Truth စာတွေ့

ပုံကတော့ ဆေး။ ရေးမှာက ကျန်းမာရေး မဟုတ်။

ပျက်သွားတဲ့ဖေ့စ်ဘွတ်မှာ History of Burma မြန်မာနိုင်ငံသမိုင်းတင်ထားတာ ၂၂ နာရီအတွင်း 5.5 K Likes + 4,519 Shares နဲ့ Page မှာ 445,275 Reaches + 5,367 Shares ရှိတယ်။

ဒွိဟတွေဖြစ်နေကြရင် မှန်တာကိုပြောလိုက်ပါလို့ မာ့ခ်တွိန်းက ပြောပါသတဲ့။ သမိုင်းကို လိမ်ကောက်ကွေး ရေးခဲ့သူတွေထဲမှာ သမိုင်းဆရာမကြီးတွေပါတယ်။

သစ္စာတရားဆိုတာ အပြောမဟုတ်။ အပြောသက်သက်ဆိုရင်တော့ သစ္စာတရား မဟုတ်တော့ဘူးလို့ ဆရာတော်တပါးက Lao Tzu ရေးတဲ့ The Book of Secrets ထဲကနေ ဘာသာပြန်ထားတယ်။

သစ္စာတရားကို အင်္ဂလိပ်လို ထရု့သ်၊ အက်ပဆိုလု တရု့သ်လို့ ပြောကြတယ်။ ဘယ်လိုဘာသာပြန်ပြန် တမျိုးတည်းသာရှိတာ။

နောက်စာလုံးတခုက နိဗ္ဗာန်

အမည်ဟူသ၍၊ နေရာဟူသမျှကို နာမ်လို့ခေါ်တယ်။ နိဗ္ဗာန်က အဲတာထဲမှာမပါ။ စိတ္တဇနာမ်။ စိတ္တဇလို့ ပြောရတာလည်း မမှန်။ ဆုပ်ကိုင် လက်ညှိုးထိုးပြလို့ မရတာမျိုး။ စိတ်ကူးအသိ။

စာလုံးတွေပါ။ စာတွေ့ပဲ။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး