Wednesday, July 31, 2019

ဘယ်သူ အရင်ရောက်မလဲ

အတူလျှောက် ဘယ်သူအရင်ရောက်မလဲ
အရင်ရောက်သူ ဆုယူရန်မဟုတ်
တာတို မဟုတ် တာလတ် မဟုတ်
မာရသွန်ခရီး ဟုတ် လမ်းခုလတ် လဲချင်လဲမည်ဟုတ်
တာထွက်ခရာသံ ကြားခဲ့ရမည် ဟုတ်ချင်မှဟုတ်
ပြေးလမ်းသည် ပန်းတိုင်ဆီ ဦးတည်မည် ဟုတ်ချင်မှဟုတ်
မာရသွန်ခရီး ဂုံနီအိတ်စွပ်ပြီး ပြေးလျှောက်ရန်ဟုတ်
တာဝေးလမ်းပေါ် အာလူးဇွန်းကိုက် ပြေးလျှောက်ရန်ဟုတ်
ကျန်ရစ်သူ ဆက်လျှောက်ရမည်ဟုတ်
အရင်ရောက်သူ ဆုယူရန်မဟုတ်။

အတူတူ

အတူတူ မနက် နေ့ ညစာ စား
အတူတူ မြူ မိုး နှင်းတွေ ကြား
အတူတူ လေမတူ မြေမတူ ရေမတူ နိုင်ငံတွေ များ
အတူတူ အယူ ကိုးကွယ်ရာ တရား
အတူတူ အလှူ ပေးကမ်းစရာ စေတနာ ထား
အတူတူ ဘယ်နှစ်ဆူဘုရား ဆုပန် မနား
အတူတူနား သည်စာအဆုံးသတ်ဖို့ တယောက်ချန်ကာ သွား
သံသရာဟူသည် လူတိုင်းအတွက် အတူတူပါတကား။

(ပုံ ၂ဝ၁၈ ခုနှစ် မေလ ၄ ရက်နေ့ မန္တလေး မဟာမုနိဘုရားမှာ)

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၈
၃၁-၇-၂၀၁၉

အိမ်ဦးနတ်

အိမ်ဦးနက်လို့ တင်ထားတာတခုတွေ့တယ်။ ပုံတွေဘာတွေကပါသေး။

နတ်
၃၇ မင်းနတ်
နတ်ကနားပွဲ
နတ်ကရာ ကျီးမော့
နတ်ကွန်း
နတ်ကွပ်
နတ်ကိုးကွယ်မှု
နတ်ချင်း
နတ်စင်
နတ်စိမ်း
နတ်တို့ဖန် ရေကန်အသင့်ကြာအသင့်
နတ်ထိန်း
နတ်ဒိုး
နတ်ပူး
နတ်ရကာပွဲ
နတ်သံပစ်
နတ်သံနှော
နတ်သုဓာ
နတ်တော်လ
အိမ်ဦးနတ်

နက်
နက္ခတ်တာရာ
နက်ချိပ်
နက်နဲခက်ခဲလှသည်
နက်ကြုတ်
နက်ဖြန်ခါ
နက်ရှိုင်း
နက်ဝှမ်း
နက်ကျော
အဓိပ္ပါယ်အတိမ်အနက်
အနက်ရောင်
အသားနက်သည်
အောင်နက် (ခွေးအမည်)

မလုပ်ပါနဲ့ကို မလုပ်ပါနက်၊ ဟိုလူနဲ့တွဲ သည်လူနဲ့တွဲ ကို ဟိုလူနက် သည်လူနက်လို့ မှားရေးကြတယ်။ ဟိုလူနက် သည်လူနက်တွဲလို့ ရေးရင်တော့ အသားမည်းသူနဲ့တွဲလိုက် အသားနက်သူနဲ့တွဲလိုက်ဖြစ်မယ်။ ကိုယ့်ယောက်ျားကို အိမ်ဦးနက်လို့ရေးရင်လည်း အောင်နက်နဲ့ မှားဦးမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

မောင်တို့ ကြားကုန်လော့

ပုဂံမင်းဆက် ၈၄၉ ကနေ ၁၂၉၇ အထိရှည်ကြာခဲ့တယ်။ ၁ဝ၄၄ မတိုင်မီကာလကို ပုဂံအစောပိုင်းကာလနဲ့ ၁ဝ၄၄-၁၂၈၇ အထိကိုပုဂံအင်ပါယာလို့ သမိုင်းတင်ပါတယ်။

ပုဂံကို ၈၄၉ မှာထူထောင်နိုင်ခြင်းဟာ ဗမာလူမျိုးတွေ ခေါင်းထောင်လာနိုင်ခြင်းလို့ ရာဇဝင်မှာ အခန်းတခုအနေနဲ့ရေးတယ်။ တိဘက်တိုဘာမင်းနွယ်တွေ ဖြစ်တယ်။ ဗမာစကားပြောတယ်။ ဧရာဝတီဘေးက ပုဂံကိုဗဟိုပြုတယ်။ ၉ ရာစု အလယ်က စပြီး အင်အားကြီးနိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့တယ်။ ၈ ရာစုကနေ ၉ ရာစုအတွင်း တရုပ်ပြည်အနောက်တောင်ပိုင်းမှာ နန်ချောင်မင်းဆက် စိုးစံနေတယ်။ အရှေ့တောင်အာရှကိုချဲ့ထွင်လာတယ်။ ၈၆၁ မှာ ဟနွိုင်းကိုသိမ်းတယ်။ မွန်နဲ့ ခမာကိုလည်း သိမ်းတယ်။ ပျူမြို့တော် ဟန်လင်းကြီးသိမ်းတယ်။

တချိန်တည်းမှာ မြန်မာပြည်အောက်ပိုင်းမှာ မွန်ကသာကြီးစိုးထားတယ်။ ပုသိမ်နဲ့ ပဲခူးကိုပါကြီးစိုးရေးလုံးပမ်းနေတယ်။
ထေရဝါဒဗုဒ္ခဘာသာ အိန္ဒိယကနေကွယ်ပြီ။ ဟင်ဒူတွေပြန်ပြီးလွှမ်းမိုးလာတယ် ကနေ့အထိဖြစ်တယ်။ ၁ဝ၄၄ ကစပြီး အနော်ရထာမင်းက ပုဂံကိုစုစည်းနိုင်လာတယ်။ ၁၈၈၆ အင်္ဂလိပ်သိမ်းတဲ့အထိ မြန်မာပြည်ဟာ တက်လိုက်ကျလိုက် ရှိတယ်။ အနော်ရထာက ရှမ်းတွေနဲ့မိတ်ဆွေလိုဆက်ဆံတယ်။ စီးပွါးရေးတောင့်တင်းအောင် ရေသွင်းစိုက်ပျိုးရေး လုပ်ပေးတယ်။ ထေရဝါဒဗုဒ္ခဘာသာ ယူသွင်းလိုက်တယ်။ ကနေ့အထိ ရှင်သန်ထွန်းကားတယ်။ ကျန်စစ်သား (၁ဝ၈၄-၁၁၁၂) နဲ့ အလောင်းစည်သူမင်း (၁၁၁၂-၁၁၆၇) တွေဟာ ဘုန်းတန်ခိုးကြီးကြတယ်။ မွန်ပညာသည်တွေကြောင့် အနုလက်မှုပညာတွေရတယ်။ စေတီပုထိုးတွေ ၄ဝဝဝ လောက်တည်ထားကိုးကွယ်တယ်။ ရဟန်းတော်တွေများပြားလို့ တိုင်းပြည်ရဲ့အင်အားစုတခုဖြစ်လာတယ်။ တချိန်တည်းမှာ အင်အားဆုတ်ယုတ်မှုလည်း ဖြစ်တယ်။ ၁၃ ရာစုအကုန်မှာ ပုဂံအင်အားကျဆင်းလာတော့တယ်။ မွန်ဂိုတွေ ခြိမ်းခြောက်လာတယ်။ ပထမ (မွန်ဂို) ကျူးကျော်မှု (၁၂၇၇-၁၂၈၇) ရှိခဲ့တယ်။ ပုဂံကို ၁၂၅ဝ မှာ ကူဗလခန်ရဲ့ မွန်ဂိုတပ်က ဖျက်ဆီးတာ ခံလိုက်ရတယ်။

၂၀၁၆ ခုနှစ်လယ်လောက်က Save the Bagan လို့ရေးနေကြတာတွေ့တယ်။ Save Bagan လို့သာ ရေးသင့်တယ်။

မယ်တို့ ကြားကုန်လော့
ရှေးဖျား ပုဂံပြည်မှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်
မင်းကောင်း နော်ရထာတဲ့

မော်စရာ ဟိုတခေတ်ကိုဖြင့်
ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့
ဘဝင်မှာ အမြင်မှန်းကာပ
တမ်းတ၍ ကြည်ညိုပါ။

ဪ ပြည်မြန်မာခေတ်ထူး
ရာဇဝင်မှာ စာတင်လို့ကျူးခဲ့ကြ
ငထွေးရူး လုံးလက်ဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင်၊ ပြည်ခွင်ကိုချစ်ခဲ့ကြ
ရဲစစ်တပ်ခြံအရံ၊ မြန်မာနယ့်တရိုး
ရန်ထိုထိုကို၊ ရန်လိုလျှင် ချိုးခဲ့၍
မြို့ရိုးမြင့် ပြည်ပုဂံ၊ ရဲစစ်တပ်ပြန်မှာ။

အောင်လံတွေ ရောင်ပျံမြူးကာပါ့
တပ်ဦးမှာတချီချီနဲ့
အောင်ရွှေစည် အောင်သံညှင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့
ကျန်ရစ်သူ ပုဂံသားတို့မှာလ
အားတက်ကြမှာ။

လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက်ရဲ့
ပုခုံးနဲ့လက်ပြင်၊ ကြောခြင်က သံချောင်း
တနှစ်တွင်းမှာ၊ ချက်ချင်းပဲ ပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ၊ တလူရှားလောက်ရဲ့
မယ်ဘွားမှာလေ
ပန်းသပြေနှင့်၊ ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှ ပြန်လာကြောင်းကို
နေ့တိုင်းပဲ တောင်းရတယ်
အမယ် မမ
သားလှတွက်တာ၊ နောင်များဖြင့် ပူပါနဲ့
ပုဂံမှာမွေး၊ ပုဂံသွေးမို့
အလေးမမူ၊ အသက်ပင်လှူခဲ့ပေါ့
ပြည်သူသက်စွန့်၊ လက်ရုံးအင် သည်တအားနဲ့
ဘယ်တိုင်းခြား ဝံ့မတုံးတဲ့။

ယာလက်ရုံးငဲ့ပြင်
နှလုံးမှာ ဖြူစင်ကြယ်နဲ့
လူတွင်ကျယ် ပုဂံသားတွေတို့
ကိုယ့်အားကို ကိုယ်ယုံကိုးကာပ
ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်
ဓားထက်တဲ့ပုဂံမှာ
မြန်မာတို့ခေတ်ဟောင်း။

စေတီနဲ့ တန်ဆောင်း
ဆည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံ ပြည်တကြောမှာ
ပေါချင်တိုင်းပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့
ပုဂံပွဲ သာလွန်လို့
လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစိတ်ဝမ်း တလက်ညီ
ပြည်ရေးကို ပြိင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘဝဂ်က ပြန်ပါရော့။

တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့
ပြည်ပုဂံ နော်ရထာဘုန်းငဲ့ပြင်
ပြည်လုံး ညီညာတော့
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့ ဝင်းခဲ့သ
သည်မင်း သည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘူ့
ရွှေစည်းခုံ ခြေတော်ရင်းဆီ
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညင်းဆိုခဲ့ကြောင်း။ ။ ဇော်ဂျီ (ဂန္ထလောက၊ မေ၊ ၁၉၃၆)

မြန်မာတစ်တွေမှာ မဟုတ်ပါ။ ဟိုတစ်ခေတ်ကိုဖြင့် မဟုတ်ပါ။ တစ်ရွှင်ရွှင်နဲ့ မဟုတ်ပါ။ မြန်မာနယ့်တစ်ရိုး မဟုတ်ပါ။ တပ်ဦးမှာတစ်ချီချီနဲ့ မဟုတ်ပါ။ တစ်နှစ်တွင်းမှာ မဟုတ်ပါ။ တစ်လူရှားလောက်ရဲ့ မဟုတ်ပါ။ ကိုယ့်မျိုးဂုဏ် တစ်မာန်တက်ပေလိမ့် မဟုတ်ပါ။ တစ်စိတ်ဝမ်း တစ်လက်ညီ မဟုတ်ပါ။

နောက်လူတွေက သတ်ပုံကိုသူတို့လိုသလိုပြင်ပြီး ရေးတင်ကြတယ်။ ရိုက်နှိပ်ထုတ်ဝေ ရောင်းချကြတယ်။ အဲလို မလုပ်ကောင်းပါ။ အမှား ရောင်းမစားသင့်ကြပါ။ မြန်မာစာကိုလည်း မဖျက်သင့်ပါ။ သမိုင်းကိုလည်း မပြင်သင့်ပါ။ တိုင်ပြည်အမွေအနှစ်ကိုလည်း နိုင်ငံရေးအမြတ်မထုတ်သင့်ကြပါ။ မောင်တို့ ကြားကုန်လော့။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂၀၁၉

အတု

ဒီ page က အတုလားဆရာ

အတု။ ကျွန်တော် မဟုတ်။ ကျွန်တော်က စာရေးဆရာမဟုတ်လို့ ဆောင်းပါးလို့ တခါမှ မသုံးပါ။ ရေးထားတဲ့စာတချို့ ကျွန်တော့်ဘလော့ကနေယူသုံးတယ်။ အမေး အဖြေတွေလုပ်နေတယ်။ ကွန်တော် မသိ။ သတ်ပုံကလည်း ပေါ်လစီအရ ပလီပြီး တ ကို တစ် လုပ်ထားတယ်။ ကွန်တော်က အဲလိုဟာ မရေးပါ။ ခဏခဏ (ခဏခဏ) ဖြေထားရတယ်။ အတု။

အခုက မေးမိပြီဆရာ ပုံတွေပါပြမိပြီဆရာ လူလိမ်တွေ ဘယ်လောက်ထိလိမ်နေကြမလဲသိဘူး ရှက်စရာဆိုပီး ဘယ်သူ့ကမှ အကျယ်ကျယ်မလုပ်ကြတာနေမယ်

ခဏခဏတင်ပြတာပဲ။ ပိတ်လည်းမရသေး ရီပို့တ်လည်း လုပ်ပေးကြတယ်။

ကျွန်မ ဒေါသလဲထွက် ဝမ်းလည်းနည်း ဘယ်လိုတုန့်ပြန်ရမလဲ ရှေ့နေနဲ့တိုင်ပင်ရမလား

အမေး အဖြေတွေကလည်း ပီပလာ ညုတုတုတွေပါသေး။ ကွန်တော်က အဲလိုမရေးသားပါ။

ဟုတ်ကဲ့ဆရာ ကျွန်မကလည်း လောလောလောလောနဲ့ ဝေဒနာခံစားနေရသူကိုး ဘယ်ညာ မကြည့်မိဘူး သူက ပြန်ပြောတာကလဲ ကျန်းမာရေးနော့လိပ်ရှိနေတယ်ဆိုတော့ ပုံတွေ ပို့မိတယ်

ဆရာ့မှာ ပုံပို့ခြင်းစည်းကမ်းရှိတယ်။ ပုံတွေမလိုတာများတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂၀၁၉

ဒေါင်းခေတ်

အိမ်ပြန်ခရီး
တိမ်ယာဉ်စီးလို့
မနီးတဲ့ဌာနေဆီ အတွေးမျှင်တန်း။

ကျောင်းအပြန်
ဒေါင်းအလံ နှစ်ခုကြား
မွေးဖွားတဲ့ လူသား
အားကျနှင့် အားပေး တွေးလို့ရည်မှန်း။

ကျွန်တော်က လွတ်လပ်ရေးဒေါင်းအလံကိုမမီ၊ ဒီမိုကရေစီဒေါင်းခေတ်ကျ အသက်ကရနေပြီ။

ဒေါက်တာတင့်ဆွေ
၃၀-၇-၂၀၁၉

ရက်ပေါင်း တထောင်





အောင်လင်းရဲ့ ညပေါင်ငါးရာ စာအုပ်ကပါဆရာ။ အဆင်ပြေမယ့်ထင်တာလေးတွေ ရိုက်ပို့လိုက်ပါတယ်ဆရာ။

ကျေးဇူး။

ရက်ပေါင်း တထောင်
စာရွက်တရွက်
ခလေးတယောက်
သားတယောက်
တခြားမိဘတွေ
ဇနီးအတွက် စာတရွက်
တချို့မိတ်ဆွေ
တဖွားဖွား

ဒေါက်တာတင့်ဆွေ
၃၀-၇-၂၀၁၉

ဦးပြုံးချို

အဋ္ဌုပ္ပတ္တိ၊ ဧး၊ ဤတလောက၊ ကမ္ဘာတသောင်း၊ ခုခေတ် ရေးဟန်တွေနဲ့တော့ ကွဲနေတယ်နော်ဆရာ။

ဟုတ်။ အရင်ကလည်း သတ်ပုံမူကွဲတွေရှိတယ်။ နောက်မှာ သန့်စင်လာကြတယ်။ သန့်စင်တယ်ဆိုတာ ပိုပြီး လွယ်ကူရှင်းလင်းအောင်လုပ်တာ။ အပိုတွေ မထည့်တော့။

မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာရေး၊ စွဲး၊ စဲး၊ ထဲး၊ ဆဲး၊ ဆြာ၊ မင်းသ္မီး၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ ယ္ခု၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး တွေကိုလည်း အခုမရေးကြတော့ပါ။ ရွဲး၊ ခဲး၊ ပဲး၊ စတာတွေမှာလည်း (း) မထည့်ပဲ ရေးလာကြတယ်။ အဲလိုပြောင်းလဲခြင်းကသာ ခေတ်အရပြောင်းတာမည်ပါတယ်။ မဆင့်တော့ပဲ ခွဲရေးတာဟာ ပိုရှင်းလင်းပြီး အဓိပ္ပါယ်လည်း မပျက်စေပါ။

အရင်က ဖြတ်လမ်းရေးနည်းတွေ လုပ်ခဲ့ကြတယ်။ မြောက်ကို မြောံ၊ ပျောက်ကို ပျောံ စသဖြင့်ရေးခဲ့ကြတယ်။ ကသတ် ထည့်ရေးတာက ပိုပြီးရှင်းတယ်။ အဆင့်တွေပါလေ့ရှိတဲ့ ပါဠိစာနဲ့ မြန်မာစာ ရောနေတာ များခဲ့တယ်။ ပါဠိပျက်တွေ ပါနေတယ်။ ပါဠိနဲ့ သက္ကတ ခေါ် ဆန်းစ်ကရစ် မတူ။ ပဌမနဲ့ ပထမ၊ သမတနဲ့ သမ္မတ လာငြင်းကြသေးတယ်။

ဘာသာခြားစာလုံးတွေကို မြန်မာပြန်ရာမှာပါ အဆင့်တွေနဲ့ရေးကြတယ်။ အင်္ဂလိပ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဣသရေလ၊ စသည်။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိ။ ယုဒသန်က အင်္ဂလိတ်လို့ ရေးတယ်။

လွယ်တာကို ခက်အောင်ရေးတာတွေရှိတယ်။ တခါတလေကို တစ်ခါတစ်လေ၊ တခါတရံကို တစ်ခါတစ်ရံ၊ တပင်တိုင်ကို တစ်ပင်တိုင်နဲ့ တစ်ဆယ်၊ တစ်ရာတွေမှာ တစ်တွေနဲ့ရေးနေတာတွေက မလိုအပ်ပဲ အမိန့်နဲ့ ခိုင်းထားတာ။ မှားလို့ပြင်တာ မဟုတ်။ အလုပ်ရှုတ်အောင် ညွှန်ကြားထားတာ။ မှန်တာကို မှားအောင်လုပ်တာသာဖြစ်တယ်။

စာအုပ်တွေက သတ်ပုံကျမ်းတော့ မဟုတ်ပါ။ သီချင်း၊ ကဗျာ၊ သံချပ်၊ သတင်း၊ ကာတွန်း စတာတွေမှာ အသံ ကာရန်အရ ရေးတာတွေရှိတယ်။ အဲတာတွေကိုလည်း စံကိုက်သတ်ပုံစာရင်းမှာ မထည့်ရပါ။ စာနဲ့ စကားကွဲတယ်။ စကားပြောသလို စာရေးနည်း ပိုပြီးတွင်ကျယ်လာတယ်။ အခုတခါ အသံထွက်သလို စာရေးနေတာကို အမှန်ထင်နေကြတယ်။ မှားတယ်။ ကူးစက်နေတယ်။ ဘန်းစကားဆိုတာ ခေတ်တိုင်းမှာရှိတယ်။ အဲတာတွေက သတ်ပုံမှန်မဟုတ်ပါ။

မြန်မာစာဟာ သိပ္ပံဘာသာရပ်တွေလို ဖေါ်မြူလာလုပ်မရ။ မူကွဲတွေရှိတယ်။ အစိုးရပြောင်းတိုင်း သတ်ပုံလိုက်ပြောင်းတာ မှားတယ်။ အမိန်နဲ့ မပြောင်းရ။ ပညာကို ပညာနဲ့သာ သန့်စင်ရာတယ်။ သတ်ပုံကျမ်းသည် ဖွဲ့စည်းပုံစာအုပ် မဟုတ်။ ဝေါဟာရကို နိုင်ငံရေးလုပ်နေလို့ မဖြစ်သင့်တာတွေ ဖြစ်နေတာ။

မြန်မာစာ ကူးစက်ရောဂါတွေကင်းပြီး ကျန်းမာသန်စွမ်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂၀၁၉

Skype Interview အင်တာဗျူး

ရေဒီယိုတခုက အင်တာဗျူးမယ်တဲ့။ ဟုတ်။ စကိုက် နဲ့။ အသံသာမက ရုပ်လည်းပါမယ်တဲ့။ အော်။

နေမကောင်းလို့ မေးတာတွေကို ဖုန်းနဲ့ မဖြေပါ။ ပုံပို့နည်းစည်းကမ်းလည်း လုပ်ထားရတယ်။ ကျွန်တော့်မှာ ရုံးခန်းမရှိလို့ ကိုယ့်အိမ်မှာပဲ စာတွေရေး၊ မေးတာတွေဖြေရတယ်။ ကျွန်တော့်အနားမှာ မိသားစုဝင်တွေ၊ အလည်လာသူတွေက အမြဲလိုလိုရှိတတ်တယ်။ တခါတလေ ဘုန်းကြီးကျောင်းမှာ။ တခါတလေ စာသင်ကျောင်းမှာ။ တခါတခါ ကားပေါ်မှာ။ အရုပ်တွေက  တန်းပေါ်လာတယ်။ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေလည်း မဖွင့်ရဲပါ။

အခုအင်တာဗျူးလုပ်မှာ ပြင်ရဆင်ရတယ်။ စွပ်ကျယ်နဲ့မသင့်လို့ ရှပ်လက်တိုဝတ်။ ပုဆိုးတော့ လူမမြင်။ အနေအထားပါ ပြင်တယ်။ တဘက်ကအလင်းရောင်များနေလို့ ဖွင့်ထားတဲ့တံခါးပိတ်။ ငပိကြော်လို့ အနံ့ထုတ်နေလို့ တံခါးရော ပန်ကာပါ ခဏဖွင့်ထားရတာ။ ပိတ်။

မေးခွန်းက ကနေ့ဖြစ်နေတဲ့ ဘာသာရေး။ တံခါးပိတ်ထားလည်း ငါးပိနံ့ရသေးသလို။ ဘာသာရေးညှော်ကတော့ ငါးပိကြော်လို မမွေးပါ။ ဆိုးတယ်။

စားလည်းမရ အနံ့လည်းမကောင်းတာတွေ ပျောက်ပါစေသတည်း။ အသားဝါရောဂါ ကုရတာခက်တယ်။ ဆောရီး။ ဘီပိုး စီပိုး မဟုတ်။ ၂၀၁၅ ပိုးလည်း မဟုတ်။ ၂၀၂၀ ပိုး။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂၀၁၉

Chapati ချာပါတီ

မစားရကြာလေပြီ
နှစ်ငါးဆယ်ကျော် ရာသီ
ချာပါတီ တဲ့။

မိတ်ဆွေရင်းတယောက်က တင်ထားတယ်။ ကျွန်တော်က စာလုံးပေါင်းကို မျက်လုံးပြူးကြည့်တဲ့လူစား။ ချာပါတီ။

အိန္ဒိယအစာ Chapati ကို ကျွန်တော်တို့က ချပါတီလည်းခေါ်၊ ချာပါတီလည်းခေါ်ကြတယ်။

ချာပါတီကို ချာသောပါတီလို့ အဓိပ္ပါယ်ဖွင့်နိုင်တယ်။ နှစ် ၅၀ မှာ ချာတဲ့ပါတီတွေက များတယ်။ မချာတဲ့ပါတီက အလွန့်အလွန် ရှားတယ်။ မစားရကြာပြီဆိုတာ ဟုတ်မှာပဲ။ မမြင်ရကြာတာတော့ မဟုတ်နိုင်။ Smile!

ချာပါတီ ဘာနဲ့စားမှာလဲ။ အာလူးပေးတဲ့ပါတီတွေက အများကြီး။ No Smile!

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၉

Truth စာတွေ့

ပုံကတော့ ဆေး။ ရေးမှာက ကျန်းမာရေး မဟုတ်။

ပျက်သွားတဲ့ဖေ့စ်ဘွတ်မှာ History of Burma မြန်မာနိုင်ငံသမိုင်းတင်ထားတာ ၂၂ နာရီအတွင်း 5.5 K Likes + 4,519 Shares နဲ့ Page မှာ 445,275 Reaches + 5,367 Shares ရှိတယ်။

ဒွိဟတွေဖြစ်နေကြရင် မှန်တာကိုပြောလိုက်ပါလို့ မာ့ခ်တွိန်းက ပြောပါသတဲ့။ သမိုင်းကို လိမ်ကောက်ကွေး ရေးခဲ့သူတွေထဲမှာ သမိုင်းဆရာမကြီးတွေပါတယ်။

သစ္စာတရားဆိုတာ အပြောမဟုတ်။ အပြောသက်သက်ဆိုရင်တော့ သစ္စာတရား မဟုတ်တော့ဘူးလို့ ဆရာတော်တပါးက Lao Tzu ရေးတဲ့ The Book of Secrets ထဲကနေ ဘာသာပြန်ထားတယ်။

သစ္စာတရားကို အင်္ဂလိပ်လို ထရု့သ်၊ အက်ပဆိုလု တရု့သ်လို့ ပြောကြတယ်။ ဘယ်လိုဘာသာပြန်ပြန် တမျိုးတည်းသာရှိတာ။

နောက်စာလုံးတခုက နိဗ္ဗာန်

အမည်ဟူသ၍၊ နေရာဟူသမျှကို နာမ်လို့ခေါ်တယ်။ နိဗ္ဗာန်က အဲတာထဲမှာမပါ။ စိတ္တဇနာမ်။ စိတ္တဇလို့ ပြောရတာလည်း မမှန်။ ဆုပ်ကိုင် လက်ညှိုးထိုးပြလို့ မရတာမျိုး။ စိတ်ကူးအသိ။

စာလုံးတွေပါ။ စာတွေ့ပဲ။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၉

Infections အင်ဖက်ရှင်ရစေတဲ့ပိုးတွေ

အင်္ဂလိပ်စာလုံးတွေ မတည့်မဖြစ်ပါ။ ဆောရီး။ သေးငယ်တဲ့ရောဂါပိုးမွှားလေးတွေက လူ့ကိုယ်ထဲတနည်းနည်းနဲ့ဝင်လို့ လူ့ခန္ဓာကိုယ်ကို အသုံးပြုပြီး မျိုးပွားကြ၊ အုံကျင်းဖွဲ့ နေထိုင်လို့ လူကိုရောဂါရစေတယ်။ အဲလိုနည်းနဲ့ရတဲ့ရောဂါတွေကို Infectious diseases ကူးစက်ရောဂါတွေလို့ ခေါ်တယ်။ အဲလိုရောဂါတမျိုးရှိနေစဉ်မှာ ထပ်ရလာတဲ့ရောဂါသစ်ဝင်တာကို Secondary infection ဒုတိယပိုးဝင်ခြင်းလို့ခေါ်တယ်။ အဲလိုဖြစ်တဲ့အခါ လူရဲ့တုန့်ပြန်မှုကို Inflammation အင်ဖလမေးရှင်း ရောင်ခြင်းလို့ ခေါ်တယ်။

ရောင်ခြင်းဖြစ်ရင် လက္ခဏာကြီး ၅ မျိုးဖြစ်လာတယ်။
၁) နီခြင်း၊ Redness = Rubo
၂) ရောင်ခြင်း၊ Swelling = Tumor
၃) နာခြင်း၊ Pain = Dolor
၎) ပူခြင်း၊ Heat = Calor
၅) လုပ်ရမည့် အလုပ်ပျက်ခြင်း၊ Loss of function = Functio laesa တွေဖြစ်တယ်။

Acute infection ရက်တို ရုတ်တရက် အင်ဖက်ရှင်နဲ့ Chronic infection ရက်ရှည် အင်ဖက်ရှင်လို့နှစ်မျိုးရှိတယ်။ အင်ဖက်ရှင်ရတဲ့ရောဂါတွေအမည် အဆုံးတိုင်းမှာ –itis နဲ့ ဆုံးတယ်။ ဥပမာ Dermatitis အရေပြားရောင်ခြင်း၊ Appendicitis အူအတက်ရောင်ခြင်း၊ Meningitis ဦးနှောက်မြှေးရောင်ခြင်း၊ Tonsillitis အာသီးရောင်ခြင်း။

၁။ Bacteria ဗက်တီးရီးယား၊
၂။ Virus ဗိုင်းရပ်၊
၃။ Parasite ပါရာဆိုက်၊ နဲ့
၎။ Fungus ဖန်းဂတ်စ်။

Bacterial infectious diseases ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေ
1. Anthrax နွားမှတဆင့် ကူးစက်တဲ့ ဒေါင့်သန်းရောဂါ၊
2. Antibiotic Diarrhea ပဋိဇီဝဆေးကြောင့် ဝမ်းပျက်ခြင်း၊
3. Bacterial Meningitis ဦးနှောက် အမြှေးရောင်၊
4. Bacterial Vaginosis မွေးလမ်းရောင်ခြင်း၊
5. Brucellosis တိရိစ္ဆာန် မှတဆင့် ကူးတဲ့ရောဂါ၊
6. Chancroid ရှန်ကာ၊
7. Chlamydia မွေးလမ်းရောင်ခြင်း၊
8. Cholera ကာလဝမ်းရောဂါ၊
9. Clostridium botulinum အစာဆိပ်သင့်ခြင်း၊
10. Conjunctivitis မျက်စိနာခြင်း၊
11. Diphtheriaဆုံဆို့နာ၊
12. Epididymitis ကျားအစိ ရောင်ခြင်း၊
13. Food Poisoning အစာဆိပ်သင့်ခြင်း၊
14. Gardnerella မွေးလမ်းပိုးဝင်ခြင်း၊
15. Gas Gangrene အနာပုတ်ခြင်း၊
16. Gonorrhea ဂနိုရီးယား၊
17. H. Pylori အစာအိမ်နာ၊
18. Impetigo အရေပြား အနာရင်းခြင်း၊
19. Leprosy (Hansen's Disease) အနာကြီးရောဂါ၊
20. Lyme Disease လိုင်းမ်ရောဂါ၊
21. Orchitis ကျားအကြောရောင်ခြင်း၊
22. Osteomyelitis အရိုးတွင်းရောင်ခြင်း၊
23. Otitis Media နားပြည်ယိုခြင်း၊
24. Pertussis (Whooping Cough) ကြက်ညှာ ချောင်းဆိုး၊
25. Plague ပလိပ်၊
26. Pneumonia နူမိုးနီးယား၊
27. Prostatitis ကျားဆီးကြိတ်ရောင်ခြင်း၊
28. Pyelonephritis ကျောက်ကပ်ပြွန်ရောင်ခြင်း၊
29. Rheumatic Fever ရူမက်တစ်အဖျား၊
30. Salmonellosis ဆာလ်မိုနယ်လိုးဆစ်၊
31. Shigellosis ရှီဂယ်လိုးဆစ်၊
32. Syphilis ဆစ်ဖလစ်၊
33. Tetanus မေးခိုင်၊
34. Trachomaမျက်ခမ်းစပ်၊
35. Traveller's Diarrhea ခရီးသွားဝမ်းပျက်၊
36. Tuberculosis (TB Koch’s) တီဘီ၊
37. Typhoid တိုက်ဖွိုက်၊
38. Typhus Fever တိုက်ဖတ်စ်ရောဂါ၊
39. Urinary Tract Infections ဆီးလမ်းကြောင်းပိုးဝင်ခြင်း။

Staphylococcal Infections စတက်ဖလိုကောကပ်စ် ဗက်တီးရီးယား အင်ဖက်ရှင်တွေ
1. Endocarditis နှလုံးအတွင်းသား ရောင်ခြင်း၊
2. Folliculitis, Furuncles အရေပြားရောင်ခြင်း အမျိုးမျိုး၊
3. Food poisoning အစာဆိပ်သင့်ခြင်း၊
4. Impetigo အရေပြားနာ၊
5. Infections related to prosthetic devices သွားအတု-အရိုးတုရောင်ခြင်း၊
6. Osteomyelitis အရိုးအတွင်း ရောင်ခြင်း၊
7. Pneumonia နူမိုးနီးယား၊
8. Urinary tract infection ဆီးလမ်းရောင်ခြင်း။
9. Wound infections, Soft-tissue infections အနာ-ဒဏ်ရာတွေ၊

Streptococcus Group A Infections စတက်ပတိုကောကပ်စ် အေ ဗက်တီးရီးယားအင်ဖက်ရှင်တွေ
1. Abscess ပြည်တည်နာ၊
2. Acute Glumerulo-nephritis ကျောက်ကပ် ရုတ်တရက်ရောင်ခြင်း၊
3. Acute rheumatic fever လေးဘက်နာ ရုတ် တရက်ဖြစ်ခြင်း၊
4. Brain Asscess ဦးနှောက် ပြည်တည်ခြင်း၊
5. Meningitis ဦးနှောက်မြှေး ရောင်ခြင်း၊
6. Necrotizing fasciitis အရေပြား ပြည်တည်ခြင်း၊
7. Osteomyelitis အရိုးအတွင်းရောင်ခြင်း၊
8. Ottitis Media နားပြည်ယိုခြင်း၊
9. Pharyngitis အာခေါင်ရောင်ခြင်း၊
10. Pneumonia နူမိုးနီးယား၊
11. Rheumatic Heart disease ရူမက်တစ် နှလုံးရောဂါ၊
12. Scarlet fever စကားလက်ဖီဗာ။
13. Sinusitis ဆိုင်းနပ်စ်၊
14. Streptococcal bacteremia သွေးထဲပိုး ဝင်ခြင်း၊
15. Tonsillopharyngeal cellulitis အာသီး-အာခေါင် ရောင်ခြင်း၊

Streptococcus Group B Infections စထွက်ပတိုကောကပ်စ် ဘီ ဗက်တီးရီးယား အင်ဖက်ရှင်တွေ
1. Arthritis အဆစ်ရောင်ခြင်း၊
2. Bacteremia သွေးထဲပိုးရောက်ခြင်း၊
3. Cellulitis, Skin and soft-tissue infection အရေပြားအနာတွေ၊
4. Endocarditis နှလုံး အတွင်းသားရောင်ခြင်း၊
5. Meningitis ဦးနှောက်မြှေးရောင်ခြင်း၊
6. Osteomyelitis အရိုးအတွင်း ရောင်ခြင်း၊
7. Pelvic abscess တင်ပါးဆုံတွင်း အင်္ဂါတွေ ပြည်တည်ခြင်း။
8. Pneumonia နူမိုးနီးယား၊
9. Urinary tract infection ဆီးလမ်းရောင်ခြင်း၊

Streptococcus Group D Infections စထွက်ပတိုကောကပ်စ် ဒီ ဗက်တီးရီးယားအင်ဖက်ရှင်တွေ
1. Meningitis ဦးနှောက်မြှေးရောင်ခြင်း၊
2. Neonatal sepsis မွေးစကလေးပိုးဝင်ခြင်း။
3. Peritonitis ဝမ်းဗိုက်အတွင်းဖုံးအလွှာရောင်ခြင်း၊
4. Septic arthritis အဆစ်ရောင်ခြင်း၊
5. Urinary tract infections ဆီးလမ်းရောင်ခြင်း၊

Viral infectious diseases ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါတွေ
1. Acute Respiratory Syndrome (SARS) ဆားစ်၊
2. AIDS အေအိုင်ဒီအက်စ်၊
3. Bronchiolitis လေပြွန်ငယ်တွေရောင်ခြင်း၊
4. Chickenpox (Varicella) ရေကျောက်၊
5. Common cold အအေးမိ၊
6. Conjunctivitis မျက်စိနာ၊
7. DHF သွေးလွန်တုပ်ကွေး၊
8. Encephalitis ဦးနှောက်ရောင်၊
9. H1N1 influenza virus တုပ်ကွေး
10. H5 N1 Avian influenza လူတွေမှာဖြစ်တဲ့ ကြက်ငှက်တုပ်ကွေး
11. Hepatitis အသဲရောင်၊
12. Herpes ရေယုံ၊
13. Herpes Simplex ရိုးရိုး ရေယုံ
14. Herpes Zoster ရေယုံ၊
15. Human Papilloma virus ကြွက်နို့၊
16. Influenza (Flu) တုပ်ကွေး၊
17. Influenza A (H3N2) Variant Virus ဝက်တုပ်ကွေးတမျိုး
18. Measles ဝက်သက်၊
19. Meningitis ဦးနှောက်မြှေး ရောင်၊
20. Mumps ပသိရောင်၊
21. Orchitis ကျားအစိရောင်၊
22. Poliomyelitis ပိုလီယို၊
23. Rabies ခွေးရူး၊
24. Rubella (German Measles) ဂျာမန် ဝက်သက်၊ Severe
25. Rubella (ရူဘဲလား) ဂျိုက်သိုး (ဂျာမန်ဝက်သက်)၊
26. Shingles ရှင်းဂဲလ် ခေါ် ဆင်ဖြူတော်ရေယုံ
27. Smallpox ကျောက်ကြီး၊
28. Viral encephalitis ဗိုင်းရပ်စ် ဦးနှောက်ရောင်၊
29. Viral gastroenteritis ဗိုင်းရပ်စ် အစာလမ်းရောင်ခြင်း၊
30. Viral Pneumonia ဗိုင်းရပ်စ် နူမိုးနီးယား၊
31. Viral pneumonia ဗိုင်းရပ်စ် နူမိုးနီးယား။

Parasitic infectious diseases ပါရာဆိုက်ကြောင့်ဖြစ်တဲ့ ရောဂါတွေ
1. African Sleeping Sickness အာဖရိကအိပ်ချင်ရောဂါ၊
2. Amebiasis အမီးဘား ဝမ်းကိုက်၊
3. Ascariasis သန်ကောင်၊
4. Bed Bugs ကြမ်းပိုး၊
5. Enterobiasis (Pinworm) စအိုယားစေတဲ့ သန်ကောင်၊
6. Filariasis ဆင်ခြေထောက်၊
7. Giardiasis ဂိုင်ယားဒီးရေးဆစ်၊
8. Hookworm ချိတ်သန်ကောင်၊
9. Lice သန်း၊
10. Malaria ငှက်ဖျား၊
11. Pinworms အပ်ပုံသန်ကောင်၊
12. Scabies ဝဲ၊
13. Tapeworm တိပ်ပြားပုံ သန်ကောင်၊
14. Trichinosis ဝက်မှကူးတဲ့ သန်ကောင်၊
15. Trichomoniasis ထွိုင်ကိုမိုးနပ်စ် လိင်မှတဆင့် ကူးစက်တဲ့ မွေးလမ်း-ဆီးပြွန်ရောင်ခြင်း။

Fungal infectious diseases ဖန်းဂတ်စ်ကြောင့်ဖြစ်တဲ့ရောဂါတွေ
1. Aspergillosis အဆုပ်ထဲဝင်ခြင်း၊
2. Athlete's Foot အားကစားသမားခြေထောက်၊
3. Candidiasis ကင်ဒီဒိုင်ရေးဆစ်၊
4. Histoplasmosis အဆုပ်ရောဂါတမျိုး၊
5. Pneumocystis Carinii Pneumonia (PCP) နူမိုးနီးယားတမျိုး၊
6. Sporotrichosis အရေပြားနာ၊
7. Thrush မှက်ခရု၊ အရေပြား၊ မွေးလမ်း၊ အစာမြိုပြွန်တို့၌ ဖြစ်တဲ့ရောဂါတွေ။
8. Yeast Infections (ရိစ်) မွေးလမ်ကြောင်း ယားပြီးအဖြူဆင်းခြင်း။

ဒေါက်တာတင့်ဆွေ

စတက်ဖလိုကောကပ်စ်အတွက် ပိုးသေဆေးတွေ
• Clindamycin: လူကြီး 150-300 mg (၈) နာရီတကြိမ်၊ 300-600 mg IV (၈) နာရီတကြိမ်၊ ကလေး 25-40 mg/kg/d IV တနေ့ ၃ ကြိမ်၊
• Dicloxacillin: လူကြီး 500 mg ၆ နာရီတကြိမ်၊ ကလေး 25 mg/kg/d ၆ နာရီတကြိမ်၊
• Trimethoprim-sulfamethoxazole (Septrin): လူကြီး 160 mg TMP/800 mg SMZ တနေ့ ၂ ကြိမ်၊ ၁ဝ-၁၄ ရက်၊ ကလေး >2 years: 6-12 mg of trimethoprim/kg/d တနေ့ ၂ ကြိမ်၊
• Nafcillin: လူကြီး 1-2 g IV ၄ နာရီတကြိမ်၊ ကလေး 100-200 mg/kg/d IV ၄ နာရီတကြိမ်၊
• Vancomycin: လူကြီး 1 g or 15 mg/kg IV ၁၂ နာရီတကြိမ်၊ ကလေး 30-40 mg/kg/d IV ၁၂ နာရီတကြိမ်၊
• Cefazolin: လူကြီး 1 g IV (၈) နာရီတကြိမ်၊ ကလေး 50-100 mg/kg/d IV ၈ နာရီတကြိမ်၊
• Minocycline: လူကြီး 100 mg PO/IV q12-24h; ကလေး 2-4 mg/kg/d တနေ့ ၂ ကြိမ်၊

စတက်ပတိုကောကပ်စ် အေအတွက် ပိုးသေဆေးတွေ
• Penicillin G: လူကြီး 2-4 million U IV တနေ့ ၄ ကြိမ်၊ ကလေး 150,000 U/kg/d IV ၄ နာရီတကြိမ်၊
• Penicillin VK: လူကြီး 500 mg တနေ့ ၂-၃-၄ ကြိမ်၊ ၁ဝ ရက်၊ ကလေး 250 mg တနေ့ ၂-၃ ၁ဝ ရက်၊
• Clindamycin: လူကြီး 600 mg IV တနေ့ ၃ ကြိမ်၊ (သို့) 300-450 mg တနေ့ ၄ ကြိမ်၊ ကလေး 25-40 mg/kg/d IV တနေ့ ၃-၄ ကြိမ်၊
• Vancomycin: လူကြီး 15 mg/kg IV ၁၂ နာရီတကြိမ်၊ (သို့) 22.5 mg/kg ၁၂ နာရီတကြိမ်၊ ဦးနှောက်ရောင် = ကလေး 40 mg/kg/d IV တနေ့ ၃ ကြိမ်၊/တနေ့ ၄ ကြိမ်၊ ၇-၁ဝ ရက်။
• Telavancin: လူကြီး 10 mg/kg IV OD ၇-၁ဝ ရက်။

စထွက်ပတိုကောကပ်စ် ဘီအတွက် ပိုးသေဆေးတွေ
• Penicillin G: လူကြီး 12-24 million U/d IV ၄ ပါတ်။
• Cefazolin: လူကြီး 1 g IV တနေ့ ၃ ကြိမ်၊
• Vancomycin: လူကြီး 1 g IV တနေ့ ၂ ကြိမ်၊
• Telavancin: လူကြီး 10 mg/kg IV ၇-၁၄ ရက်။
• Gentamicin: လူကြီး 60 mg IV တနေ့ ၃ ကြိမ်၊
• Clindamycin: လူကြီး 600 mg IV တနေ့ ၄ ကြိမ်၊ 900 mg IV တနေ့ ၃ ကြိမ်၊ 300 mg တနေ့ ၄ ကြိမ်။

စထွက်ပတိုကောကပ်စ် ဒီအတွက် ပိုးသေဆေးတွေ
• Penicillin G လူကြီး 12-18 million U IV ကို ၂၄ နာရီအတွင်း ၄ ကြိမ်ခွဲပေးပါ။ ကလေး >4 weeks: 25,000-400,000 U/kg/d IV တနေ့ ၄ ကြိမ်။
• Ceftriaxone: လူကြီး 2 g IV တနေ့ ၁ ကြိမ်။ ကလေး >4 weeks: 50-100 mg/kg/d IV တနေ့ ၁-၂ ကြိမ်။
• Vancomycin: လူကြီး 30 mg/kg ကို တနေ့ ၂ ကြိမ်ခွဲပေး။ ကလေး >4 weeks 40 mg/kg/d IV တနေ့ ၃-၄ ကြိမ်။
Candidiasis Yeast like fungus ဖန်းဂန်စ် မှိုဝင်ခြင်းအမျိုးမျိုး
• Clotrimazole, Ciclopirox, Econazole, Intraconazole, Ketoconazole, Miconazole, Nystatin လိမ်းဆေး-ထည့်ဆေးတွေ။
• Candida esophagitis: Fluconazole 100-200 mg/d ၁၄-၂၁ ရက်၊
• Vulvovaginal candidiasis: Fluconazole 150 mg ၁ ကြိမ်တည်း။
• Candida cystitis: Fluconazole at 200 mg/d ၁ဝ-၁၄ ရက်အနည်းဆုံး၊
• Renal candidiasis: Fluconazole at 400 mg/d IV or orally ၂ ပါတ်အနည်းဆုံး။
• Chronic mucocutaneous candidiasis: Fluconazole 100-400 mg/d (သို့) Itraconazole 200-600 mg/d

ဆေးပေးနည်းတွေပါထည့်ရေးလို့ မထည့်သင့်ဘူးဆိုပြီး ဆုံးမမဲ့သူတွေ ပေါ်လာဦးမယ်။ မတတ်နိုင်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Monday, July 29, 2019

ဘဝတခုလုံး

စာအုပ်တွေ စာတွေ ဖတ်ခဲ့တာ များပြီ။ ကျွန်တော့်ဘဝတခုလုံးမှာ တကြိမ်တခါမှ ဘဝ (တစ်) ခုလုံးလို့ မဖတ်ခဲ့၊ မရေးခဲ့ပါ။ အခုလည်း အဲလိုရေးတာမျိုး တအုပ်တလေမှ မဖတ်ချင်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၁၉
ပုံအတွက် ကျေးဇူး။

ဗြိဇုံနဲ့ ဗြုံဇိ


ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ ဘာကွာသလဲတဲ့။

လူတော်လူကောင်းလို့ တသက်လုံး ပြောဆို ရေးသားလာကြတာကနေ လူကောင်းလူတော်အသုံးကို ပရိုမုတ်လုပ်တယ်။ ဗိုလ်နေဝင်းလက်ထက်မှာ။

ပါတီနိုင်ငံရေးကို အကုသိုလ်လိုလိုပြောတာက နဝတ။

လူတွေကတော့ ပိုကောင်းလာကြသလား ပိုတော်လာကြသလား ပြောရန်မလို။

လာဘ်စားတာက အကုသိုလ် မဟုတ်သလိုလို။

အမျိုးသားနိုင်ငံရေးပြောနေကြတာလည်း သည်လိုပါပဲ။ ဗြိဇုံနဲ့ ဗြုံဇိ။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၁၉

သက်ထားတယောက်နဲ့


ကိုမောင်မောင် သီချင်းစာသားတွေ ပို့ပေးတယ်။ ကျေးဇူး။

မင်းတယောက်နဲ့
သက်ထားတယောက်နဲ့

တကွေ့ကွေ့တော့ဖြင့်
အိပ်မက်ထဲ တလှည့်ကျော့ကာ
တချိန်ကတော့
တမင်ဆုံဖို့
ဘဝတခုရဲ့အခင်မင်ဆုံး

မြန်မာစာသည် (တစ်) ပေါင်းနွေဆီသို့ ဦးတည်နေပြီ။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၁၉

Dahlia Flowers ဒေလီယာ

မရမ်းရောင် ဒေလီယာပန်း။ အသံထွက်နည်းနည်းကွဲတယ်။ Dahlia ဒါလီယာ။

Purple ကိုလည်းခရမ်းရောင်၊ Violet ကိုလည်း ခရမ်းရောင်လို့ ဘာသာပြန်တယ်။ Purple Sunbird က နှံပြီစုတ်ငှက်။ Purple mangosteen ကို မင်းဂွတ်သီးတဲ့။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၁၉

Phone သူများတွေလည်း ဖတ်မရ ကျွန်တော်လည်း ဖတ်မရ

၁။ ဖတ်မရတာတော့အမှန်ပါ။ တန်ဖိုးရှိတဲ့စာတွေ ဖတ်မရတော့ စိတ်မကောင်းဖြစ်ရပါတယ်။

၂။ ဟုတ်ပါတယ်ဆရာကြီး ဖတ်လို့မရပါဘူး ခင်ဗျာ

၃။ ဟုတ်ပါတယ်ဆရာဖတ်လို့မရဘူး

၎။ ဖတ်လို့ရပါတယ် ဆရာ အမြဲဝင်ဖတ်ဖြစ်ပါတယ်

၅။ စာလုံးပေါင်းပဲ စစ်နေတာ site ကိုဝင်ကြည့်တော့ တစ်ခုမှမမှန်ဘူး😂

၅ ယောက်မှာ ၁ ယောက်ရသတဲ့။ ကျွန်တော်က မတတ်နိုင်။ သိတဲ့သူတွေက နည်းတွေ ပေးကြတာ ခဏခဏ။ ကျွန်တော်လည်း ဒီလိုလာတာတွေကို ဖတ်မရ။ ဒုက္ခ။

Hi ဆရာ ဆရာကွျန်ေတာ့အဂါမာအဖုေတွအများကျီးေပါက်ေနတယ်ဆရာသအားယားတယ်ဆရာအဖုေတွကအကျီးကျီးဘဲဆကာပါေဆးလိမ်းလိမ်းမေပျာက်ဘူးဆရာပါဖစ်သာလဲဆရာသိချင်လို႔ပါဆရာေဖျေပးပါဆရာ

ဖေါင့် မတူ ဖတ်မရ။ ဒုက္ခ။

တခြားသူတွေပေးတဲ့ အကြံပြုချက်များ
၁။ link ထဲကိုဝင်ပြီးကြည့်လို့ Font မမှန်ရင် ညာဘက်အပေါ်ဒေါင့်က ... ကိုနှိပ်ပြီး open browser ကိုဖွင့်ပြီး ဖတ်ပါရှင့်။

၂။ ဆရာက Unicode စနစ်မသုံးဘဲ Zawgyi font ကိုပဲ သုံးထားလို့ ဖတ်မရဖြစ်နေတာပါ Yandex Browser ကိုထဲကို MUA extension ထည့်ပြီး သုံးပါ

အသုံးပြုနည်း
Google play store မှ Yandex Browser ကို Install လုပ်ပါ အောက်ပါ link ထဲဝင်၍ extension ကို Add to chrome နှိပ်၍ထည့်လျှင်ရပါပြီ
https://chrome.google.com/.../jnmdbgnckbbmblkbammnfagdmik...
နောက်ပိုင်း Zawgyi နှင့် ရေးထားသမျှ စာတိုင်းကို Yandex Browser နှင့် ဖွင့်တိုင်း အလိုလို စာအမှန် ဖတ်လို့ရသွားပါလိမ့်မည်။

၃။ ဖတ်ခြင်တဲ့ link ကို copy လုပ် browser ထဲက address barမှာ ထည့် enter နှိပ်ပါ Link ကိုဒီအတိုင်းနှိပ်ချလိုက်ရင် facebook ရဲ့ built-in browser ထဲရောက်သွားလို့ဖတ်မရတာပါ

ကိုယ်အသုံးပြုနေတဲ့ဖုန်းကနေ မြန်မာစာဖတ်နည်းသင်ယူထားကြပါခင်ဗျား။ ကျွန်တော် မောပြီ။ မြန်မာဖေါင့်ကို ဒုက္ခဟုခေါ်သည်။ ယူနီကုဒ်ကို ဒုက္ခဟုခေါ်သည်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၁၉


Sunday, July 28, 2019

အရှေ့ကနေဝန်းထွက်သည့်ပမာ

သိန်းဖေမြင့်ရေးသားတဲ့ မြန်မာစာသတ်ပုံမှန်နဲ့သာ ထုတ်ဝေတဲ့ စာအုပ်တွေကို ပုံရိုက်ပို့တာရတယ်။ ကျေးဇူး။

စာဖတ်သူအား တသိမ့်သိမ့် တငြိမ့်ငြိမ့် ဆွဲဆောင်စေမည်။

စပယ်ဦးစာပေမှ တစုတပေါင်းတည်း ရိုက်နှိပ်လိုက်ပါပြီ။

တဦးချင်းအလိုရှိသူများ တိုက်ရိုက်မှာကြားနိုင်ပါပြီ။

တအုပ် ငါးဆယ်ကျပ်

သိန်းဖေမြင့်ထက်တော်သူတွေကတော့ (တစ်) သိမ့်သိမ့်၊ (တစ်) ငြိမ့်ငြိမ့်၊ (တစ်) စုတစ်ပေါင်းတည်း၊ (တစ်) ဦးချင်း၊ (တစ်) အုပ်လို့သာ ရေးကြတယ်။ မြန်မာစာ အနောက်က နေထွက်တဲ့ခေတ်မှာ။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၈
၂၈-၇-၂ဝ၁၉

Prothrombin Time သွေးရောဂါတမျိုး

မင်္ဂလာပါ ဆရာ ကျနော့ တူမလေး အသက် ၇ နှစ် သွေးစစ်တဲ့ အဖြေကို ကြည့်ပေးပါအုံး ဆရာ

PT ဆိုတာ Prothrombin Time ခေါ်တယ်။ သွေးခဲတာကြာချိန်ကိုတိုင်းတယ်။ ၁၂ - ၁၆ ရှိသင့်တာမှာ ၂၈ ရှိနေ။ တချို့ဓါတ်ခွဲခန်းက ၁၀ -၁၄ ကိုပုံမှန်သတ်မှတ်။ အဲလိုလူတွေက သွေးခဲချိန်ကြမယ် သွေးထွက်ချိန်ကြာမယ်။ ဘာကြောင့်လဲ ရှာရ ကုသရမယ်။ တချို့မှာ vitamin K ဗီတာမင်ကေ နည်းနေတယ်။ တချို့မှာ factor VII deficiency နည်းနေမယ်။ Warfarin ဆေးသောက်နေရသူတွေမှာလည်း အဲလိုဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၉

Kidney stones ကျောက်ကပ်ကျောက်

မင်္ဂလာပါဆရာ။ ကျမရဲ့အိမ်ထောင်ဖက်အမျိုးသား အသက် 43 နှစ်ပါ။ ရှမ်းပြည်မြောက်ပိုင်းနယ်ကပါ။ ဒီရက်ပိုင်းညာဘက်အခြမ်းခါးနာပြီး ဗိုက်အောင့်တော့ အန်ထရာဆောင်းသွားရိုက်ပါတယ် ညာဘက်ကျောက်ကပ်ပြွန်မှာ ကျောက်တည်ပြီးကျောက်ကပ်ရောင်တယ်လို့ပြောပါတယ်။ ဆေးတချောင်းထိုးပေးပြီတော့ ခဏလေးအနာသက်သာပြီး နာရီပိုင်းခြားတော့ ပြန်နာလာပါတယ်။ သောက်ဆေးကိုတော့ Zanpcin-Spacovin-Zerdol ဒီ၃မျိုးကို တရက်၂ကြိမ်သောက်ဖို့ပေးခဲ့ပါတယ်။ကျောက်အရွယ်က 1.4 ရှိပါတယ်။ ဘယ်လိုဆက်လုပ်ရမှာလဲဖြေကြားပေးပါဆရာ

Agony ဆီးလမ်းကျောက်က နာခြင်း https://doctortintswe.blogspot.com/2014/10/agony.html
Kidney stones ကျောက်ကပ်-ကျောက် http://doctortintswe.blogspot.com/2014/11/kidney-stones.html
Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ https://doctortintswe.blogspot.com/2014/11/kidney-stones-home-remedies.html
Kidney stones ဆီးလမ်းကျောက် ဘာကြောင့်များသလဲ https://doctortintswe.blogspot.com/2017/12/kidney-stones.html
Hydronephrosis ဟိုက်ဒရိုနဖရိုးဆစ် ကျောက်ကပ်ရောဂါ http://doctortintswe.blogspot.com/2016/12/hydronephrosis.html

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၉

ရွှေပန်း ငွေပန်း

အလွန်မွှေးတယ်။ ပြည်ပကိုထွက်ရတော့ ကိုယ့်ဆီကပန်းမျိုးတွေ့ရင် လွမ်းရတယ်။

ငွေပန်းနဲ့ ရွှေပန်းကို မဏိပူပြည်နယ် ချန်ဒယ်မှာရှိတဲ့ ကျောင်းသားစခန်း ရေချိုးတဲ့နားမှာရှိတယ်။ မြန်မာပြည်ကိုလွမ်းလိုက်တာ ဘာပြောကောင်းမလဲ။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

ပေါ်လစီသတ်ပုံနဲ့သာရေးရမည်

အကောက်ခွန်ဥပဒေတွေ ထုတ်ပြန်ထားတာ တစ်တွေဖြစ်နေတော့ ဆရာ့ကို သတိရနေမိတယ်။

ဟုတ်တယ်။ (တစ်) ပင်တိုင်ကျွန်းဥပဒေသစ်ရေးတော့ စသတိထားမိတယ်။

ဥပဒေအထက်မှာ သတ်ပုံပြင်အဖွဲ့ကြီးရှိတယ်။

ဥပဒေသစ်မှန်သမျှ ပေါ်လစီသတ်ပုံနဲ့သာရေးရမည်။ ဖွဲ့စည်းပုံပြင်လျှင်လည်း သတ်ပုံမပြင်ရ။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

Rabies is National ခွေးရူးကိုက်ရောဂါ

တလောက ခွေးကိုက်သတင်းတွေ၊
နောက် တုပ်ကွေး၊
နောက် အစုလိုက်သတ်၊
နောက် နိုင်ငံရေးပါတီသစ်တွေ။

တုပ်ကွေးလည်း အမျိုးသားရေးပဲ။ ရေးဘီးစ်လည်း အမျိုးသားရေးပဲ။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

ASO ဆိုတာ နှင့် ပီကူးစက်ရောဂါ

မင်္ဂလာပါဆရာ ညီမလေးအသက်က ၁၈နှစ်ရှိပီ အပျိုပါ ကိုယ်လက်တွေ တအားညောင်းကိုက်လို့ ဆေးစစ်တော့ ဂေါက်လို့ ပြောတယ်ဆေးခန်းကပေးတဲ့ဆေးလဲသောက်နေပါတယ် အခုတရက် နှစ်ရက်ရှိပီ ခေါင်းညာဖက်အခြမ်း ဖိမိထားသလိုနာတယ် ညာဘက်ခြေထောက်တွေလဲ ညောင်းပီးနာကျင်နေတယ်တဲ့ဆရာ လေတခြမ်း ဖြတ်တတ်တယ်ပြောလို့စိုးရိမ်လို့ ပါအန္တရာယ်များလား

လေဖြတ်မယ်လို့ပြောတာက စမ်းသပ်ကုသပေးနေတဲ့ဆရာကလား။ ဂေါက်ဆိုရင် ယူရစ်အက်စစ် ဘယ်လောက်ရှိသလဲ။ ဘာဆေးသောက်နေရသလဲ။

တောင်းပန်ပါတယ်ဆရာ ယူရစ်အက်ဆစ်မဟုတ်ဘူးတဲ့ ASO လို့ ပြောပါတယ် ၄၀၀ရှိတယ်တဲ့ လက်ရှိသောက်နေတဲ့ဆေးတွေက Penicillin mega 3 သောက်နေပါတယ်ဆရာ လေဖြတ်မယ်ဆိုတာက ညီမလေးကိုစမ်းသပ်နေတဲ့ဆရာဝန်ပြောတာမဟုတ်ပါဘူး အရပ်ထဲကလူတယောက်ကပြောတာတဲ့ဆရာ စိတ်ပူလို့ ပါဆရာ

ASO ဆိုတာ https://doctortintswe.blogspot.com/2014/10/aso.html

ပီ နဲ့ ပြီ https://doctortintswe.blogspot.com/2019/01/blog-post_59.html

တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html

ပီ ပြီ ပြီး https://doctortintswe.blogspot.com/2018/01/blog-post_30.html

ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ https://doctortintswe.blogspot.com/2018/10/blog-post_994.html

မြန်မာစာမှာ ပီး မရှိပါ https://doctortintswe.blogspot.com/2019/01/blog-post_560.html

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

အောင်နက် ကူးစက်ရောဂါ

အသက် 20 လူပျို အားဆေးဝယ်သောက်တာ ဆေးဆိုင်က ဝယ်သောက်တာမဟုလို့ မေးကြည့်တာပါ ဆရာ စိတ်မရှိပါနက်

နင် နင့် နက် နဲ့ https://doctortintswe.blogspot.com/2019/05/blog-post_393.html

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

ဟု

အချစ်ဟုခေါ်သည်

ဆေးဆိုင်က ဝယ်သောက်တာမဟုလို့ မေးကြည့်တာပါ ဆရာ

မောင်ဘဟုခေါ်သည်
မလှဟုခေါ်သည်
မေတ္တာဟုခေါ်သည်
ဒေါသဟုခေါ်သည်
သစ္စာလေးပါးဟုခေါ်သည်
ရေပတ်လည် ဝိုင်းရံလျက်ရှိသော ကုန်းမြေကို ကျွန်းဟုခေါ်သည်
ဟုတ်ကို ဟုလို့ရေးတာကို အမှားဟုခေါ်သည်

ART က ညဘက်သောက်ရင် ဗိုက်အောက်ပါသည်ဆရာ ဘယ်လိုလုပ်သင့်ပါသလဲ လမ်းညွှန်ပေးပါအုံး အစာအိမ်ရောင်ဘူးတဲ့ အခံလဲရှိလို့ပါဆရာ

ကလေး လူကြီး အသက် ကျား မ မသိ။ မေးနည်း ပို့လိုက်တယ်။

ဟုဆရာ Male 32 yr ပါ Stage 1 ပါ ဆေးစသောက်တာ ၃ ရက်မြောက်မှာ ဗိုက်အရမ်းအောင့်လို့ပါဆရာ Acute gastritis နဲ့ ဆေးရုံတက်မှ ဒီပိုးရှိမှန်းသိသွားတာဆရာ

Gastritis အစာအိမ်ရောင်ခြင်း https://doctortintswe.blogspot.com/2016/05/gastritis.html
Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် http://doctortintswe.blogspot.com/2014/11/peptic-ulcer.html
ဟု ဟုတ် ဟုပ် https://doctortintswe.blogspot.com/2019/07/blog-post_9.html

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

အိမ်နောက်ဖေး

ဈေးမရောက် ခွေးတောက်
ဈေးနဲ့မလှမ်း ခရမ်း
ဆေးမဖျန်း ကျန်းမာ၏။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

၂၀၂၀ တိုကျို အိုလံပစ်ဆော့ပွဲကြီး

၁။ ဆရာခင်ဗျ လေ့ကျင့်ခန်း gym စဆော့တာ ၆ရက်လောက်ရှိပြီဆရာ

၂။ ဆရာ သမီးက gym ဆော့ပါတယ်ဆရာ။

၃။ ဆရာရှင့်သမီးဟာ အသက်၃၁ အပျိုပါ။ အူအတတ်ခွဲထားတာ ၂ လပိုင်း ၁၂ ရက်နေ့ကပါ။ အနာချုပ်ရိုးကတော့ မကြာခဏယားနေတတ်ပါတယ်ရှင့်။ ဝမ်းချုပ်ရင်လည်း အောင့်သလိုလိုပဲ ဖြစ်တတ်ပါတယ်ရှင့်။ သမီး ဂျင်ဆော့မယ်ဆို ဖြစ်နိုင်ပါ့မလား ဆရာ။ ဆော့လိုရနိုင်ပါလား ဆရာရှင့်။

၎။ ဆရာ၊ ဂျာမနီရှေ့တန်းက ဆော့တာ သိပ်ကောင်းတယ်လို့ ဘော်လုံးဝေဖန်ရေးဆရာက tv မှာ ပြောပါတယ်။ ဆော့ စကားလုံးသုံးတာ မှားတယ်လို့ ထင်တယ်။ ဘော်လုံးကန်သည်။ ဘော်လုံးကစားသည် သုံးလို့ရတာဘဲ။ gym မှာ သွားဆော့မယ်လို့ ပြောပါတယ်ဆရာ။ ရှင်းပါဦးဆရာ။

၅။ မင်္ဂလာပါ ဆရာရှင့်။ သမီးက ကုမ္ပဏီဝန်ထမ်းပါ။ ရုံးက ညနေ ၅နာရီခွဲ ဆင်းတာဆိုပေမယ့် ၆နာရီလောက်မှ အလုပ်ဆင်းဖြစ်ပါတယ်။ ၇နာရီလောက်ဆိုရင် Gym ကို ရောက်ပါတယ်။ ၈နာရီခွဲလောက်ထိ ဆော့ပြီး အိမ်ကို ပြန်ရောက်ရင် ၉နာရီ ကျော်ပါပြီ။ အိပ်ချိန်နဲ့ကပ်နေလို့ သမီး ညစာမစားဖြစ်ပါဘူး။ ခုနောက်ပိုင်းမှာ သမီး ခေါင်းခဏခဏမူးလာတယ်ဆရာ၊ တခါတလေဆို အန်ပါတယ်။ ဆော့နေရင်းနဲ့လဲ အားကုန်နေသလိုမျိုး ခံစားရတယ်။

၆။ ဆရာရှင့် ကျွန်မအသက်က ၂၇ နှစ်ပါ။ အောက်မှာပြထားတဲ့ ဆေးဘူးက မိန်းကလေးတွေ gym မဆော့ခင် သောက်ရတဲ့ဆေးလို့ ပြောပါတယ်ရှင့်။ သူက Milk Shake သဘောမျိုးပါ။ protein နဲ့ gym ဆော့ပြီးတဲ့အခါ ဆာလောင်မှုကို ထိန်းညှိပေးတယ်လို့ဆိုပါတယ်။ ကျန်းမာရေးအတွက် အထောက်ကူ ဖြစ်မဖြစ်သိချင်ပါတယ်ရှင့်။

ဆော့အသုံးကို တလွဲသုံးနေကြတာ အတော်များတာပဲ။ အရင်ထုတ်သတ်ပုံစာအုပ်ထဲမှာ ဆော့ = ဆော့ကစားသည်၊ လက်ဆော့ (လက်မငြိမ်၊ ခိုးတတ်သည်)၊ နှုတ်ဆော့သည် (စကားပြောမတည်) လို့ရေးထားတယ်။

ကစားတာနဲ့ ဆော့တာ မတူပါ။ ဆော့တာက အစီအစဉ်မရှိ သတ်မှတ်ချက်မရှိ အချိန်ရတိုင်း ကလေးတွေ ဆော့တာမှာသာ သုံးရတယ်။ ဂျင်မ်ထဲမှာ လေ့ကျင့်တာမျိုးလို နည်းရော အချိန်ပါ စနစ်တကျလုပ်ရတာကို ကစားတယ်လို့သုံးရပါတယ်။ မှားရေးနေသူတွေ များတယ်။

နောက်ထုတ်မြန်မာအဘိဓာန်မှာလည်း ဆော့ = လှုပ်လှုပ်ရှားရှားကစားသည်လို့ ရေးထားတာတွေ့တော့ အံ့သြမိတယ်။ မမှန်ဘူးထင်တယ်။ ဝန်ကြီးဌာနအမည်တောင် အဆော့ရေးရာဝန်ကြီးဌာနလို့ ပြောင်းမလားမသိ။

ကလေးငယ်တွေ ကစားချင်သလိုကစားတာကို ဆော့တယ်လို့ ပြောလေ့ရှိတယ်။ သိပ်ဆော့တဲ့ကလေးလို့ ငေါက်တယ်။ သိပ်ကစားတဲ့ကလေးလို့ မပြောပါ။ ဆော့တာက ကစားတာထက် အဆင့်နိမ့်တယ်။ ဆော့တယ်ဆိုတာ ကမြင်းတယ်လို့ ပြောသလိုဖြစ်နေတယ်။

ရင်းနှီးသူအချင်ချင်းတော့ ကစားတာကို ဆော့တယ်ပြောလေ့ရှိပါတယ်။ အားကစားလုပ်တယ်ဆိုတာ စည်းစနစ်ကျရတယ်။ အချိန်နာရီနဲ့ ကြိမ်နှုန်းမှန်ရတယ်။

အကျိုးဆော့၊ အကန်းမော့။ မြန်မာစာကိုတော့ လက်မဆော့စေချင်ပါ။ ၂၀၂၀ တိုကျိုမှာ အိုလံပစ်ဆော့ပွဲကြီးကျင်းပမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

ဝိရောဓိ

ဝိရောဓိ ဆိုတဲ့ အဓိပ္ပာယ်ဆိုတာ မသိလို့ ကျေးဇူးပြု၍ရှင်းပြပေးစေလိုပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်။

ဝိရောဓိ
ဆန့်ကျင်လေ့ယှိသည်
ဆန့်ကျင်ဘက်ဖြစ်သည်
တားမြစ်တတ်သည်
ရန်သူ

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

Medicines ဆေးသောက်နည်း

ကျွန်မအသက် ၁၈ နှစ်ပါ သန်ချဆေး သောက်တာ မဝါးဘဲမျိုချလိုက်တာ သန်ချဆေး အာနိသင်ရှိပါမလားရှင့်

ဆေးကို ဘယ်ဆေးမှ ဝါးမစားရ။ သံကို သန်လို့ပြင်လိုက်တယ်။

ဆေးတွေမှာ တက်ဘလက် ခေါ် ပေးလ် ခေါ် ဆေးပြား၊ ကက်ပဆူးလ် ခေါ် ဆေးတောင့်၊ ရှူးဂါးကုတ်တက် ခေါ် သကြားအုပ်ဆေးပြား စသဖြင့်ရှိတယ်။

ဆေးတိုင်းမှာ ဆေးအလေးချိန်ရှိတယ်။ မီလီဂရမ်၊ မိုက်ခရိုဂရမ် နဲ့ ဖေါ်ပြတယ်။

ဆေးရည်တွေကိုလည်း ဘယ်လောက် စီစီ မှာ မီလီဂရမ် ဘယ်လောက်လို့ရှိတယ်။ မီလီဂရမ် ခေါ် မင်လ် ခေါ်တာနဲ့ စီစီ ခေါ်တာ အတူတူပဲ။ မနေ့က တယောက်က အဲတာကို မေးတယ်။

ကန်တော့။ တနေ့ကတော့ အမျိုးသမီးတယောက် မွေးလမ်းထဲထည့်ဆေး အရည်မပျော်လို့ မေးတယ်။ မွေးလမ်းထဲ ထည့်ဆေး၊ စအိုထဲထည့်ဆေးတွေဟာ ကိုယ်အပူချိန်နဲ့ ပျော်သွားပြီး စုပ်ယူမှုဖြစ်မယ်။ မပျော်တဲ့ဆေး ရှိတတ်တယ်။ အဲတာမျိုးဆိုရင် မသုံးမီ ၄-၅ မိနစ်ကြာ ရေနဲ့စိုစေအောင် အရင်လုပ်ရတယ်။

ဆေးပြားတွေကို မျိုချရတယ်။ ဆေးအရသာအမျိုးမျိုး။ ဝါးစားလို့တော့ ဆေးအစွမ်းမထိခိုက်ပါ။

ရေဘယ်လောက် သို့မဟုတ် နွားနို့နဲ့သောက်ဆို ဆေးညွှန်းမှာပါလေ့ရှိတယ်။ နွားနို့နဲ့ မတွဲရတဲ့ဆေးလည်းရှိတယ်။ အရက်နဲ့မတွဲရတဲ့ဆေးရှိတယ်။ စာသပ်သပ် ရေးထားတယ်။

တနေ့ ၁-၂-၃-၄ ကြိမ်ညွှန်တာရှိတယ်။ ၁၂-၈-၆-၄ နာရီခြား ညွှန်တာရှိတယ်။ ဖြစ်နိုင်သလောက် တိကျရမယ်။ နည်းနည်းလွဲတာ စိုးရိမ်စရာ မရှိ။ အစာနဲ့ နီးရ ဝေးရမဲ့ဆေးတွေလည်း ရှိတယ်။

1. Basic Pharmacology အခြေခံဆေးဝါးဗေဒ https://doctortintswe.blogspot.com/2017/06/basic-pharmacology.html
2. Medicine and Math ဆေးပြားကို ခြမ်းသင့် မသင့် https://doctortintswe.blogspot.com/2016/07/medicine-and-math.html
3. Medicine Storage ဆေးထားသိုနည်း https://doctortintswe.blogspot.com/2019/04/medicine-storage.html
4. Medicines and Alcohol အရက်နဲ့တွဲရန်မသင့်သောဆေးများ https://doctortintswe.blogspot.com/2018/08/medicines-and-alcohol.html
5. Medicines during pregnancy ကိုယ်ဝန်ဆောင်နဲ့ဆေးများ https://doctortintswe.blogspot.com/2016/04/medicines-during-pregnancy.html
6. Medicines for kids ကလေးသုံးဆေးများ https://doctortintswe.blogspot.com/2017/06/medicines-for-kids.html
7. Medicines mostly used (1) အသုံးများ ဆေးဝါးများ (A to D) https://doctortintswe.blogspot.com/2014/11/medicines-mostly-used-1-to-d.html
8. Medicines mostly used (2) အသုံးများ ဆေးဝါးများ (E to F) https://doctortintswe.blogspot.com/2014/11/medicines-mostly-used-2-e-to-f.html
9. Medicines mostly used (3) အသုံးများ ဆေးဝါးများ (G to I) https://doctortintswe.blogspot.com/2014/11/medicines-mostly-used-3-g-to-i.html
10. Medicines mostly used (4) အသုံးများ ဆေးဝါးများ (K to M) https://doctortintswe.blogspot.com/2014/11/medicines-mostly-used-4-k-to-m.html
11. Medicines mostly used (5) အသုံးများ ဆေးဝါးများ (N to P) https://doctortintswe.blogspot.com/2014/11/medicines-mostly-used-5-n-to-p.html
12. Medicines mostly used (6) အသုံးများ ဆေးဝါးများ (Q to Z) https://doctortintswe.blogspot.com/2014/11/medicines-mostly-used-6-q-to-z.html
13. Milk and Medicines နွားနို့နဲ့ ဆေး https://doctortintswe.blogspot.com/2019/05/milk-and-medicines.html
14. Missile or Suppository ဒုံးကျည် https://doctortintswe.blogspot.com/2017/05/missile-or-suppository.html
15. Once a Day Meds တနေ့တကြိမ်ဆေးများ https://doctortintswe.blogspot.com/2018/12/once-day-meds.html
16. Prescription notes ဆေးစာ အတိုကောက်များ https://doctortintswe.blogspot.com/2019/02/prescription-notes.html
17. Priority medicines for mothers and children မိခင်နှင့် ကလေး ဦးစားပေးဆေးများ https://doctortintswe.blogspot.com/2017/05/priority-medicines-for-mothers-and.html
18. Tablet and Capsule နာမည်ပေးကြမ်းတဲ့လူမျိုး https://doctortintswe.blogspot.com/2018/09/tablet-and-capsule.html
19. Take medicine at exact time အုန်းတော https://doctortintswe.blogspot.com/2016/03/take-medicine-at-exact-time.html
20. World Pharmacists Day ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့ https://doctortintswe.blogspot.com/2017/09/world-pharmacists-day.html

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

Saturday, July 27, 2019

Colors of the Rivers မြစ်တို့၏ အရောင်များ

ငယ်ငယ်က စာတွေထဲမှာ ဗော်လဂါမြစ်ရေ နီတွေတွေလို့ တင်စားခဲ့ကြတာဖတ်ရတယ်။ ဆိုဗီယက်ကွန်မြူနစ်ကို သဘောကျသူတွေက ရေးတာ။ တရုပ်ကွန်မြူနစ်ကို အားကျထောက်ခံသူတွေကတော့ ယန်စီမြစ်နဲ့ ပင်လယ်ဝါကို တမ်းတကြတယ်။ မြစ်တွေကို အဲလိုအရောင်တွေနဲ့ ဖော်ကျူးခဲ့ကြတာပါ။

၁၉၈၈ စစ်ကိုင်းဘေးက ဧရာဝတီထဲ သွေးစီးတယ်လို့သိလာပြီးမကြာခင် ကျွန်တော်လည်း နိုင်ငံရေးထဲရောက်ပါတယ်။

ကိုယ်မွေးဖွားကြီးပြင်ခဲ့တဲ့ ချင်းတွင်းမြစ်ရေအရောင်ကို တခါမှ စာမဖွဲ့ဖူးသေးပါ။ ချင်းတွင်းကို ကျောခိုင်းထားရစ်ခဲ့ပြီး၊ မဏိပူရမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ ဂင်္ဂါမြစ်၊ ယမုန်နာမြစ်တွေဆီရောက်သွားရတယ်။ အနှစ် ၂၀ ကျော် ကြာလို့ မောချွေးတွေ ဇောချွေးတွေ စီးကျခဲ့ပါတယ်။

၁၉၉၅ ခုနှစ်က သံလွင်မြစ်နဲ့ သောင်ရင်းမြစ်မှာ ဗဟိုချက်ထားခဲ့ရာကနေတော့ ဆုတ်ခွါခဲ့ကြရတော့ သွေးရော၊ ချွေးရော၊ မျက်ရည်ပါ စီးကျပါတယ်။

ဧရာဝတီမြစ်ရေ စိမ်းပုပ်နေသလား။ ကျန်တဲ့မြစ်ရေတွေ မည်းနက်နေပြီလား။ ကနေ့ ချင်းတွင်းမြစ်ရေကတော့ ကြေးဝါရောင်ဖြစ်သွားပြီ။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၁၉

Colors and Revolutions အရောင်နှင့် တော်လှန်ရေးများ

ကနေ့ မော်စကိုမှာ ဆန္ဒပြသူ တထောင်ကျော် အဖမ်းခံရတယ်။ ဖမ်းတဲ့ရုရှားရဲတွေက အပြာရင့်ရောင်ဝတ်စုံတွေနဲ့။ ဟောင်ကောင်ဆန္ဒပြပွဲကို ဝင်ရိုက်တဲ့ စွမ်းအားရှင်အုပ်စုက အဖြူရောင်ဝတ်ထားကြတယ်။

ကမ္ဘာ့သမိုင်းမှာ တော်လှန်ရေးတွေမှာအသုံးပြုတဲ့အရောင်တွေအကြောင်း ရေးပါမယ်။

၁။ Yellow Revolution အဝါရောင်တော်လှန်ရေး
Philippines ဖိလစ်ပိုင်နိုင်ငံမှာ ၂၂-၂-၁၉၈၆ ကနေ ၂၅-၂-၁၉၈၆ အထိ။

၂။ Velvet Revolution ကတ္တီပါတော်လှန်ရေး
Czechoslovakia ချက်ကိုဆလိုဗက်ကီးယား ၁၇-၁၁-၁၉၁၈၉ ကနေ ၂၉-၁၂-၁၉၈၉ အထိ။

၃။ Rose Revolution နှင်းဆီတော်လှန်ရေး
Georgia ဂျော်ဂျီယာနိုင်ငံမှာ ၃-၁၁-၂၀၀၃ ကနေ ၂၃-၁၁-၂၀၀၃ အထိ။

၎။ Orange Revolution လိမ္မော်ရောင်တော်လှန်ရေး
Ukraine ယူကရိန်နိုင်ငံမှာ ၂၂-၁၁-၂၀၀၄ ကနေ ၂၃-၁-၂၀၀၅ အထိ။

၅။ Purple Revolution ခရမ်းရောင်တော်လှန်ရေး
Iraq အီရတ်နိုင်ငံမှာ ၂၀၀၅ ခုနှစ် ဇန္နဝါရီလ

၆။ Blue Revolution အပြာရောင်တော်လှန်ရေး
Kuwait ကုဝိတ်နိုင်ငံမှာ ၂၀၀၅ ခုနှစ် မတ်လ

၇။ Jeans Revolution ဂျင်းစ်တော်လှန်ရေး
Belarus ဘဲလားရပ်စ်နိုင်ငံမှာ ၁၉-၃-၂၀၀၆ ကနေ ၂၅-၃-၂၀၀၆ အထိ။

၈။ Saffron Revolution ရွှေဝါရောင်တော်လှန်ရေး
Myanmar မြန်မာနိုင်ငံမှာ ၁၆-၈-၂၀၀၇ ကနေ ၂၆-၉-၂၀၀၇ အထိ။

၉။ Grape Revolution စပျစ်သီးတော်လှန်ရေး
Moldova မိုလ်ဒိုဗာမှာ ၆-၄-၁၀၀၉ ကနေ ၁၂-၄-၂၀၀၉ အထိ။

၁၀။ Green Movement အစိမ်းရောင်လှုပ်ရှားမှု
Iran အီရန်နိုင်ငံမှာ ၁၃-၆-၂၀၀၉ ကနေ ၁၁-၂-၂၀၁၀ အထိ။

၁၁။ Jasmine Revolution စပယ်ပန်းတော်လှန်ရေး
Tunisia ကျူနီးရှားနိုင်ငံမှာ ၁၈-၁၂-၂၀၁၀ ကနေ ၁၄-၁-၂၀၁၁ အထိ။

၁၂။ Lotus Revolution ကြာပန်းတော်လှန်ရေး
Egypt အီဂျစ်နိုင်ငံမှာ ၂၅-၁-၂၀၁၁ ကနေ ၁၁-၂-၂၀၁၁ အထိ။

၁၃။ Jasmine Revolution စပယ်ပန်းတော်လှန်ရေး
China တရုပ်ပြည်မှာ ၂၀-၂-၂၀၁၁ ကနေ ၂၀-၃-၂၀၁၁ အထိ။

၁၄။ Pearl Revolution ပုလဲတော်လှန်ရေး
Bahrain ဘာရိန်းနိုင်ငံ ၁၄-၂-၂၀၁၁ ကနေ ၂၂-၁၁-၂၀၁၄ အထိ။

၁၅။ Colourful Revolution ရောင်စုံတော်လှန်ရေး
Macedonia မက်ဆီဒိုးနီးယာနိုင်ငံမှာ ၁၂-၄-၂၀၁၆ ကနေ ၂၀-၇-၂၀၁၆ အထိ။

၁၆။ Velvet Revolution ခရမ်းရောင်တော်လှန်ရေး
Armenia အာမေးနီးယားနိုင်ငံမှာ ၃၁-၃-၂၀၁၈ ကနေ ၈-၅-၂၀၁၈ အထိ။

မြန်မာနိုင်ငံမှာသင်တဲ့ ကမ္ဘာ့သမိုင်းထဲမှာ ဘာတွေပါသလဲတော့ မသိပါ။ ဖြစ်ခဲ့တာတွေကတော့ အစစ်အမှန်တွေ။ ကျွန်တော်တို့နိုင်ငံမှာ အစစ်အမှန်တွေကို ကျောင်းစာအုပ်ထဲထည့်လေ့မရှိပါ။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၁၉

ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် ၁၃၁၄ -၁၃၁၅


ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်ရေးသားတဲ့ အမှာစာ

ကျောင်းသားကော်မတီတရပ်က
ထုံးတမ်းစဉ်လာတရပ်
အခွင့်ကောင်းတရပ်
ထက်မျက်သောလက်နက်တရပ်

ကျွန်တော် ကျောင်းမနေရသေးခင် တနှစ်အလိုက ရေးသားတဲ့ မြန်မာစာသတ်ပုံဟာ ဆေးကျောင်းကထွက်တဲ့အထိ မှန်ခဲ့ပါတယ်။ ကျွန်တော် တိုင်းပြည်ကထွက်မပြေးရခင်အထိလည်း မှန်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၁၉
ပုံအတွက် ကျေးဇူး။

Political Colors နိုင်ငံရေးအရောင်များ

မြန်မာနိုင်ငံမှာ (ဖဆပလ) နှစ်ခြမ်းကွဲသွားတော့ ဦးနုဦးဆောင်တဲ့ (ဖဆပလ) က သန့်ရှင်အမည်နဲ့ အဝါရောင်၊ ဦးဗဆွ ဦးဆောင်တဲ့ (ဖဆပလ) က တည်မြဲနဲ့ အနီရောင်။ ကွန်မြူနစ် နဲ့ ဆိုရှယ်လစ် အိုင်ဒီယော်လော်ဂျီရှိသူကလည်း အနီရောင်။ ၂၆ နှစ်ကြာ တပါတီတည်းအုပ်စိုးခဲ့တဲ့ (မဆလ) ပါတီက အပြာနုရောင်ကို သုံးခဲ့တယ်။

ပြည်ခိုင်ဖြိုးပါတီက အစိမ်းရောင်သုံးတယ်။ ဖဆပလ ခေတ်က အစိမ်းရောင်ဟာ တသီးပုဂ္ဂလအရောင်ဖြစ်တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲကစပြီး ပြည်ခိုင်ဖြိုးရဲ့ အစိမ်းရင့်ရောင်ကလည်း ခပ်ပုပ်ပုပ်ဖြစ်သွားတယ်။ (မဆလ) တဖြစ်လဲ (တစည) အပြာနုရောင်က ယဲ့ယဲ့လေးသာရှိတော့တယ်။ NLD က အနီရောင်ကို ခံယူလိုက်တယ်။

နိုင်ငံရေးပါတီတွေက သတ်သတ်မှတ်မှတ်သုံးကြတဲ့အရောင်တွေရှိတယ်။

၁။ Red အနီရောင်
အစဉ်အလာအားဖြင့် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်အရောင်ဖြစ်တယ်။ အရင်းရှင်တွေကစုပ်ယူတဲ့ အလုပ်သမားသွေးလို့ ဘာသာပြန်တယ်။ ၁၈၄၈ ပြင်သစ်တော်လှန်ရေးမှာ အနီရောင်အလံကိုသုံးခဲ့တယ်။ ယူကေ၊ သြစတေးလျနဲ့ နယူးဇီလန်မှာ အလုပ်သမားအရေးကသုံးတယ်။ Red Flag, Red Army, Red Scare လို့အထင်အရှားရှိတယ်။ အဲတာက ၁၉ဝဝ ကျော်ကတည်းက ဖြစ်တယ်။ ကနေဒါမှာ Liberal Party of Canada လစ်ဘရယ်ပါတီကသုံးတယ်။ အမေရိကမှာ ၂ဝဝဝ ခုနှစ်ကတည်းက Republican ရီပတ်ဘလီကင်ပါတီက သုံးတယ်။

၂၁ ရာစုထဲရောက်တော့ အနီရောင်ကို လက်ဝဲနဲ့ ကင်းလွတ်ပြီး ယူသုံးလာတယ်။ အထင်ရှားဆုံးက (၁) ရှေးရိုးစွဲ အမေရိကန် ရီပတ်ဘလီကန်ပါတီ၊ (၂) ထိုင်းနိုင်ငံမှာ ရှပ်နီ-ရှပ်ဝါအားပြိုင်မှုနဲ့  (၃)၂ဝ၁၅ ရွေးကောက်ပွဲ  မြန်မာနိုင်ငံမှာ အနီနဲ့ အစိမ်း။ မြန်မာပြည်မှာ NLD အတွက်ဖြစ်လာတယ်။

၂။ Black အနက်
Anarchism မင်းမဲ့အယူအဆကိနေယူသုံးထားတယ်။ Islamic State of Iraq and the Levant အကြမ်းဖက် အစ္ဓလမ် အစွန်းရောက်အဖွဲ့ကလည်း အနက်ပဲ။ ဂျာမဏီနဲ့ သြစတြေီးယားတွေမှာ ခရစ်ယန်ဒီမိုကရက်တစ်ပါတီက သုံးတယ်။ အီတလီမှာ ဖက်ဆစ်စပါတီ။ ဂရိမှာ လက်ယာစွန်းပါတီ။ ရုရှားမှာ ဘုရင်ဖက်တော်သားတွေကသုံးတယ်။

၃။ Blue အပြာရောင်
အများအားဖြင့် အစဉ်အလာစွဲကြီးတဲ့သူတွေကသုံးတယ်။ ယူကေနိုင်ငံမှာ ကွန်ဆာဗေးတစ်ပါတီ။ ကုလသမဂ္ဂအရောင်က အပြာနုရောင်။ ယူအက်စ်မှာတော့ ၂ဝဝဝ ခုနှစ်ကတည်းက ဒီမိုကရက်တစ်ပါတီကို မီဒီယာကနေ ပေးထားတဲ့အရောင်။ ၂ဝ၁ဝ ရောက်မှ တရားဝင် အပြာရောင်လိုဂို သတ်မှတ်ပါတယ်။ ယူအက်စ်မှာပဲ အလုပ်သမားလှုပ်ရှားမှုကလည်း အပြာရောင်ပဲသုံးတယ်။ ဥပမာ Blue collar workers ကော်လာပြာလုပ်သား။ အပြာရောင်ခပ်ဖြော့ဖြော့ဟာ ဂျူးဝါဒ ဖြစ်တယ်။ အစ္စရေးလ်အလံရောင်ကြည့်ပါ။ တောင်အာဖရိကမှာ လစ်ဘရယ်နဲ့ လက်ဝဲယိမ်းပါတီကသုံးတယ်။ အိန္ဒိယမှာ Dalit movement ဒါးလစ်လှုပ်ရှားမှုက အပြာရောင်သုံးတယ်။ တရုပ်ပြည်နဲ့ တိုင်ဝမ်မှာ Kuomintang (KMT) ကူမင်တန်ပါတီက အပြာရောင်။ တရုပ်ကွန်မြူနစ်ပါတီက အနီရောင်။ သြစတြီးယားမှာ လက်ယာယိမ်းပေါ်ပြူလစ်ပါတီ Freedom Party of Austria (FPÖ) ကအပြာသုံးတယ်။

၎။ Brown အညိုရောင်
Nazism နာဇီအရောင်ဖြစ်တယ်။ Sturmabteilung (SA) ဆိုတာ ဘရောင်းရှပ်ကိုခေါ်တယ်။

၅။ Buff ဝါညိုရောင်
ဗြိတိသျှမှာ Whig faction က အရင်တုံးကသုံးတယ်။

၆။ Grey မီးခိုးရောင်
ပင်စင်စားတွေကသုံးတယ်။ ဆံပင်ဖြူတာကို Grey hair လို့ခေါ်တယ်။

၇။ Green အစိမ်းရောင်
ဂရင်းပါတီတွေရှိတယ်။ ပတ်ဝန်းကျင်ဦးစားပေးပါတီတွေဖြစ်ကြတယ်။ အိုင်းရစ် အမျိုးသားရေးနဲ့ အိုင်းရစ် ရီပတ်ဘလီကန်တွေကသုံးတယ်။ အမေရိကမှာ ၁၈၉ဝ တုံးက စိုက်ပျိုးရေးအတွက် ပေါ်ပြူလစ်ပါတီကသုံးခဲ့တယ်။ သြစတေးလျမှ အမျိုးသားပါတီကသုံးတယ်။ အစိမ်းရောင်ဟာ အစ္စလမ်ဘာသာမှာ အထွတ်အမြတ်အရောင်ဖြစ်တယ်။ မြန်မာပြည်မှာတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကယူသုံးတယ်။

၈။ Orange လိမ်မော်ရောင်
Christian democrats ခရစ်ယန်ဒီမိုကရက်အရောင်ဖြစ်တယ်။ သြတြီးယား၊ ဂျာမဏီ၊ ပြင်သစ်၊ ဖင်လန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဆလိုဗားကီးယား၊ ချက်နဲ့ တူရကီ။ ကနေဒါမှာ New Democratic Party (NDP) ဆိုရှယ်ဒီမိုကရက်ပါတီက သုံးတယ်။ မြောက်ပိုင်းအိုင်ယာလန်မှာ Unionism နဲ့ Orange Order တွေကသုံးတယ်။ နယ်သာလန်မှာ Dutch People's Party for Freedom and Democracy ပါတီရဲ့ ဒုတိယအရောင်ဖြစ်တယ်။

၉။ Pink ပန်းရောင်
ပြင်သစ်နဲ့ ပေါ်တူကီမှာ ဆိုရှယ်ဒီမိုကရက်တွေကသုံးတယ်။ အနီရောင်ကနေ ပြော့လာတဲ့သဘောဆောင်တယ်။

၁ဝ။ Purple ခရမ်းရောင်
သတ်သတ်မှတ်မှတ် ယူသုံးတာနည်းတယ်။ Feminism ဣတ္တိလိင်အယူအဆကသုံးတယ်။

၁၁။ Saffron နနွင်းရောင်
အိန္ဒိယမှာ ရိုးရာအစဉ်အလာ ဟင်ဒူအမျိုးသားရေးဝါဒကသုံးတယ်။ ၂ဝဝ၇ မြန်မာပြည်က သံဃာလှုပ်ရှားမှုအတွက် နိုင်ငံတကာမီဒီယာကသုံးတယ်။

၁၂။ Yellow အဝါရောင်
လစ်ဘရယ်အယူအဆလို့ဆိုပါတယ်။ ဂျာမဏီ၊ ရိုမေးနီးယား၊ အက်စတိုးနီးယား၊ ယူကေတို့မှာသုံးတယ်။ ထိုင်းနိုင်ငံနဲ့ နီပေါမှာ ဘုရင်စနစ်လိုလားသူတွေကသုံးတယ်။

၁၃။ White အဖြူရောင်
Surrender flag လက်နက်ချတဲ့အလံရောင်ဖြစ်တယ်။ စင်္ကာပူမှာ People's Action Party ပါတီကသုံးတယ်။ ဟောင်ကောင်မှာ မြန်မာပြည်က စွမ်းအားရှင်လိုလုပ်သူတွေက အဖြူရောင်ဝတ်ထားကြတယ်။ သူတို့ရိုက်တာ ခံရသူတွေရဲ့သွေးက နီရဲနေတယ်။

အခု ပြောင်ပြောင်ပြောင်ပြောင်အဝါရောင်ဆိုတာ ပေါ်လာပြန်တယ်။ မြန်မာပြည်မှာ။ အရောင်များသည် လူတွေကို ဆွဲဆောင်နိုင်စွမ်းရှိကြ၏။ လှည့်စားနိုင်စွမ်းလည်းရှိကြ၏။ အရောင်ပြောင်းသူတွေလည်း များလှ၏။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၁၉

တသွေး တသံ တမိန့်

လွတ်လပ်ရေးရတော့ အဲလိုရေးတယ်။

ခုခေတ်မှာတော့ (တစ်) သွေး (တစ်) သံ (တစ်) မိန့်

စစ်တပ်ကအာဏာသိမ်းတော့ အဲလိုပြောင်းတယ်။ အခုလည်း ပြားပြားဝပ်လိုက်နာကြတယ်။ စစ်သတ်ပုံလို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၉

ပိုက်ဆံသတ်ပုံ



ပုံတွေနဲ့အတူ မေးတာတခုရတယ်။ ဒီပိုက်ဆံတွေက ဘယ်ခေတ်က သုံးစွဲခဲ့ကြတာလဲဆိုတာလေး သိချင်လို့ပါ တဲ့။

ပိုက်ဆံပေါ်မှာ ရိုက်နှိပ်ထားတဲ့စာတွေအရ အင်္ဂလိပ်ကိုလိုနီခေတ်က ဖြစ်ပါမယ်။ ၁၉၃၇ ခုနှစ်မတိုင်ခင်ကဖြစ်နိုင်တယ်။ မြန်မာနိုင်ငံဟာ ၁၉၂၄ ကနေ ၁၉၄၈ အထိ အင်္ဂလိပ်လက်အောက်မှာနေခဲ့ရတယ်။ ၁၉၃၇ ခုနှစ်မှာ အိန္ဒိယနဲ့ မြန်မာပြည်ကို ခွဲခြားလိုက်တယ်။ ငွေစက္ကူပေါ်မှာ အင်္ဂလိပ်စာအပြင် အိန္ဒိယမှာ အများဆုံးသုံးတဲ့ ဟင်ဒီဘာသာနဲ့ တောင်ပိုင်းအိန္ဒိယ စာလုံးတွေပါ ရိုက်နှိပ်ထားတယ်။

တသောင်းနဲ့ တရာလို့ မြန်မာစာစတင်ကတည်းက ရေးပါတယ်။ စစ်တပ်ကပဌမအကြိမ်အာဏာသိမ်းပြီးနောက်မှာ တတွေကို စသတ်ခိုင်းပါတယ်။ ဒုတိယအကြိမ်စစ်တပ်ကအာဏာသိမ်းတော့ စသတ်နည်းကို မရေးမနေရလုပ်တယ်။ အခုထိအာဏာတည်တယ်။

မြန်မာစာဟာ စစ်တပ်အပေါ်မူတည်တယ်။ ရှေးဟောင်းကျောက်စာတွေအပါ် မူမတည်။ ဘုရင်ခေတ်၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးရပြီးအစိုးရခေတ်အထိ မြန်မာစာ မှန်ခဲ့သေးတယ်။

အိန္ဒိယဘုရင်ခံလက်အောက်သာဖြစ်လို့ ရူးပီးလို့သုံးခဲ့တယ်။ ကျပ်က သီးခြားနိုင်ငံဖြစ်မှသုံးတယ်။ လွတ်လပ်ရေးရကာစမှာ ၁ ရူးပီးဟာ မြန်မာငွေ ၆၅ ပြားနဲ့ညီတယ်။ ကနေ့ ၁ ရူးပီးနဲ့ ၂၁့၉၃ နဲ့ညီတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၉

Exhibit တရားခံနိုင်တဲ့ခေတ်

၁။ မြန်မာစာ ဖတ်စာစာအုပ် ပထမတန်းရဲ့ ဖတ်စာ ၅ မှာတော့ စံပယ် လို့ ရေးထားပါတယ်။ ဆရာ့

၂။ ကန်စွန်းရွက် ဖြစ်မလားလို့ပါဆရာ။

က ကဇွန်းပင် ရေမှာရွှင်
ခ ခရမ်းသီး ဒါးနဲ့လှီး
ဂ ဂဏန်းကောင် လက်မထောင်
င ငပုဏ္ဏား ဟင်းချက်စား
စ စပယ်ဖြူ မွှေးကြူကြူ

သတ်ပုံစာတွေရေးရင် နောက်ထုတ်သတ်ပုံစာအုပ်တွေထဲကဟာတွေကို သက်သေပြကြတယ်။ သဘောမတူပါ။ ဆောရီး။

တနေ့က သူငယ်ချင်းဆရာဝန်က အမှတ်မထင် ကန်စွန်းပင်လို့ရေးတာကို ထောက်ပြတော့ သူက ချက်ချင်းပြင်တယ်။ သင်ပုန်းကြီးစာ က ခ မှာ နသတ်၊ သေးသေးတင်စတာတွေ မပါရပါ။ ကန်စွန်းပင် မဟုတ်။ ခါးရမ်းသီးမဟုတ်။ စံပယ် မဟုတ်ရပါ။

ခုခေတ်တရားစီရင်ရေးအရ သတ်ပုံမှန်ကြောင့် အမှုပတ်လည်း ဂ ဂဏန်းကောင် လက်မထောင်။

ဒေါက်တာတင့်ဆွေ

Weight loss ဝိတ်ချဖို့ ကြိုးစားနေသူတယောက်ပါရှင့်

မင်္ဂလာပါဆရာ သမီးက Coconut oil နဲ့ ဝိတ်ချဖို့ ကြိုးစားနေသူတယောက်ပါရှင့် Carbohydrates ကဇီနဲ့အချိုဓာတ်ကို တရက် ၃၀-/-ပဲစားပြီး အသားနဲ့ အဆီကို ၇၀-/ စား မိနေပါတယ် နည်းလမ်း မှန်မမှန်နဲ့ တခြား ဘာတွေ စားပေးရမလဲ သိချင်ပါတယ် ဆရာ သမီးကပေါင်ချိန် ၃၀ လောက်အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ တက်ခဲ့လို့ ပြန်ချချင်တာပါဆရာ ကလေးမရှိပါဘူးဆရာ ကျေးဇူးပြု၍ဆရာ သမီးစာလေးကို ပြန်ပေးပါဆရာ

အသက် မသိ။

1. Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ https://doctortintswe.blogspot.com/2015/03/baschi-pink-quick-slimming.html
2. Baschi ပိန်ဆေး ဆက်ရေးခြင်း https://doctortintswe.blogspot.com/2017/05/baschi.html
3. Crash diets ပိန်စာ http://doctortintswe.blogspot.com/2014/11/crash-diets.html
4. Low-fat diets for weight loss အဆီနည်းအစာနဲ့ ဝိတ်လျှော့ခြင်း https://doctortintswe.blogspot.com/2017/08/low-fat-diets-for-weight-loss.html
5. Orlistat ပိန်ဆေး https://doctortintswe.blogspot.com/2015/10/orlistat.html
6. Palm oil and Coconut oil စားအုန်းဆီနဲ့ အုန်းဆီ https://doctortintswe.blogspot.com/2015/07/palm-oil.html
7. Weight loss pills are dangerous ပိန်ဆေးတွေအန္တရာယ် http://doctortintswe.blogspot.com/2015/04/weight-loss-pills-are-dangerous.html
8. Weight loss ပိန်ချင်သလား https://doctortintswe.blogspot.com/2014/11/weight-loss.html
9. Xenical ဇန်နီကယ် http://doctortintswe.blogspot.com/2015/06/xenical.html

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၁၉

Anarex ဆေး၏ဘေးထွက်သက်ရောက်မှုများ

ဆရာ အဲ့ဒီဆေးက ကျောက်ကပ်အတွက်ထိခိုက်နိုင်လားဆရာ ကျေးဇူးတင်ပါတယ် ခဏခဏအအေးမိနေလို့ ကိုယ်တွေနာတယ် ဒါသောက်မှပျောက်တယ်ဆရာ အသက်က ၃၃ ပါ ကျမ သောက်တာပါဆရာ

ဆေး၏ဘေးထွက်သက်ရောက်မှုများ
Nausea ပျို့
Gas လေပွ
Vomiting အန်
Diarrhea ဝမ်းပျက်
Headache ခေါင်းကိုက်
Stomachache ဗိုက်နာ
Drowsiness အိမ်ချင်
Dizziness ခေါင်းမူး
Tachycardia နှလုံးခုန်မြန်
Rash အရေပြားအနီပြင်ထွက်
Difficulty breathing အသက်ရှူရခက်

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၁၉

ဦးကြင်ဥ

လွမ်းမပြေ

လွမ်းမပြေ၊ မန်းမြေတမိတော့၊ ကမ်းခြေမှာ စမ်းရေကျတယ်နှင့် ဖျန်းလေက တသုန်သုန်။

တဲတဖက် ဆွဲဖျက်ကာ အလျင်လိုရော့ထင့်၊ ကရင်အိုယာပြင်ကြီးမှာ မီးထည့်ကာလှုံ။

မပူပေါင် နောက်ဆီက ချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလှ၊ လွှမ်းတဲ့လို့ လွှားကာခြုံ၊ ပါးမှာငုံပါလို့ နုရွှေကွမ်း။

ဆေးအိပ်ကိုလျှို၊ ဆေးလိပ်တို နားမှာထိုးပါလို့၊ တောင်ရိုးမှာဘာသာပျော်ကြ၊ အမိုးခေါ် ဖိုးဆော်ကဲတို့မှာ၊ ကွင်းအငူ နှင်းမြူမှမစဲခင်က တဲဖျက်တဲ့လမ်း။

နံနက်ကိုလယ်ထွန်

ချစ်တဲ့သူငယ်လေး။ ။သူငယ်ချင်းရယ် ကောင်းသည် ယောင်းမတို့လေး။ ။ နံနက်ကို လယ်ထွန်၊ နေမွန်ကျွဲကျောင်း၊ ညမောင်းထောင်းနှင့် ညောင်းရှာလိမ့်နိုး။ မြို့ပဲခိုးသို့၊ လှေထိုးလိုက်မယ်၊ အပျိုဖြူငယ်နှမကို မှာခဲ့တယ်။ ။ ချောင်းပတ်ရုံနှင့်၊ ရွှေဂုံ မြောက်ပါး၊ မယ်လိပင်နှင့်၊ ထန်းပင်နွဲ့နောင်း၊ ယှက်ခါပေါင်းသည့်၊ ကင်းချောင်းဆိပ်မှာ၊ ထိုးဝါးကိုဝယ်သည်၊ တကယ်စုန်ဖြစ်တော့မလားတော်။ ။ စုန်မယ်ဆိုလဲ၊ စုန်မဲ့ရက်ကို၊ ဆက်ဆက်မဆို။ ဆန်မယ်ဆိုလဲ၊ ဆန်မဲ့ရက်ကို၊ ဆက်ဆက်ကယ်မဆို။ တီးသည့်စောင်းနှင့်၊ လောင်းသည်ကြက်ကို၊ ဖက်ခါငိုသည်၊ မောင့်ကို ကုန်သွားထည့်သလားတော်။ ။ ဆီကိုဆဲ့လေး။ ဆေးကိုဆဲ့ငါး။ ဆားကိုဆဲ့ခြောက် ပဲခိုးသို့အ၀င်။ တညင်သို့အဆိုက်။ လွန်မောင်မင်းကို၊ ခြင်ပုန်းကိုက်လို။ ခြင်ရိုက်ကယ်မှမပါ။ လေမလာလို့။ သွေးသံစို့သည်၊ ခြင်ဖို့ခြင်စာ၊ ဖြစ်လေရှာရော့သလားတော်။ ။ အပျိုဖြူငယ်၊ မယ်တဖြတ်ဖြတ်၊ တရုတ်ယင်နှင့်၊ ဖြတ်ဖြတ်လူးအောင်၊ သေမင်းငယ်ခြင်၊ စုံလျှင်လျှင်ကို၊မနှင်ပါရ။ အောက်ပြည်စုန်သည်၊ ရွှေဂုံကျွန်းက ဝေးလွန်းလှလေး။ ။

ခေါင်းလောင်းငယ်မှသံသာ

ခေါင်းလောင်းငယ်မှသံသာ၊ တဗိသာတဲ့။ ဆည်းလည်းငယ်မှသံသေး၊ ငါးဆယ်ပေးတဲ့။ တင်ကြေးငယ်မှမကြီး။ သုံးနှစ်နှီးနှင့်၊ တင့်ရည်းငယ်မှလှနိုး။ သုံးခေါက်ချိုးနှင့်၊ သုံးချိုးလေးထွား။ မောင်တို့နွားမှာ၊ နွားကား သံတောင်၊ နွားကြောင်လိမ္မာ၊ တပွင့်ကြာကို၊ နှုတ်သာကောင်းနှင့်။ မောင်းကနှစ်လုံး၊ မျောခွက်ကယ်ကျုံး၊ မြေဒူးဈေးမှာ၊ ဈေးမှီအောင်ရှာ။ အပျိုဖြူမယ်သာကျွမ်းပါတဲ့ လွမ်းထုံ့တင်လေ။ ။

နွားညီနောင်

ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်၊
ပျို့တို့မောင်ယာမလုပ်တယ်၊ ၀ါးခုတ်တဲ့တောင်၊
နွားညီနောင် စည်အောင်ကွဲ့ ဖေကျောင်း၊

မောင်နှင့်မယ် တူယဉ်နွှဲကာမှ၊ ယူငင်ကာချူဆင်ဆွဲလို့ရယ်
လှည်းယာဉ်နဲ့မောင်း။

ဦးကြင်ဥ ကောက်စိုက်သီချင်းများ

ရမထာရွှေကြိမ်လုံးရယ်နဲ့
ထွန်တုံးကိုတဲ့ခြေတော်တင်
နွားကြန်စုံရှင်။

ပျိုးခင်းကိုပြင်၊ ကောင်းကင်က ရွှေပိန်ညှင်းရယ်
မိုးဆော်လို့သွင်း။

ကောက်တီနဲ့ မယ်စော
ရောနှောပါလို့ ပျိုးထောင်
မိုးလေကခေါင်။

သည်ပျိုးရေအောင်မှ၊ မယ်နဲ့မောင်အလှူပေးမယ်
မိုးကူပလေး။

ရွှေထိန်ပင် သာတဲ့အောက်က
ကောက်စိုက်ရင်းမိုးမြှော်။

မပေါ်လာရွှေမိုးကြောင့်
ကောက်ပင်တွေညိုး။

လယ်ကြီးကို စိုက်မယ်ဆင်းတယ်၊
နေမင်းကပူ။

သည်နေပူ ဘိက္ခူလုပ်မယ်
ဗန်းကုတ်နဲ့လေး။

ပျိုလေးနေရောင်ထိုးတယ်
ငန်းစမှာညှိုး။

ကွယ်လေးရယ် မောင့်ခြုံထည်
တန်းသွယ်လို့မိုး။

ခါးပုံကိုမောင်ဖြုတ်လို့၊
ချွေးသုတ်တော့ပေး။

စီးပလေစေ မောင်မသုတ်နဲ့
တုတ်တုတ်ကျချွေး။

ပျိုလေးတို့ကောက်စိုက်ရာ
လိုက်လာနဲ့လေး။

လိုက်လာလျှင် ရွှံ့စင်ရော့မယ်
ပေါင်းကြော့ယဉ်သွေး။

သည်လယ်ကို သည်မယ်စိုက်ပါလို့
လိုက်လာမည့်ပုံလိုလို
သျှောင်ကြီးဗွေ လူတင်စားရယ်
သွားနှင့်တော့ဆို။

မြတ်ဖုန်းမို၊ လာမည်ဆိုမှာကတိကြောင့်
သည်တောကို မယ်ကျော်လို့
မြှော်မိတယ် ဆံတိုလေးရယ်
ပန်းရိုက်လို့လေး။

ပျိုလေးတို့ လယ်တလျှောက်
ပေါက်လာပါတဲ့ မှိုနတို
ဟင်းချိုလှလေး။

အချိန်တန်အိမ်ပြန်လျှင်
ပျို့ချစ်ဦးရယ်
ခူးခဲ့ပါလေး။

မိုးချုပ်လျှင် ကြိုလှည့်လို့
မှာခဲ့သလေး။

ဖန်မီးအိမ် နန်းခြည်ကျွမ်းအောင်
ထွန်းကြိုလိမ့်လေး။

မိုးချုပ်လို့ချိန်တန်
ပြန်ချိန်မှ မြှော်ကွဲ့လေး။

ရွှေဖိုးခေါင် ညီနောင်အိပ်တဲ့
တောင်ထိပ်ကိုနေစွယ်ခမှ
ချစ်တဲ့သူရွှေသျှောင်ပွငယ်
ကြိုပကွဲ့လေး။

ပျိုလေးကိုကြိုလှည့်လို့
မှာခဲ့သလေး။

ကြိုမည့်သူပေါ်လာခဲတယ်
တောခံလို့လွဲ။

မုဆိုးချင်း

ဦးကြင်ဥရဲ့ရာသီဖွဲ့ကဗျာတွေ ဖတ်ချင်ပါတယ်။ ရှာမရလို့ပါ။ ရှိရင်တင်ပေးပါလားဗျာ။

သတ်ပုံ မပြင်ပဲတင်ထားတဲ့ လင့်ကို ပို့လိုက်ပါတယ်။ တပုဒ်တော့ တင်ဦးမယ်။

ရောသည်တခါ၊ ဝနေစရာ၊ တောကို လျှိုး၍၊ သားမျိုးကို ရှာတော့မည်။ နောင်လာ နောက်သားတို့၊ မှတ်ငြားလောက်အောင်၊ ကောက်ကြရော့ ရစ်တံ၊ ဘုန်းဖန်သည့် ရှင့်ကျွန်၊ အမွန်စဉ်ဆက်၊ သက်တံကွေးနှင့်၊ ဘေးဘိုး ဆင်းသက်၍၊ ဘ လက်ထက်တိုင်၊ လေးတော်နှင့် ပွင့်လန်း၊ မှုတော်ကို ထမ်းခဲ့သည်၊ လူတမ်းစေ့ကာ၊ မထင်ပါနှင့်။ ရန်တကာ ရှောင်ရှောင်၊ မရှောင်နင်လား၊ ဘားကင်ကောင်ကို တောကြောင်ကဝါးသည့်နှယ်၊ ငါးမြှားတွင်ဆက်ဆက် သားတကာ ခက်နေကျ၊ တောဝက်ကိုမရှောင်၊ ပြောင်ပြောင် ဆင်ဆင်၊ မြင်မြင်သမျှ၊ အလွတ်ရဘူး၊ မုဆိုးတကာ့ပဂေး၊ ငါ့လက်တွင် ဖေးရမည်၊ ကိုင်းကွေးသက်တံ၊ စမြိန်စာကို၊ စုံစွာဖန်၍၊ မြိုင်ယံသို့ဝင်တော့မည်၊ သို့ရာတွင် နောက်ပါအဖေါ်၊ တွေ့လျှင်ဝါးနေကျ၊ ရဲကျားကို ခေါ်အုံးမှ၊ ရှေးထုံးအစဉ်၊ ဝလဉ္စန၊ အဝါးဝ၊ သွားနေကျလမ်း၊ စခန်းနှင့်ရေတွင်း၊ ကွင်းနှင့် သစ်အုပ်၊ မျောက်လုပ် ပင်တန်း၊ စမ်းတဝါးဝါး၊ အထင်မှား၊ ရဲကျား မှတ်မိကောင်းငဲ့။ ငါ့ခွေးကို ခေါ်ရအုံးတော့ဗျား။

ဦးကြင်ဥ (၁၈၁၉-၁၈၅၃) မြကန်သာ ကဗျာစာအုပ်မှ

ဦးကြင်ဥထက်တော်သူတွေက ရောသည် (တစ်) ခါလို့ ရေးကြတယ်။ ရန် (တစ်) ကာလို့ ရေးကြတယ်။ သား (တစ်) ကာလို့ ရေးကြတယ်။ မုဆိုး (တစ်) ကာ့ပဂေးလို့ ရေးကြတယ်။ စမ်း (တစ်) ဝါးဝါးလို့ ရေးကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၁၉

ညနေ ရေလောင်းချိန်

အညွန့်ထွက်လာ တက်စရာရှာ
ရှာသော်တွေ့ရှိ တွယ်ဖက်ကြည့်
မျှော်ရည်မှန်း၏ မိုးတိမ်ထိ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၁၉

အရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော်သွားတောလား

အောင်ဇေယျတု၊ ကျမ်းဂန်ရှု၍၊ ဂမုဓာတ်ရ၊ ဓာတွတ္ထဖြင့်၊ ဂမနသဒ္ဒါ၊ ကြောင်းခြင်းရာကို၊ လင်္ကာကုံးသီ၊ လမ်းစဉ်စီအံ့၊ ရောင်ညီလေးဦး၊ ဖြစ်ခဲ့ထူးတွင်၊ တောင်ကျူးလကျာ်၊ ဒက္ခိဏာဟု၊ ဒီပါကျွန်းမြတ်၊ မိုးနတ်ဣန္ဒာ၊ မြောက်မှာကျွန်းသူ၊ မတူကြငြား၊ ဘုရားမြတ်စွာ၊ စကြာစိုးရ၊ သည်ကဖြစ်ပေ၊ သန္ဓေတည်ကြည်၊ ကောင်းညွန့်စည်လျက်၊ နတ်ပြည်နိဗ္ဗာန်၊ ကူးဆိပ်မှန်ဟု၊ ဘုန်းသန်သကျ၊ မုနိန္ဒလျှင်၊ ရွှင်ပျကြည်ဖြူ၊ ဟောတော်မူသည်၊ လေးဆူကျွန်းမြတ်၊ ဘုန်းထွတ်သီရိ၊ တမ္ပဒိထက်၊ ကျော်သိထင်ရှား၊ ကျေးဇူးများ၏။ နဂါးမုဆိုး၊ ရိုးကျိုးတောင်းပန်၊ ပူဇော်ရန်ဟု၊ နမ္မဒါနား (နမန္တာနား)၊ ရာ့တပါးနှင့်၊ တောင်ဖျားကျောက်ထိပ်၊ နင်းနှိပ်ရာတော်၊ နှစ်ဘော်ရွှေစက်၊ ရောင်ပြိုးပြက်သည်။ ။ ဖိုလ်မဂ်နိဗ္ဗာန် စူးစူးတည်း။

စူးစူးနိဗ္ဗာန်၊ ရောက်မည်မှန်၍၊ ဧကန်တဆော၊ ယာယီကြောကို၊ သဘောစိုက်စိုက်၊ လမ်းရိုးလိုက်သော်၊ တောင်ရိုက် ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်ပေါစွ၊ တောင်တောဝန်းကျင်၊ သို့ရာတွင်မူ၊ အကြင်တောင်သူ (အကြင်ပျောင်းသူ)၊ လွမ်းစေဟူသို့၊ လျှံဆူထွေပြား၊ ငှက်အများလည်း၊ ပျားသို့ချိုအေး၊ ရင့်ရူကြွေးလျက်၊ မောင်ထွေးတို့လော၊ မယ်တို့လောဟု၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့်၊ လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေဝပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောင်သူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျာမလျော့ (နှုတ်လျှာမလျော့)၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ မြိုင်တောကျီးလည်း၊ သံကြီးအာအာ၊ ခါကတုတ်တုတ်၊ ရှဉ့်စုတ်စုတ်နှင့်၊ ဘုတ်ကငြိမ့်ငြိမ့်၊ တအိမ့်အိမ့်လျှင် (ဘုတ်ကအိမ့်အိမ့်၊ တဖိန့်ဖိန့်လျှင်)၊ သိမ့်သိမ့်တောလုံး၊ သံပေါင်းရုံး၍၊ ပတ်ကုံးမြိုင်နက်၊ အုတ်ကျက်ကျက်သည်။ ။ တောကြက်တွန်သံ မြူးမြူးတည်း။

တောကြက်တွန်မြူး၊ ကျေးငှက်ကျူး၍၊ သံကြူးမြည်စည်၊ စက်ရိပ်လည်၍၊ နေခြည်ဝင်မြောက်၊ ဆည်းဈာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို မ ခေါ်လျက်၊ တောက်ကျော်တွန်သွား၊ ငှက်ငနွားလည်း၊ တောဖျားမြိုင်ချောက်၊ ပင်ရိပ်အောက်တွင်၊ သေသောက်ကြူးငှက်၊ သေသောလျက်တည့် (သေတလျက်တည့်)၊ တောင်ထက်ကျူးမြည်၊ ဝန်တင်သည်လည်း၊ ထိုးမည်စောင်စောင် တောကောင်ပျော်မွေ့၊ ဓလေ့ဖိုးခေါင်၊ ခေါ်ယောင်ဖန်များ၊ တောလုံးကြားအောင်၊ ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျုတ်ပြေးလွှား၊ ကြောင်ပါးပြေးခုန်၊ ဆွေ့ဟုန်ပြေးသန်း (စွေ့ယုန်ပြေးသန်း)၊ နွယ်တန်းကိုင်လျှောက်၊ သစ်တောက်ငှက်တော်၊ သံကျော်ဆက်ရက်၊ မြီးဆက်ဖားဖား၊ ခွေးကျား ခွေးရွှေ၊ ဝံပုလွေနှင့်၊ ချေကလည်းဟောက်၊ တောက်သည့်သမင်၊ တောဝန်းကျင်၌၊ ဆင်ကကျိုးကျည်၊ ပျော်ဘွယ်စည်သည်။ ။ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း။

ပျံ့ပျူးလေပြည်၊ အလွမ်းစည်လျက်၊ လမ်းစည်ဆက်သော်၊ ချိုးငှက်လည်ပြောက်၊ ကျွမ်းဘော်ပျောက်သို့၊ နားထောက်ကွန့်မြူး၊ သံပြိုင်ကျူးလျက်၊ တဦးတိုင်က၊ တဦးချ၍၊ ဖိုမလင်းပြာ၊ တွန်သံသာနှင့်၊ ဆပ်ပျာစမ်းတွင်၊ တွေ့ကြိမ်မြင်သော်၊ စုံလင်ဖိုမ၊ နိမိတ်ပြ၏။ ဉာဏကဝိ၊ ပဏ္ဍဍိတစစ်၊ ငါတည်းဖြစ်မူ၊ အနှစ်သာရ၊ သုံးဘုံမျှ၏၊ အစအလယ်၊ အဆုံးဝယ်၌၊ ဓိပ္ပါယ်ကျွမ်းသိ၊ မှတ်သားမိလျက်၊ ဇာတိလိုက်လျော်၊ ချိုးနှစ်ဖော်မူ၊ ရွှင်ပျော်အမြဲ၊ လည်ချင်းတွဲ၍၊ မကွဲတူကွ၊ နေသည်ဆသော်၊ ကာမလူ့ဘောင်၊ မရှောင်နိုင်ချေ၊ ညာကြေကျော်စော၊ သဘောစင်စစ်၊ ရှင်၏ဖြစ်မှ၊ တဆစ်လူ့ခွင်၊ ဝင်လဦးမည်၊ ချစ်ကြည်မျိုးနွယ်၊ ဥစ္စာကြွယ်သည်၊ လူဝယ်လူကောင်း၊ အကြောင်းရုံးစည်း၊ ဖြစ်မည်တည်းဟု၊ စနည်းနိမိတ်၊ ချိုး၏ဟိတ်ကို၊ တိတ်တိတ်မှတ်ယူ၊ နှလုံးမူလျက်၊ မပူမဆာ၊ ရေသီတာသို့၊ မျက်နှာရွှင်လန်း၊ မပန်းမညှိုး၊ အင်အားကြိုးလျက်၊ အကျိုးရှိမည်၊ မကြည်စိတ်မှုန်း၊ တကုန်ဆင်းသက်၊ တကုန်တက်၍၊ မြိုင်နက်သာမော၊ စုံတကြော၌၊ တတောထွက်ဝင်၊ တတောမြင်နှင့်၊ တပင်ရိပ်နား၊ တပင်သွားသော်၊ တောဖျားမြိုင်နက်၊ လမ်းချက်စူးစမ်း၊ ရိပ်ဖမ်းဆွေးနွေး၊ ဘထွေးတယောက်၊ ရဲခေါင်မြောက်နှင့်၊ ချစ်ရောက်လည်သီး၊ ဦးရီးတလည်၊ ချစ်ကြည်မြတ်လေး၊ လုပ်ကျွေး မစ၊ ညွှန်ပြလမ်းရိုး၊ တောင်နှယ်ကိုး၍၊ ချုပ်မိုးရီည၊ သွားကုန်ကြသည်။ ။ စိတ်ကရောက်ချင် ယူးယူးတည်း (မူးမူးတည်း)

ကိုးကား ရှင်ဥတ္တမကျော် ရှင်မဟာရဋ္ဌသာရ တောလားများနှင့် အခြားတောလား ရေလားများ။ ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့။ ၁၉၆၇ ခုနှစ်။

တချို့တင်ထားကြတာတွေက ဟံသာဝတီပုံနှိပ်တိုက်ထုတ်မူနဲ့ ကွဲလွဲနေတယ်။ မြန်မာ့စွယ်စုံကျမ်းပါ ရှင်မဟာရဋ္ဌသာရ ရေးခဲ့တဲ့ ဘူရိဒတ်လင်္ကာမှာ တရှိုက်မက်မက်၊ တသက်သက်လျှင်လို့သာ ရေးပါတယ်။ တတွေကို တစ်မလုပ်ကောင်းပါ။ ကိုယ်တတ်ရင် ကိုယ့်စာမှာ ကိုယ်သတ်ပုံနဲ့ရေးကြပေါ့။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၁၉

Friday, July 26, 2019

နတ်အုန်းသီး မြန်မာစာ

တရားတပုဒ်ကြောင့် အိမ်မှာ ဆွဲထားတဲ့ နတ်အုန်းသီးကြီးကို လွှင့်ပစ်လိုက်တဲ့ ရဟန်းအမကြီး

ကျေးဇူး။

သတ်ပုံမှန်မှ တရားမှန်သည်။ တရားမှန်မှ လမ်းမှန်သည်။

တရားမှန်သော်လည်း တချို့က မြန်မာစာမမှန်သေး။ မြန်မာစာသည် နတ်အုန်းသီးနှင့်တူ၏။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၁၉

မြန်မာမာဆိုတာ ဘယ်မှာရှိပါသလဲ

မင်္ဂလာပါဆရာ ကျမသည်လမာ ဆေးစစ်လိုက်တဲ့အဖြေပါ ကျမကလည်ပင်း အကျိတ်ကကြီးမကြီးမေးတော့ အရင်အတိုင်းဘဲ အပြောင်းအလဲသိတ်မရှိဘူး ဘာမမဖြစ်ဘူးလို့ပြောပြီး ပုံထုတ်ပေးလိုက်ပါတယ် ကျမရဲ့ရောဂါ အခြေအနေကို ပြောပြပေးပါအုံးဆရာရှင့် ဟော်မုန်းဆေးသောက်တာ သုံးနှစ်ကျော်ပါပြီ ဆရာ ကျမဘယ်လို နေထိုင် စားသောက်သင့်ပြီး လုပ်သင့်ကြောင်းပြောပြပေးပါအုံးဆရာ လူက အမြဲလိုလို ပင်ပန်းနွမ်းနယ် အားမရှိဖြစ်နေပါတယ်

ဖတ်လို့ရသလောက် လည်ပင်းကြီးဟော်မုန်းတွေ ပုံမှန်။ အင်္ဂလိပ်လိုမဟုတ်တာတွေ မသိ။ သိပ်မရှိလို့ ရေးရ။

အခု လိုရှင်းပြပေးတဲ့အတွက် ဆရာကိုကျေးဇူးအထူးတင်ပါတယ် ဆရာ အကျိတ်တွေကကော အန္တရာယ်ရှိလားဆရာ စိတ်ပူနေလို့ပါ အခုမြန်မာမာသိုက်ရွိုက်ကင်ဆာတွေဖြစ်နေလို့ပါ

ကင်ဆာဆိုရင် ကင်ဆာလို့ ဆရာဝန်ကပြောပါမယ်။ လည်ပင်းကြီးစာတွေ ခဏခဏတင်ထားတယ်။ ဘလော့မှာ အားလုံးရှိတယ်။

သည်လမာလို့ရေးတာကို အတော်စဉ်းစားရ။ မြန်မာမာဆိုတာကို နားမလည်။ မြန်မာပြည်မှာ၊ မြန်မာနိုင်ငံမှာလို့ ရေးရတယ်။

မာ
ကျန်းမာရေး၊
စွန့်လွန်းတမာ = ရဲရဲဝံ့ဝံ့စွန့်စားခြင်း
တမာ၊
မာကျူရီ၊
မာချာ၊
မာဃနက္ခတ်၊
မာဆရိုက်ချည်၊
မာဏဝလုင်
မာတလိနတ်
မာတာမိခင်၊
မာတိကာ၊
မာတုဂါမ၊
မာန၊
မာနထောင်သည်
မာယာ၊
မာယာဒေဝီမိဘုရား (မာယာဒေဝီမိဖုရား)
မာရသွန်၊
မာလကာပင်၊
မာလကျင်ပိတ်
မာလိမ်မှူး
မာလီ၊
မာသလေးပါး
မာကျော၊
မာရေကျောရေ၊
အသားမာ

မြန်မာစာမှာ ၌၊ မှာ၊ တွင်၊ ဝယ်၊ က လို့ ဝိဘတ်တွေရှိတယ်။ အချိန်ပြနဲ့ နေရာပြဝိဘတ်တွေဖြစ်ပါတယ်။

မှာ
၎ နာရီမှာကျောင်းဆင်းသည်၊
ငါ့မှာ
ညအချိန်မှာ အပြင်မထွက်ရ၊
ညာဘက်မှာ၊
ကြားမှာ၊
ဘယ်ဘက်မှာ၊
မှာတမ်း
မှာကြား
ပြည်တွင်းမှာ
ပြည်ပမှာ
မြန်မာပြည်မှာ၊
မြန်မာနိုင်ငံမှာ
ရန်ကုန်မှာ
သူ့မှာ
အနီးအနားမှာ၊
အမှာစကား
အမှာစာ
အလယ်တည့်တည့်မှာ၊
အပေါ်မှာ၊
ရှေ့မှာ၊
နောက်မှာ၊
ဘေးမှာ၊
အောက်မှာ၊
နိုင်ငံခြားမှာ

မာ နဲ့ မှာ မှန်အောင်မရေးတတ်သူတွေ များတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၁၉

August သြဂုတ်လ

၂ဝ၁၉ ခုနှစ် သြဂုတ်လဟာ မြန်မာသက္ကရာဇ် ၁၃၈၁ ခု၊ ဝါခေါင်လဆန်း ၁ ရက်ကနေ တော်သလင်းလဆန်း ၂ ရက်နေ့အထိ ကျရောက်တယ်။

သြဂုတ်လကို အရင်က လက်တင်ဘာသာနဲ့ Sextili ဆက်စတီလီလို့ ခေါ်ခဲ့တယ်။ အဲဒီခေတ်တုန်းက တနှစ်မှာ ၁ဝ လသာ ရှိပြီး၊ ဒီလက ဆဋ္ဌမမြောက်လမို့ ခေါ်တာဖြစ်ပါတယ်။ ဘီစီ (၈) ရာစုရောက်မှ Augustus သြဂတ်စတပ်ကို ဂုဏ်ပြုပြီး သြဂတ်စ်လ ဖြစ်လာတယ်။ သူဟာ ရိုမန်အင်ပါယာကို တည်ထောင်ခဲ့သူဖြစ်တယ်။ အမှန်က သြဂတ်စ်လို့ အသံထွက်တယ်။ မြန်မာလိုကတော့ သြဂုတ်လို့ရေးတာ အကျင့်ပါနေပြီ။

သြဂုတ်လ အမှတ်တရနေ့များ
• ၁ ရက်နေ့ ဆွစ်ဇာလန် အမျိုးသားနေ့
• ၆-၈-၁၉၆၂ ဂျမေကာလွတ်လပ်ရေးနေ့၊
• ၈-၈-၁၉၈၈ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လူထုအုံကြွမှုကြီးနေ့
• ၉ ရက်နေ့ စင်္ကာပူ အမျိုးသားနေ့၊
• ၁၄-၈-၁၉၄၇ ပါကစ္စတန်လွတ်လပ်ရေးနေ့
• ၁၅-၈-၁၉၄၇ အိန္ဒိယလွတ်လပ်ရေးနေ့
• ၁၇-၈-၁၉၄၅ အင်ဒိုနီးရှားလွတ်လပ်ရေးနေ့
• ၂၄-၈-၁၉၉၁ ယူကရိန်းလွတ်လပ်ရေးနေ့
• ၂၇ ရက်နေ့ မိုလ်ဒိုဗာ အမျိုးသားနေ့
• ၃၁ ရက်နေ့ မလေးရှား အမျိုးသားနေ့

သြဂုတ်လ တလလုံးကျင်းပတဲ့ပွဲတော်တွေ
• Edinburgh Festival အီဒင်ဘတ်အနုပညာပွဲတော်

ကျန်းမာရေးအသိပညာပေးများ
• National Immunization Awareness Month အမျိုးသား ကာကွယ်ဆေးထိုးလ
• National Psoriasis Awareness Month အမျိုးသား ဆိုရီယေးဆစ်ရောဂါ အသိပေးလှုံ့ဆော်ရေးလ
• National Water Quality Month အမျိုးသား ရေအရည်အသွေး အသိပေးလှုံ့ဆော်ရေးလ
• Cataract Awareness Month မျက်စိရေတိမ်ရောဂါ အသိပေးလှုံ့ဆော်ရေးလ
• Children's Eye Health and Safety Month ကလေးသူငယ် မျက်စိကျန်းမာရေးနှင့်လုံခြုံရေးလ
• Children's Vision and Learning Month ကလေးသူငယ် အမြင်စွမ်းအားနှင့် လေ့လာသင်ယူရေးလ
• Neurosurgery Outreach Month အာရုံကြောခွဲစိတ်ပညာ အရောက်သွားရေးလ
• Spinal Muscular Atrophy Awareness Month ခါးရိုးမကြီး ကြွက်သားအာနည်းရောဂါ အသိပေးလှုံ့ဆော်ရေးလ

သြဂုတ်လကျောက်မျက်ဟာ Peridot အစိမ်းရောင်ကျောက်ဖြစ်တယ်။

Gladiolus သစ္စာပန်းဟာ သြဂုတ်လရဲ့ပန်းဖြစ်တယ်။ အလှ၊ စာရိတ္တ၊ လက်ထပ်မင်္ဂလာ၊ မိသားစုဆိုတဲ့ ဂုဏ်တွေကို ကိုယ်စားပြုတယ်။ မြန်မာ့ယဉ်ကျေးမှုအရ ဝါဆိုလမှာ ပုန်းညက်ပန်းနဲ့ ဝါခေါင်လမှာ ခတ္တာပန်းတွေဖြစ်တယ်။

သြဂုတ်ဆယ်နှစ်ရာသီခွင်တွေက လီယို ခေါ် ခြင်္သေ့ (သိဟ်) နဲ့ ဗာဂို ခေါ် အပျိုစင် (ကန်) ရာသီတွေပါဝင်တယ်။

၆-၈-၁၉၄၅ နေ့ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန်က အနုမြူဗုံးကြဲခဲ့တဲ့နေ့ဖြစ်တယ်။ ၉-၈-၁၉၄၅ နေ့ဟာ နာဂါဆာကီမြို့ကို အနုမြူဗုံးကြဲခဲ့တဲ့နေ့ဖြစ်တယ်။ ၁၉၄၈ သြဂုတ်လ (၉) ရက်ဟာ ကျွန်တော့်မွေးနေ့ဖြစ်ပါတယ်။

1. January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
2. February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
3. March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
4. April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
5. May မေလ http://doctortintswe.blogspot.com/2015/04/may.html
6. June ဇွန်လ http://doctortintswe.blogspot.com/2015/05/june.html
7. July ဇူလိုင် http://doctortintswe.blogspot.com/2015/06/july.html
8. August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
9. September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
10. October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
11. November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
12. December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.html

ဒေါက်တာတင့်ဆွေ

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...