Harvard Health Blog ဟားဗတ် ကျန်းမာရေး ဘလော့

ကွန်မင့်တခုရတယ်။ အသက် ၁၀၄ နှစ် ကုသိုလ်ထူးလိုက်တာဆရာ တဲ့။

ဟုတ်။ မေးတဲ့သူက အသက်တရာကျော်အတွက် ဖြည့်စွက်စာလိုဆေး မေးတယ်။ ဖြည့်စွက်စာဆိုတာ ပေါ်လာတာ မကြာသေးပါ။ အရင်က ကလေးနို့တိုက်နေချိန်မှာ ကျွေးရတဲ့အစားအသောက်ကိုသာ ဖြည့်စွက်စာခေါ်တယ်။ အခုတော့ ကြော်ငြာတွေမှာ အဲလိုရေးကြတယ်။ သူများတိုင်းပြည်မှာလည်း အဲလိုပဲ။

အသက်ငယ်လွန်းသူတွေနဲ့ အသက်ကြီးသူတွေ ဆေးတွေကို သတိထားရတယ်။ ၆ လအောက်ကလေး ဘာဆေးမှ မလိုတတ်ပါ။

ဖြည့်စွက်စာလို့ ကြော်ငြာရောင်းတာတွေက လိုတဲ့သူတွေအတွက်သာ သင့်တယ်။ ကြော်ငြာမော်ဒယ် ချောလှ သန်မာတိုင်း ဆေးဝယ်သောက်သူ မဖြစ်ပါ။ မော်ဒယ်တွေက ဆေးမပေါ်ခင်ကတည်း ချောလှ သန်မာကြပြီးသားတွေ။ ဆေးကိုတောင် မမြင်ဘူးသူက များတယ်။

Harvard Health Blog ဟားဗတ်ကျန်းမာရေးဘလော့မှာ ၁၅-၃-၂၀၁၈ နေ့က တင်ထားတယ်။ ဆရာဝန်တွေနဲ့ လူနာတွေ သိစေလိုတဲ့ ဗီတာမင်များနှင့် ဖြည့်စွက်စာများ။ အခြေခံအချက်ကတော့ အရေင်အသွေးစုံလင်တဲ့ စားစရာတွေကိုသာ စားသုံးပါ။ လိုအပ်လာရင်သာ သေချာရွေးချယ်စားသောက်ပါတဲ့။

အားတော့ နာတယ်။ ဆေရောင်းသူ ဆေးပွဲစားနဲ့ ဆေးဝယ်သူတွေက ကိုယ့်နိုင်ငံသားတွေ။

Medicines for Money ကြော်ငြာနဲ့ရန်ဖြစ်နေရတဲ့ ဆရာဝန် https://doctortintswe.blogspot.com/2017/06/medicines-for-money.html

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး