ပက်သက်မဟုတ် ပတ်သက်လို့ရေးရ

၁။ ဆရာရှင့် သမီးအသက် ၃၅ နှစ်ပါ အကြောရောင်ရောဂါနဲ့ပက်သက်ပြီးမေးမြန်းချင်လို့ပါ (ပတ်သက်လို့ရေးရ)

၂။ ဆရာရှင့် ဆံပင်ဆိုးဆေးနဲ့ဓာတ်မတည့်လို့ဖြစ်တဲ့ အနာတွေနဲ့ပက်သက်တဲ့ ကုသနည်းရေးထားတာရှိလား သိချင်လို့ပါ (ပတ်သက်လို့ ရေးသင့်။)

၃။ ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။ (အအေးပတ်လို့ ရေးရ။)

၎။ ဆရာ ပက်သက်၊ ပတ်သတ် ဘယ်ဟာက အမှန်ဖြစ်ပါလည်းခင်ဗျာ (ပတ်သက်လို့သာရေးရ။)

၅။ ဆရာ ဘယ်လိုစမ်းသက်မှုမျိုး လုပ်ရပါလည်ဆရာ။ (စမ်းသပ်လို့သာ ရေးရ။)

၆။ ဆရာရှင့် ကျမ အသက် ၃၆ နှစ်ပါရှင့်၊ သား နှစ်ယောက်ရှိပါတယ် အငယ်လေးက ၁၀ ထဲမှာပါ၊ ဗိုက်ခွဲပြီးမွေးထားတာပါ၊ ပလပ်လန် အိပ်ပြီးနည်းနည်းကြာရင် ဘေးစောင်းဖို့ခက်ပါတယ် (ပက်လက်လန်လို့ ရေးရတယ်။)

ပက်
ပက္ခဒိန် (ပြက္ခဒိန်)
ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်)
ပက်ကား = ညွှန်အိုင်
ပက်ကျိ
ပက်ခွန့် (လှေ)
ပက်စက်သည်
ပက်ပင်းတိုးသည်း
ပက်ပည် = ရင်ဆိုင်တည့်တည့်
ပက်ဖျန်းသည်
ပက်ပြဲ
ပက်လက်လန်
မှောက်ခုံပက်လက်

ပတ်
ခုနစ်ရက်တပတ်
တနှစ်ပတ်လုံး
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ္တမြား
ပတ္တလား
ပတ္တာ (တံခါး)
ပတ္တာခံ
ပတ္တာမြေ
ပတ္တူစ
ပတ္ထနာဆုတောင်း
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်တုတ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်ကြမ်းတုတ်
ပတ်ခြံ
ပတ်မကြီး
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်ဝန်းကျင်
ပတ်သက်
ပတ်ခြောက်က
ပတ်မြှောင်
ပတ်
ကမ္ပတ်အိမ်
ခရုပတ်
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း သီရိပျံချီ ဦးသာမြတ်)
ငါးကြီးအန်ပတ်
စီကာပတ်ကုံး
ညစ်ပတ်
တံခါးပတ္တာ
တသက်ပတ်လုံး
တာလပတ်
တနှစ်ပတ်လုံး
ပဋ္ဋိပတ်
ပတ္တမြား
ပတ္တလား
ပတ္တရောင်လှည့်
ပတ္ထနာဆုတောင်း
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်တုတ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်ကြမ်းတုတ်
ပတ်ခြံ
ပတ်မကြီး
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်လမ်း
ပတ်လွှမ်း
ပတ်ဝန်းကျင်
ပတ်သက်
ပတ်မြှောင်
ကြိုးနဲ့ပတ်
ရင်ပတ်
ရိုင်ပတ်ဖျာ
ရုပ်ပတ်
လုံးပတ်ပင်စည်
လည်ပတ်ပုဝါ
သုံးလေးပတ် (ပတ်လှည့်ခြင်း)
သမာပတ်
အနားပတ်
အပတ်တကုတ်
အာပတ်
အကြောင်းဗျုပ္ပတ်
ဥပပတ်
ကွေ့လည်ကြောင်ပတ်
ထောပတ်
လျောက်ပတ်တင့်တယ်
ဝေ့လည်ကြောင်ပတ်

ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး