The first day of summer နွေရဲ့အစဆုံးနေ့

ဒီအရပ်မှာ ဇွန်လ (၂၀) ရက်ကနေ စက်တင်္ဘာလ (၂၂) နေ့အထိကို ဆမ်းမား ခေါ် နွေရာသီ။

ကျွန်တော်က မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာ အနှစ် (၄ဝ) ကြာ၊ နယူးဒေလီမှာက (၂၄) နှစ်ကြာ နေလာသူ၊  သူတို့နွေကို မမှုပါ။

နေရာမတူရင် ရာသီဥတုမတူပါ။ အိန္ဒိယမှာနေခဲ့တဲ့ နယူးဒေလီဟာ လူတွေနေထိုင်ဖို့ မသင့်ဆုံးရာသီဥတု ရှိတဲ့အရပ် ဖြစ်တယ်။ မကြိုက်ပါ။ အင်ဒီယာနာမှာက ဆောင်းဆိုရင် နှင်းများတယ်။ မကြိုက်ပါ။ မြန်မာပြည်မှာ ရာသီဥတုကောင်းတဲ့ အရပ်ဒေသတွေ အများကြီးရှိပေမဲ့ မနေခဲ့ရပါ။ ကိုယ်နဲ့ ထိုက်တဲ့အရပ်မှာ နေရတယ်လို့ အနှစ်ပေါင်း (၇ဝ) အတွေ့အကြုံကနေ ကောက်ချက်ဆွဲလို့ရတယ်။

လွန်ခဲ့တဲ့ (၄) နှစ်တိတိ အိမ်နောက်ဖေးက ပန်းအိုးလေးတွေပုံ ဒီစာနဲ့တွဲချင်လို့ ရိုက်လိုက်ပါတယ်။ သည်မှာက မိုးလေဝသ မှန်းလို့မရပါ။ တောင်ကလာမှမိုးလို့လည်း ပြောမရ။ မိုးစနေ လေရာဟုလို့လည်း ပြောမဖြစ်။ ဥတုရာသီ တောကိုမှီ ဆိုတာတော့ ဘယ်နေရာမှာဖြစ်ဖြစ် တူပါတယ်။ မြန်မာပြည်မှာ တောတွေ တောင်တွေ စိမ်းလန်းစိုပြေပါစေ။

ဒေါက်တာတင့်ဆွေ
၂၀-၆-၂၀၁၆
၂၀-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး