အဖေနဲ့အမေ

ကနေဒါမှာနေတဲ့ ပြည်ပနိုင်ငံရေးထဲက လုပ်ဘော်ကိုင်ဘက်တဦးက ဖုန်းဆက်တယ်။ ဆရာ့အဖေနဲ့အမေပုံကို အမှတ်မထင် တွေ့သတဲ့။ ဟင်္သာတမှာနေတဲ့ သူ့အသိတယောက်က သီချင်းနောက်ခံမှာ သုံးထားတာတဲ့။ ကျွန်တော် တခါကတင်ခဲ့တဲ့ ကျွန်တော့်အဖေနဲ့အနေပုံကို မိဘကို ကိုယ်စားပြုတဲ့ သင်္ကေတ အဖြစ်မြင်လို့ သီချင်းတင်သူက သုံးပါသတဲ့။

မိဘသည် မိဘဖြစ်၏။

သတင်းပို့ပေးတဲ့သူက ကိုးကွယ်ရာဘာသာတမျိုး။ သီချင်းတင်သူ Aung Zin မောင်ဂဠုန်ကလည်း ကိုးကွယ်ရာ ဘာသာတမျိုး။ ကျွန်တော့် အဖေအမေနဲ့ ကျွန်တော်တို့က ကိုးကွယ်ရာဘာသာတမျိုး။

မိဘသည် မိဘဖြစ်၏။

မိဘရှိသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး