်တွေကို စာလုံးပေါင်း မမှားရပါ။ တချို့က ဘ နဲ့ ဖ မှားရေးနေကြတယ်။ ဘ နှင် ဖ အမည်ပါ ထင်ရှားသော ပုဂ္ဂိုလ်များလို့ ၁၈-၆-၂၀၂၀ နေ့က ရေးထားသေးတယ်။ မြန်မာ့စွယ်စုံကျမ်းကိုသာ ကိုးကားထားလို့ စာရင်းက မပြည့်စုံသေးပါ။

ဆာဘိုးသာ (စီးပွါးရေး)
ဘတင့် (ရုပ်ရှင်မင်းသား)
မန်းဘခိုင် (အာဇာနည်)
ရှင်ဘို့မယ် (မိဖုရား)
အချုပ်တန်းဆရာဖေ
ဦးဖိုးကျား (အမျိုးသားပညာရေးလောကတွင် ထင်ရှားခဲ့သူ)
ဦးဖိုးစိန် (မြန်မာ့စာပေလောကတွင် ထင်ရှားခဲ့သူ)
ဦးဖူးညို (ရုပ်သေး)
ဦးဘကလေး (ရွှေတလေး)
ဦးဘချို (ဒီးဒုတ်)
ဦးဘဂျမ်း (ကာတွန်း)
ဦးဘလုံ (ပန်းချီ)
ဦးဘဝင်း (အာဇာနည်)
ဦးဘဥာဏ် (ပန်းချီ)
ဦးဘဦး (ဒုတိယမြောက်သမတ)
ဦးဘိုးစိန် (မြန်မာ့သဘင်လောကတွင် ထင်ရှားခဲ့သူ)
ဦးဘိုးလှိုင် (ယောအတွင်းဝန်)
ဦးဘဇော် (ပန်းချီ)
ဦးဘေမောင်တင်

ဘေ နဲ့ ဖေ နှစ်မျိုးလုံး ရေးနေတာတွေ့တယ်။ လက်ထဲမှာ ကင်းဝန်မင်းကြီး လန်ဒန်သွား နေ့စဉ်မှတ်စာတမ်းစာအုပ် ရှိတယ်။ ဦးဘေမောင်တင်က တည်းဖြဋ်ပြင်ဆင်သည် တဲ့။ ဘေ နဲ့ ဖေ မှားစရာမရှိပါ။

ဦးဘေမောင်တင်ဟာ ရန်ကုန်တက္ကသိုလ်စတည်ထောင်ချိန်မှာ တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းသင်ကြားဖို့ အဆိုပြုခဲ့သူ ဖြစ်တယ်။ နှစ်ဆယ်ရာစု မြန်မာပညာရှင်များရဲ့ဖခင်ဖြစ်တယ်။ သိပ္ပံမောင်ဝရဲ့ဆရာလည်းဖြစ်တယ်။ ၂၁ ရာစုထဲမှာတော့ ဆရာ့အမည်ဟာ မူကွဲဖြစ်လာပါတော့တယ်။ မြန်မာစာကို ဆက်လက် လေ့လာထိန်းသိမ်းခဲ့သူတွေဖြစ်တဲ့ ကျွန်တော်တို့ တယောက်တမျိုး ညံ့ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ