ဆရာဝန် ပန်တျာကျောင်းဆင်းမဟုတ်

မင်္ဂလာပါဆရာ သမီးလေ ကိုယ်ဝန် ပျက်ကျထားတာ သွေးက ဆင်းတာ ၁၀ရက်ကျော်နေပြီ စိုးရိမ်ရလားသိချင်လို့ပါ

အသက် မသိ။ ကိုယ်ဝန်လ မသိ။ ဆရာဝန် ပြသလား မသိ။ သားအိမ်ခြစ်သလား မသိ။

မခြစ်ကပါဘူး ဆရာဝန်မပြကသေးပါဘူ

သင်္ကြန်ရက်မှာ ကလေးအမေတယောက်က သူ့ကလေးနေမကောင်းလို့ မေးတယ်။ သင်္ကြန်ကလည်းနီးပြီ ဘယ်လိုလုပ်ကမလဲဆရာတဲ့။ ကလေးချီထားရင်း ကလေးချော့သီချင်းဆိုပြီး ကနိုင်လို့ ဖြေလိုက်ရတယ်။

အဲလို ရကို ကလို့ လွဲမှားစောင်းချိတ်လိမ်ကောက်ရေးတာတွေလာရင် ဆရာဝန်က ပန်တျာကျောင်းဆင်းမဟုတ်လို့ မဖြေတတ်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး