Penorit ဆေး ဘေးထွက်သက်ရောက်မှုများ

(ကန်တော့)

ဆရာရှင့် သမီးအသက်က ၂၂နှစ် ရှိပါပြီရှင့် အိမ်ထောင်မရှိ အပျိုမိန်းကလေးပါရှင့် (ကန်တော့ပါရှင့်) အပျိုဖော်စဝင် ကတည်းက အခုချိန်ထိ ရာသီသွေးဆင်းခြင်းက ငါးလ ခြောက်လ နေမှ တကြိမ်ပေါ်ပါတယ်ရှင့် ရာသီသွေးမပေါ်တဲ့ လတွေမှာလည်း နာကျင်ခြင်း ကိုက်ခဲခြင်း ဘယ်လိုဝေဒနာမှ မခံစားရပါဘူး ရှင့် တနှစ်ကိုတခါ OGနဲ့ ပြသပါတယ်ရှင့် အာထွာဆောင်းလည်း ရိုက်ပါတယ်ရှင့် အလုံးအကြိတ်တည်တာလည်း ဘာမှမရှိခဲ့ပါဘူးရှင့် ပြသခဲ့ဖူးတဲ့OG တွေက စိုးရိမ်စရာမရှိပါ အသက် ၂၀ကျော်ရင်ကောင်းသွားပါမယ်လို့ပြောပြီး Penorit ဆိုတဲ့ဆေးကိုသောက်ဖို့ပေးပါတယ်ရှင့်
အဲ့ဒီဆေးကို သမီးသောက်လာခဲ့တာ အသက် ၁၇နှစ်ကနေ လွန်ခဲ့တဲ့ ၃လအထိ ပါဘဲရှင့် ဆက်မသောက်ဖြစ်တော့တာက ကိုယ်ဝန်တားဆေးလို့သိရလို့ အမြဲသောက်ရင် သားအိမ်ထိခိုက်မှာ စိုးရိမ်လို့ပါရှင့် အခုထက်ထိပုံမှန်မဖြစ်လို့ ဘယ်လို နေထိုင်ရမယ် ဘာကြောင့်ဖြစ်တယ်ဆိုတာ ဆရာသမီးကိုမျှဝေပေးလို့ရလားရှင့် ကျေးဇူးတင်ပါတယ်ရှင့်

Penorit ဆေးဆိုတာဘာလဲ https://doctortintswe.blogspot.com/2018/09/penorit.html

Amenorrhea ရာသီမလာခြင်း https://doctortintswe.blogspot.com/2017/12/amenorrhea.html

ဟုတ်ကဲ့ဆရာ ရိုက်ဖူးပါတယ်ရှင့် အကုန်ကောင်းပါတယ်ရှင့်။ OG နဲ့ ပြတိုင်းဆေးဘဲသောက်နေရပါတယ်ရှင့် ဆေးသောက်ရင်တော့ (ကန်တော့ပါရှင့်) ရာသီပေါ်ပါတယ်ရှင့် ဆေးမသောက်ရင် ၅လခြောက်လ နေမှ ရာသီပေါ်ပါတယ်ရှင့် ဘယ်လိုကြောင့်ဖြစ်မှန်း ရေရေရာရာ မသိရပါဘူးရှင့်

အကြောင်းရှိလို့သာ မူမမှန်ဖြစ်တယ်။

ဆရာကို တခုလောက်ထပ်မေးလို့ရမလားရှင့် အဲ့ဒီ Penorit ဆေးကို ၅နှစ်လောက် တလတကြိမ် သောက်ခဲ့တော့ အခု ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်လားရှင့်

ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ မေးတဲ့သူမှာ ဘယ်လိုထူးခြားတာတွေဖြစ်နေသလဲ မသိ။

Penorit ဆေး ဘေးထွက်သက်ရောက်မှုများ
ပျို့-အန်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ စိတ်မူပြောင်းလဲ၊ အိပ်မပျော်၊ ကိုယ်အလေးချိန် တကျ-တက်၊ ဝက်ခြံထွက်၊ ရင်သားတင်းနာ၊ လိင်စိတ်ပြောင်းလဲ၊ ကိုယ်မွေးပေါက် သို့မဟုတ် ဆံပင်ကျွတ်။

တကြိမ်၊ တနှစ်ကိုတခါ၊ တခုလောက်၊ တလတကြိမ် ရေးတာတွေမှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး