S Korea jets fire shots at Russian military aircraft over Sea of Japan

တောင်ကိုရီးယားနဲ့ ရုရှား တင်းမာမှု

ရုရှားနဲ့ တရုပ် ဗုံးကြဲလေယာဉ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်နေချိန်မှာ တောင်ကိုရီးယားနဲ့ ရုရှား တင်းမာမှုဖြစ်လာတယ်။ အမေရိကန်ရဲ့ မဟာမိတ်တဦးဖြစ်တဲ့ တောင်ကိုရီးယားကို စမ်းတဲ့သဘောလို့ ယူဆရတယ်။ နှစ်ဘက်လုံးက လေပိုက်နက် ကျူးကျော်တယ်လို့ ပြောနေကြတယ်။

ရုရှားနဲ့ တရုပ်တို့က ပဌမဆုံးပူးတွဲစစ်ရေးလေ့ကျင့်ကြတာပါ။ သူတို့နှစ်နိုင်ငံက စစ်အေးကာလအစမှာ အတူတူ။ နောက်ရန်သူလိုဖြစ်သွားခဲ့ပြီး၊ အခုပြန်ပေါင်းထုတ်နေကြတာ။

အခုအဖြစ်အပျက်မှာ ရုရှားက A-50 လေယာဉ်က တောင်ကိုရီးယားပိုင် Dokdo ပေါ်မှာရောက်လာတာဖြစ်တယ်။  တောင်ကိုရီးယားတိုက်လေယာဉ် ၁၈ စင်းကနေ တားဆီးမှုသဘောနဲ့ စက်သေနတ်နဲ့ အချက် ၃၆၀ ပစ်တယ်။

ဒိအရင်ကလည်း နယူကလီယာလက်နက်သုံးနိုင်စွမ်းရှိတဲ့ ရုရှား Tu-95MS bombers ၂ စင်းနဲ့ တရုပ် H-6 warplanes စစ်လေယာဉ်တွေက တောင်ကိုရီးယား လေပိုင်နက်ထဲ ကျူးကျော်လာခဲ့တယ်။ တရုပ်လေယာဉ်တွေ အဲလိုလုပ်တာ မနှစ်က ၆ ကြိမ်ရှိတယ်လို့ တောင်ကိုရီးယားကပြောတယ်။

ဂျပန်ကတော့ တောင်ကိုရီးယားကိုရော ရုရှားကိုပါ ကန့်ကွက်လိုက်တယ်။ Dokdo/Takeshima ကျွန်းပိုင်ဆိုင်မှု အငြင်းပွါးနေကြတယ်။ ရေပြင်က ဂျပန်ပင်လယ်မှာ။

တောင်ကိုရီးယားမှာ အမေရိကန်စစ်လေယာဉ် ၉၀ ချထားတယ်။ မြောက်ကိုရီးယားနဲ့ ရန်စောင်နေချိန်မှာ အမေရိကန်က နယူကလီယာစွမ်းသုံး တာဝေးပစ်ဗုံးကြဲလေယာဉ်တွေ ပို့ထားတယ်။ တောင်ကိုရီးယားကလည်း တကယ်လို့ မြောက်ကိုရီးယားနဲ့သာ စစ်ဖြစ်ရင် အမေရိကန်လေယာဉ် ၂၀၀၀ နဲ့ စစ်သည် ၆၉၀၀၀၀ လာမယ်လို့ထုတ်ပြောခဲ့တယ်။

ရုရှားကလည်း အရှေ့အာရှဒေသမှာ စစ်ရေးတိုးချဲ့ချထားတယ်။ S-400 air-defense လေကြောင်း ကာကွယ်ရေးနဲ့ Bastion antiship systems သင်္ဘောဖျက်စံနစ်တွေ ချထားတယ်။

လက်ရှိ စစ်ရေးအင်အားဖြည့်တင်းမှု၊ မဟာမိတ်ပြုမှုနဲ့ ရန်စောင်မှုတွေဟာ စစ်အေးကာလနဲ့ ဆင်တူနေတယ်။ အဲဒီတုန်းကတော့ ဆိုဗီယက်နဲ့ အမေရိကန်။ အခု ရုရှားနဲ့ တရုပ်က တဘက် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားက တဘက်။ မြောက်ကိုရီးယားလည်း လိုက်ရင် တရုပ်နောက်က။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး