မြန်မာ့မျက်ပွင့်

လူငယ်တဦးက ဆရာ ကျွန်တော် ဗမာစာကို နိုင်နိုင်နင်းနင်း ရေးတတ်ချင်တယ်လို့ ပြောတဲ့အခါ ဆရာဇေယျက အကြံပေးပါသတဲ့။



မြန်မာစာတွေ နာနာဖတ်ပေးပေါ့။ လောကီရော လောကုတ္တရာရောပေါ့ကွာ။ လောကီဆိုတာကတော့ ပျို့၊ ကဗျာ၊ ရာဇဝင်တွေပေါ့။ လောကုတ္တရာဆိုတာကတော့ ဘုရားတရားနဲ့ စပ်တဲ့စာတွေပေါ့။ မင်းတို့အင်္ဂလိပ်စာအရေးအသားမှာ ခရစ်ယာန်သမ္မာကျမ်းကြီးကလာတဲ့ ဥပမာ ဥပမေယျ သဘောသကန်တွေ၊ ဂရိတ်ဘာသာ၊ လက်တင်ဘာသာ၊ ပြင်သစ်ဘာသာတွေမှာပါတဲ့ စကားအသုံးအနှုန်းများ ပါဝင်သလို တို့မြန်မာ အစဉ်အလာ အတွေးအခေါ် အရေးအသားမှာလည်း ပါဠိဘာသာမှာပါတဲ့ အတွေးအခေါ် ဥပမာ ဥပမေယျတွေ၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ စသည်တို့မှာပါတဲ့ အခေါ်အဝေါ်တွေ၊ ကဗျာ လင်္ကာ ရာဇဝင်မှာပါတဲ့ စကားလှ၊ စကားချော၊ စကားလုံး ပြောင်ပြောင်တွေ၊ ပေါရာဏခေါ်တဲ့ ရှေးစကားဟောင်းတွေ၊ ပေါရာဏမဟုတ်ပေမယ့် ခုခေတ်မှာ အသုံးနည်းတဲ့ ဒေသန္တရဝေါဟာရတွေ ပါနေတယ်။ ဒါကို ကျွမ်းကျင်မှ ပိုင်ပိုင်နိုင်နိုင်ရှိတယ်။

ဇေယျဆိုတာ မြန်မာ့မျက်ပွင့်ကို ရေးတဲ့ ပညာရှင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆယ်တန်းသင်နေချိန်က စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ်ဖြစ်ပါတယ်။ မြန်မာ့မျက်ပွင့်ထဲမှာ -
အကြောင်းအရာတခုကိုမူတည်၍ မဂ္ဂဇင်း သတင်းစာတို့တွင် ရနိုင်သည့်နေရာနှင့် တော်လျော်အောင် အတိုချုပ်၍ တိုင်တည်း အမြန်ရေးသားရသည်။
တမုဟုတ်ချင်း ရေးသားခဲ့ခြင်းဖြစ်ရာ
သတ်ပုံသတ်ညွှန်းများကို ရှေ့နောက်ညီညွတ်အောင် ပြုခြင်းမှတပါး
တမြို့တည်းတွင်၊ တရိုတသေ၊ ကမ္ဘာ့တဝက်လောက်၊ ရွာတရွာ၊ သမိုင်းဟောင်းကလေးတစောင်၊ အနည်းငယ်မှတပါး၊ အဆတရာကောင်းလျက်၊ တခါက၊ တကယ့်ငှက်နှင့် တကယ့် လရောင်ကလေးများ။

အခုတော့ နောက်လူတွေက မြန်မာ့မျက်တစ် လုပ်လိုက်ကြပါပြီ။

https://www.facebook.com/825524590911355/posts/1888407591289711/ မှာ မူရင်းသတ်ပုံအတိုင်း တင်ထားတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ