Single-Use Plastic Water Bottles တခါသုံး ပလပ်စတစ်ရေပုလင်းတွေ ခေတ်မမီတော့

ခုခေတ်မှာ ပိုက်ဆံတတ်နိုင်သူတွေက တခါသုံး ရေပုလင်းတွေ သောက်ကြတယ်။ မြန်မာပြည်လည်းပါတယ်။

အားကစားအမျိုးမျိုးထဲမှာ ဂေါက်သီးက တန်ဖိုးအကြီးဆုံးလို့ ဆိုကြတယ်။ ဂောက်သီးပြိုင်ပွဲထဲက ဂုဏ်ကြီးလှတဲ့ British Open 2019 ဗြိတိသျှအိုးပင်း ဂေါက်သီးပြိုင်ပွဲမှာ တခါသုံး ရေပုလင်းတွေကို တားမြစ်လိုက်ပါပြီ။

မြောက်ပိုင်း အိုင်ယာလန် ပို့သ်မောက်မှာ ကျင်းပတဲ့ Open Championship အိုးပင်းချန်ပီယံရှစ်လို့ခေါ်တယ်။ BPA-free stainless-steel bottles (£4.50) အမျိုးအစားရေဗူးလေးတွေသာ သုံးစေတယ်။ ရေကုန်ရင် စက်မှာလာဖြည့်ရတယ်။

အဲလိုလုပ်လိုက်တဲ့အတွက် ဒီပြိုင်ပွဲတခုတည်းကနေ တပတ်အတွင်းမှာ တခါသုံးရေပုလင်းပေါင်း တသိန်းနှစ်သောင်း သက်သာစေပါမယ်။

မြန်မာပြည်မှာ ပိုက်ဆံတတ်နိုင်သူတွေ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အသိပညာပါ ခေတ်မီကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး