ပြည်တွင်းစစ်

ဗန်းမော်တင်အောင်ရေးတယ်။

တလောကလုံးသည် အိပ်မောကျနေပြီဖြစ်သော်လဲ ကျွန်တော်သည် အိပ်၍မရပါ။
ယခုအချိန်တွင် တလောကလုံးသည် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေပြီဖြစ်သော်လဲ ကျွန်တော်သည် အိပ်၍မရပါ။
ကျွန်တော်၏ ရုတ်တရက် ခံစားချက်နှင့် ရောက်ရှိနေသော ပါတ်ဝန်းကျင်မှ ကြာရှည်သဖြင့် ကင်းလွတ်ခြင်းငှာ မဖြစ်နိုင်သည့်ပြင် အဆုံး၌ ပြန်၍လည်လာပြန်၏။
လွန်ခဲ့သော ဆယ်ရက်ခန့်အတွင်းက  ဗမာပြည်အလယ်ပိုင်း တိုက်ပွဲတခု၌ ကျွန်တော်သည် ပါဝင်တိုက်ခိုက်ခဲ့သော တပ်မတော်သား တပ်ကြပ်ကြီးတယောက်ပင် ဖြစ်ပါ၏။

အခုတော့ တလောကလုံး၊ ရုတ်တရက်၊ တိုက်ပွဲတခု၌လို မရေးကြတော့ပါ။ တပ်မတော်သား တပ်ကြပ်ကြီးတယောက် ကိုလည်း ဂုဏ်တင်တဲ့စာတွေ မဖတ်ရတော့ပါ။ ပြည်တွင်းစစ်ကြီးကတော့ ပိုပြီးဆိုးလာတယ်။ ကျွန်တော်သည် ပြည်တွင်းစစ်နှင့် မြန်မာစာအရေး တွေးမိတဲ့ည အိပ်၍မရပါ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး