တပေါင်းတည်း သတ်ပုံ

ပုံတခုတင်ထားတာ တွေ့တယ်။ ကျေးဇူး။ တပေါင်းတည်းကို (တစ်) ပေါင်းတည်းလို့ ရေးတာတွေကလည်း မနည်းမနော တွေ့တယ်။ ၃-၄ ခုသာ တင်ပြပါရစေ။

၁။ ဖိုးသူတော်
အမရပူရမြို့နယ် တရားရုံးက ဇန်န၀ါရီ ၂၉ရက်၌ ထောင်ဒဏ် ခြောက်လ တစ်ပေါင်းတည်းကျခံစေရန်အမိန့်ချမှတ်ခဲ့သည်။

၂။ BNI
စစ်တွေခရိုင်တရားရုံးတွင် တစ်ပေါင်းတည်း စစ်ဆေးရန်အမိန့်ချ

၃။ ELEVEN
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် (၂) နှစ် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချ

၎။ TheeSayChin
ထောင်ဒဏ် ပုဒ်မ.၃ ခု အတွက် ၁ နှစ်နဲ့ ၇ လ ကို တစ်ပေါင်းတည်းကျခံစေရန် ဆိုတဲ့ အမိန့်ချလိုက်တယ်လေ။

လယ်တီပဏ္ဍိဦးမောင်ကြီး (အမ်အေ) ရေးသားတဲ့ တပင်ရွှေထီး ဝတ္ထုတော်ကြီးမှ ခန္တီလက်နက်နှင့် မေတ္တာစစ်သားဘွဲ့ မြန်မာကဗျာ

သည်းခံတော်အား မြင့်မားလူလူ
ဓါး လှံ လက်နက် တချက်မကူ
လှုပ်ရှားလေဘဲ အောင်ပွဲကိုယူ
အောင်လံဖွင့် အသင့်အောင်တော်မူ။

ခန္တီစိန်သွား ရွှေဓါးကိုကိုင်
မေတ္တာချစ်အား စစ်သားမြိုင်မြိုင်
ရန်တွေ့သမျှ ရှေ့ကရင်ဆိုင်
အောင်ရမြဲ မလွဲကိုယ်ကနိုင်။

ဓါး လှံ လက်နက် တစ်ချက်မကူ မဟုတ်။ လှုပ်ရှားလေပဲ မဟုတ်။ မ နောက်သာ ဘဲ လိုက်တာ မဟုတ်။ တစ်ပင်ရွှေထီး ဝတ္ထုတော်ကြီး မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး