ဦးထုပ်နဲ့ မိန်းကလေး

ဆရာရယ် အင်တာနက်စာမျက်နှာပေါ်မှာ နှင့်အစား နဲ့ ကိုအသုံးများလာကြပါတယ် မူကွဲသုံးတာပါလား။ တစ် နှင့် တ သုံးပုံကို ပြန်ရှင်းပြပေးစေလိုပါတယ်။

တ နဲ့ တစ်ကတော့ အကြိမ်တထောင်လောက်ရှိမလား မသိ။ ထပ်မတင်တော့မှာ။ ဘလော့မှာ အားလုံး ရှိတယ်။

နှင့်
မောင်ဘနှင့် မောင်လှ
သွားနှင့်ပြီ
လှည်းနှင့် သွားသည်

နဲ့
နုန့်နဲ့သည်။
သွားနဲ့သည်။
သည်အဝတ်အစားနဲ့ လှသည်။
လှုပ်တိုင်းနဲ့သည်။
ထော့နဲ့ထော့နဲ့ သွားနေသည်။
ချည့်နဲ့နဲ့သာ ကျန်တော့သည်။
နှဲ့၍ နဲ့။
နင့်နင့်သီးသီး။

နဲ့ကို စကားအရာမှာ အသုံးတွင်ကျယ်တယ်။ သီချင်းစာသားမှာလည်း ရေးတယ်။ သူနဲ့သာဆိုရင်သီချင်းကို သူနှင့်သာဆိုလျှင်လို့ မရေးပါ။ သားနဲ့ သမီး။ အမေနဲ့ အဖေ။ မောင်နဲ့ နှမ။ ဦးထုပ်နဲ့ မိန်းကလေး။ ပုဆိုးစိမ်းနဲ့ ကျောင်းသား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး