ခေတ်အပြောင်းအလဲ

ခဏခဏ အဲဒါနဲ့ ကိုင်ပေါက်ကြတယ်။ အထူးသဖြင့် သတ်ပုံအကြောင်းရေးတဲ့အခါမှာ လာတယ်။ ခေတ်ကာလအရ ပြောင်းရပါသတဲ့။

မနေ့တနေ့ကမှ စာရေးဆရာ ကဗျာဆရာဖြစ်ကြသူတွေ သူတို့မှန်တယ်ထင်တဲ့ သတ်ပုံနဲ့ရေးကြတာ သိပ်မပြောလိုပါ။ အရင်က အထင်ကရစာအုပ်တွေကို သတ်ပုံပြင်ထုတ်နေကြတာကိုတော့ နာအောင်ပြောချင်တယ်။

လူကြီးမင်းရဲ့ ဖခင်အမည်က ဦးဖိုးခွေးဖြစ်တယ်ဆိုပါတော့။ ခေတ်ကာလအရ ဖခင်အမည်ကို ကွီးလူချောလို့ ပြင်မှာလား။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး