Food allergy အစာနဲ့မတည့်ခြင်း

၁။ မင်္ဂလာပါဆရာ ကျနော့် အမျိုးသမီးက အသက် ၂၄ ပါခင်ဗျာ အင်ဥတွေစားပီး (စားပြီး) နောက်တစ်နေ့မနက် မျက်ခွံတွေမို့ပီး (မို့ပြီး) မျက်စိတွေ ရဲကာ ဖျားပါတယ်ဆရာ အခု နှစ်ရက်မြောက်ရှိပါပီ (ပါပြီ) ဆေးခန်းကနေ ဆေးထိုး ဆေးသောက်ပေမဲ့ မသက်သာလို့ပါဆရာ ဘယ်လိုများဆက်လက်လုပ်ဆောင်ရပါမလဲ ခင်ဗျ

၂။ ဆရာခင်ဗျာ့ လူနာကအမျိုးသမီးပါ။ အသက် ၃၆။ ယခင်က ပင်လယ်စာနှင့်ကြက်သား၊ အမဲသားစားလျှင်ဘာမှ မဖြစ်ပါ။ ယခု ၄ လ အတွင်း ၆ ကြိမ် လောက်အတွင်း အဲတွေစားပြီးလျှင် အသက်ရှုကြက်လာပြီး မျက်ရည်များ ကြ (ကျ) လာပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ (၂၉-၉-၂၀၁၆)

အစားအစာစားပြီး တခုခုဖြစ်လာရင် စားခဲ့တာနဲ့ မတည့်သလား စဉ်းစားသင့်။ မတည့်တာ (အလာဂျီ) ဖြစ်နိုင်။ မတာ့်တာ မတူကြပါ။ ပင်လယ်စာ မတည့်သူရှိ။ ကြက်သား၊ အမဲသား မတည့်သူရှားတယ်။ တိတိကျကျဆန်းစစ်သင့်တယ်။ အစားနဲ့မတည့်တာ ယူအက်စ်မှာ လူဦးရေရဲ့ ၂့၅% ရှိတယ်။ မြန်မာပြည်မှာသုတေသနတော့မတွေ့သေး၊ သိပ်မကွာလောက်ပါ။

အများဆုံးမတည့်တဲ့အစာ (၈) မျိုးရှိတယ်။
၁။ Peanuts မြေပဲ၊ (ကလေးတွေမှာ အဖြစ်အများဆုံး)၊
၂။ Shellfish (shrimp and lobster) ပင်လယ်စာတွေ၊ (လူကြီးမှာ အဖြစ်အများဆုံး)၊
၃။ Tree nuts သစ်ကြားသီး၊ ဗာဒံစေ့၊ သီဟိုစေံစတဲ့ အစေ့အဆံတွေ၊
၎။ Fish ငါး၊
၅။ Cow’s milk နွားနို့၊
၆။ Eggs ဥ၊
၇။ Wheat ဂျုံ၊
၈။ Soy ပဲပုပ်တွေကနေ အများဆုံးဖြစ်တယ်။
၉။ နှမ်းစေ့၊ မုန်ညင်းစေ့ကနေလည်းဖြစ်တယ်။ အစားအသောက်ထဲမှာ စားကောင်း၊ ကြည့်ကောင်း၊ အနံ့ကောင်းအောင် ထည့်တာမျိုးတွေကနေလည်း မတည့်တာ ဖြစ်စေနိုင်တယ်။

အဲဒီစာရင်းမှာမပါတာလည်း မတည့်တာဖြစ်နိုင်တယ်။ မတည့်တာ ဘယ်လောက်ဆိုးသလည်းက မတူကြပါ။ တချို့မှာ နည်းနည်းသာခံရတယ်။ အဆိုးဆုံးက Anaphylaxis ခေါ် ရှော့ဖြစ်တာ။ အရေးပေါ် ဆေးထိုးကုသရမယ်။ အသက်အန္တရာယ်အထိစိုးရိမ်ရတယ်။ ဘယ်လောက်ထိ မတည့်သလည်း၊ မတည့်တာကို ဘယ်လောက်များများ စားသုံးလိုက်သလဲ၊ အစိမ်းစားတာလား၊ ချက်ပြုတ်ကြော်စားတာလား၊ အအေးခံထားတာလား အပေါ်တွေမှာ မူတည်တယ်။ လူနာအသက်၊ စားသောက်ချိန် (အစာမရှိချိန်)၊ အစားကစုပ်ယူမှု မြန်တာလား၊ နှေးတာလား။ လူနာမှာ ပန်းနာလို၊ အလာဂျီလို ရတတ်သူလားကြည့်ရမယ်။ အလာဂျီဆိုတာ မျိုးရိုးလိုက်တယ်။ မိသားစုထဲမှာ အကုန်လုံး မဟုတ်ပေမဲ့ တယောက်မကရှိတတ်တယ်။ ပန်းနာနဲ့ နှင်းကူလို ပျောက်နိုင်ခဲတဲ့အနာရှိသူတွေသတိပိုထားရမယ်။

အစာမတည့်လက္ခဏာများ
Vomiting and/or stomach cramps အန်၊ ဗိုက်နာ၊
Hives အင်ပြင်ထွက်၊
Shortness of breath အသက်ရှူရခက်ခဲ၊
Wheezing အသက်ရှူတာမှာ စီစီ စီစီသံထွက်၊
Repetitive cough ချောင်းအဆက်မပြတ်ဆိုး၊
Shock or circulatory collapse ရှော့ရပြီး အရုပ်ကြိုးပြတ်ဖြစ်၊
Tight, hoarse throat; trouble swallowing လည်ချောင်း တစ်ဆို့လာ၊ မျိုချဘို့ခက်ခဲ၊
Swelling of the tongue, affecting the ability to talk or breathe လျှာရောင်လာ၊ စကားမပြောနိုင်၊ အသက်မရှူနိုင်၊
Weak pulse လက်ကောက်ဝတ်သွေးခုန်တာ စမ်းရတာခက်၊
Pale or blue coloring of skin မျက်နှာ အသားအရေ ဖြူဖွေး ပြာနှမ်းလာ၊
Dizziness or feeling faint သတိလက်လွတ်ဖြစ်၊ မူးလဲကျ၊

အများအားဖြင့် မတည့်တာစားပြီး ၂ နာရီဝန်းကျင်မှာဖြစ်တယ်။ တချို့ ၆ နာရီလောက်မှလာဖြစ်တယ်။ ကြာမှဖြစ်တာထဲမှာ protein-induced enterocolitis syndrome (FPIES) ခေါ်တဲ့ အစာလမ်းရောဂါလည်းဖြစ်တတ်တယ်။ ကလေးတွေနို့ဖြတ်စမှာ ဖြစ်တတ်တယ်။ အန်မယ်၊ ဝမ်းလျှောမယ်၊ ရေနဲ့ ဓါတ်ဆားနည်းတာခံစားရမယ်။ လိုအပ်ရင် ဆေးသွင်းပေးရမယ်။ နည်းနည်းပါးပါး ပါးစပ်နှုတ်ခမ်းယားတာမျိုးက မတည့်တာမဟုတ်ပဲ အစားအစာရဲ့ သဘောကြောင့် ဖြစ်တယ်။ အစိမ်းစာရင် ဖြစ်တတ်တယ်။ တော်တော်တန်တန် မတည့်စေတာက ချက်ပြုတ်လိုက်ရင် ပျက်စီးစေလို့ မတည့်တာ မခံစားရပါ။

ကလေးတွေဆိုရင် ပိုသတိထားပါ။ သူက ဘာအစားအစာနဲ့မတည့်ဆိုတာ ကြိုပြောထားပါ။ သတိပေးစာကပ်ထားပါ။ အရေးပေါ် အသက်ကယ်ဆေး EpiPen နဲ့ EpiPen Jr (Epinephrine injection) ဆေးကို လက်တကမ်းမှာထားပါ။ ယူသွားပါ။ အင်းဆက်ကောင်တွေ အကိုက်ခံရရင်လည်း ဒီဆေးမျိုးပဲသုံးပါတယ်။ နောက်ပေါ် Auto-Injectors အလိုလိုထိုးပေးတဲ့ဆေးထိုးစရာရှိတယ်။ Epinephrine ဆေးရဲ့ ဘေးထွက် သက်ရောက်မှုတွေကို သိထားပါ။ စိုးရိမ်စိတ်ကဲစေတယ်။ ခေါင်းမူးမယ်။ တုံတုံရီရီဖြစ်မယ်။ နှလုံးခုန်မြန်မယ်။ သွေးဖိအား တက်မယ်။ နဂိုက နှလုံးရောဂါအခံရှိသူသတိထားရမယ်။

မတည့်တာကို နောင်မှာရှောင်ရတော့မယ်။ မတည့်တာ သေချာတော့သိရမယ်။ သူများပြောသမျှ လိုက်ရှောင်နေတာ ပညာမရှိရာကျတယ်။

1. Allergies Treatment (အလာဂျီ) ကိုကုသခြင်း http://doctortintswe.blogspot.com/2014/10/allergies-treatment.html
2. Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
3. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
4. Allergy testing (အလာဂျီ) စစ်ဆေးခြင်း http://doctortintswe.blogspot.com/2015/05/allergy-testing.html
5. Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://doctortintswe.blogspot.com/2014/10/allergy-triggers.html
6. Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
7. Cetrizine အလာဂျီဆေး https://doctortintswe.blogspot.com/2017/04/cetrizine.html
8. Eye Allergies မျက်စိနာ မဟုတ်တဲ့ မျက်စိအလာဂျီ https://doctortintswe.blogspot.com/2017/06/eye-allergies.html
9. Food allergy အစာနဲ့မတည့်ခြင်း https://doctortintswe.blogspot.com/2016/09/food-allergy.html
10. Hives အင်ပြင် ထွက်ခြင်း http://doctortintswe.blogspot.com/2014/11/hives.html
11. Mango Skin Allergy သရက်သီးခွံ အလာဂျီ http://doctortintswe.blogspot.com/2015/03/mango-skin-allergy.html
12. Shock (ရှော့ခ်) http://doctortintswe.blogspot.com/2014/12/shock.html

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၆
၂၆-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး