Girl and Woman အခေါ်အသုံးလွဲတာတွေ

မိန်းမ အသက်က ၃၅ပါ။ သားတယောက်ရှိပါတယ် အသက် ၄နှစ်ပါ။ ဒုတိယ ကိုယ်ဝန်က အပတ် ၂၆ ပါ။

အမျိုးသမီးလို့ ရေးသင့်။

အခေါ်အသုံးလွဲတာတွေ နေ့တိုင်းဖတ်ရတယ်။ အကြမ်းအားဖြင့် အသက် ၂၀ လောက်အထိကို မိန်းကလေးနဲ့ ၂၀ နှစ် အထက်ကို အမျိုးသမီးလို့ ရေးသင့်တယ်။ တချို့မေးခွန်းတွေမှာ (ကန်တော့) သွေးဆုံးအရွယ်တွေကလည်း မိန်းကလေးတဲ့။

အမျိုးသားရွယ်တူတချို့က ယောက်ျားလေးတဲ့။ ယောက်ျားလည်း မှန်အောင်ရေးတတ်သူက နည်းတယ်။ ယောင်္ကျား မှားတယ်။ ယောကျာ်း မှားတယ်။

မိန်းမဆိုတာ ဘယ်သူ့ မိန်းမ သို့မဟုတ် ကျား-မ ခွဲတဲ့အခါမှာသာ သုံးသင့်တယ်။ ဘယ်သူ့ မိန်းမဆိုတာထက် ဘယ်သူ့ဇနီးလို့က ပိုပြီးယဉ်ကျေးတယ်။ ကျမခင်ပွန်းလို့ရေးတာ ပြောတာက ယဉ်ကျေးတယ်။

ဘန်းစကားလားတော့ မသိ ကောင်လေးတဲ့။ နေ့တိုင်းလာတယ်။ ကောင်လေးဆိုတာ ကိုယ့်ထက်ငယ်ရွယ်တဲ့ ယောက်ျားလေးတွေကို ခေါ်တယ်။ သမီးကောင်လေးလို့ မေးတယ်။ အသက်မေးတော့ သမီးဆိုသူထက် ကောင်လေး ဆိုသူက အသက်ကြီးတယ်။

အမျိုးမတော်သူတွေက သားတဲ့၊ သမီးတဲ့။

တကြိမ်တခါမှာ လူချင်းမတွေ့ဖူးသူတွေက ဖရင်းတဲ့။

လူမြင်ရင် အဘတဲ့။ မမြင်ရလည်း အဘတဲ့။

မေးခွန်းကို နမူနာအဖြစ်သုံးရလို့ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး