Corn Field ပြောင်းခင်း

ဘုန်းကြီးကျောင်း လမ်းတဖက်က ပြောင်းခင်းနဲ့ အမှတ်တရ
ဒီမှာက ပြောင်းတလှည့် ပဲတလှည့်

မိုးနည်းတဲ့နှစ် များတဲ့နှစ်
ထွက်တဲ့သီးနှံ အရစ်ကျပေးရန်မလို
အမတော်ကြေးမရှိ တာဝန်ကျေမရှိ

တရုပ်နယ်စပ်အထိ ပို့ရန်မလို
အိန္ဒိယကုန်သည်ကို မျက်နှာကြည့်ရန်မလို
မိုးလိုတဲ့နှစ် အစိုးရက အနစ်နာခံ
စီမံကိန်းသီနှံ မရှိ
ဆိုရှယ်လစ်စီးပွါးရေး နတ္ထိ

ဒီမှာက မဆလ မရှိ၊ နဝတ မရှိ
ပြည်ခိုင်ဖြိုး မရှိ၊ အင်နယ်လ်ဒီ မရှိ
လူတွေရှိ၊ ဒီမိုကရေစီရှိ
ဥပဒေရှိ၊ မိုးလေဝသရှိ

မြန်မာပြည်မှာ လူတွေရှိ၊ မိုးလေဝသရှိ
ပြောင်းခင်းတွေ မတောက်တခေါက်ရှိ
ပြောင်းလဲခြင်းတွေက မိုးမျှော်လျက်ရှိ။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၈
၁၆-၇-၂ဝ၁၉
ဓါတ်ပုံ ကိုစောအေး

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး