Posts

Showing posts from September, 2017

Morning နံနက်ခင်း

Image
နံနက်ခင်းနဲ့ မနက်ခင်း ဘယ်ဟာမှန်ပါသလဲခင်ဗျာ နံနက်ခင်းကအမှန်။ နံနက်မိုးသောက်၊ နက်ဖြန်ခါလို့ရေးပါတယ်။ မနက်ဆိုတာ စကားအရာမှာတော့သုံးတယ်။ အရင်က နံက်လို့လည်းရေးခဲ့ကြတယ်။ နံ ဆိတ်နံပင် ဓါတ်နံ နံကာလ = ဝါခေါင်လ နံကိုင်း = နံရံ = နံဘေးဘက် နံနံပင် နံနက်မိုးသောက် နံပုပ်သည် နံရိုး နံစော် နံတောင် = နံတောင်း = နံပါး ပနံသင့် ဂြိုဟ်နံ ရည်းစားသနံ အနံအလျား နေ့နံ ရေနံဆီ ရေနံတွင်း ရေနံချေး ရေနံချောင်းမြို့ နက် နက္ခတ်တာရာ နက် = နက်ကျော = မည်းသည်၊ မဲသည် နက် = မလွယ်ကူ၊ မတိမ်၊ ခဲယဉ်းသည် နက်ကိ = အနှစ်အရသာရှိသည် နက်ချိပ် နက်တံ = အနှေးအလျင်စုံစမ်းခြင်း၊ အနက်၏အတံ နက်တစ် = အစဉ်မပြတ် နက်နဲခက်ခဲ နက်ကြုတ် နက်ဖြန် နက်ဖြန်ခါ နက်ရှိုင်း = နက်နက်နဲနဲ = နက်စွာသော နက်ဝှမ်း နက်သတ် = နက္ခတ်တာရာ နက်ကျော ပညာဉာဏ်နက် ပါဠိအနက် ဘုမ္မနက်တဲ့သရက် အတိမ်အနက် အဓိပ္ပါယ်အတိမ်အနက် အနက်ရောင် အသားနက်သည် ဒေါက်တာတင့်ဆွေ ၃ဝ-၉-၂ဝ၁၇

Immunizations before marriage အိမ်ထောင်ပြုမည့် အမျိုးသမီးသူများအတွက် ကာကွယ်ဆေးများ

Image
အသက်၂၇ နှစ်။ အမျိုးသမီး။ နောက်နှစ်ထဲအိမ်ထောင်ပြုမှာပါဆရာ။ ပတ်ဝန်ကျင်ကလူတွေပြောအရအိမ်ထောင်မပြုခင် ကာကွယ်ဆေးထိုးထားသင့်တယ်ဆိုပြီး သိထားပါတယ်ရှင့်။ ၂၆ နှစ်ကျော်ရင် သူများတိုင်းပြည်တွေမှာမထိုးပါဆိုပြီး ဆရာ ပြောလို့သိရပါတယ်။ ယခုထိုးသင့်မထိုးသင့်ကို မေးချင်ပါတယ်ရှင့်။ ဘာ့ကြောင့်ဆိုတာကိုလည်း ဖြေကြား ပေးစေလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ မြန်မာပြည်မှာတော့ ကျန်းမာရေးဌာနတွေကနေ ထုတ်ပြန်ထားတာ ရှိ-မရှိ မသိပါ။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် ကာကွယ်ဆေးထိုးဌာန လမ်းညွှန်ကို ကိုးကားရေးပါမယ်။ Immunizations in the Preconception Period ကိုယ်ဝန်မဆောင်မီထိုးသင့်သည့် ကာကွယ်ဆေးများ အလေးအနက်အကြံပြုသည့် ကာကွယ်ဆေးများ • Influenza တုပ်ကွေး၊ • Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊ ကူးစက်နိုင်ခြေရှိသူများသာ • Hepatitis A အသည်းရောင်အေ ကာကွယ်ဆေး၊ • Hepatitis B အသည်းရောင်ဘီကာကွယ်ဆေး၊ • Human papillomavirus (HPV) သားအိမ်ဝကင်ဆာ ကာကွယ်ဆေး (၂၆ နှစ်အထိ)၊ • Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား ကာကွယ်ဆေး၊ • Meningococcal မနင်ဂိုကော်ကယ် ကာကွယ်ဆေး၊ • Pneumococcal နူမို

Marriage Advice သီတင်းမကျွတ်ခင် ဖတ်စေချင်

Image
၁။ ဆရာရှင့် အိမ်ထောင်ပြုတော့မယ်ဆိုရင် မိန်းကလေးကော ယောက်ျားလေးကော ဆေးစစ်ဖို့လိုပါသလား။ တခြားဘာတွေ ဂရုစိုက်ပြီး ကြိုတင်ပြင်ဆင်သင့်ပါသလဲရှင့် ၂။ ဆရာ သီတင်းကျွတ်ခါနီးလာတော့ အိမ်ထောင်ပြုမဲ့စုံတွဲတွေအတွက် ကျန်းမာရေးပညာပေး အစီအစဉ်လေး လုပ်ချင်လို့ပါ။ သီတင်းကျွတ်ရင် မင်္ဂလာဆောင်တွေ လာပါတော့မယ်။ ခေတ်လူငယ်တွေအတွက် ခေတ်ဆေးပညာအရ အကြံပေးပါရစေ။ ခေတ်လူငယ်တွေထဲမှာ မိဘစကား သိပ်နားမထောင်သူတွေလည်းရှိတယ်။ သူတို့မိဘစကားတောင် နားမထောင်ရင် ဆရာဝန့်စကားလည်း လိုက်နာမယ်မထင်ပါ။ ဒါပေမဲ့ အိမ်ထောင်ပြုတာမှာတော့ ကိုယ့်သဘောချည်းမပြီးတာကို သိလာပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဘက်၊ အိမ်ထောင်ဘက်က ဆွေတွေမျိုးတွေ စသူတွေမပါရင် မြန်မာ့ထုံးစံမှာ အိမ်ထောင်ပြုတဲ့အရာ မပြည့်စုံပါ။ နားထောင်ရမှာတွေတိုးလာပါပြီ။ ဆရာဝန့်စကားနည်းနည်းလေးဖြစ်ဖြစ် နားထောင်ကြည့်ပါ။ အိမ်ထောင်ဘက်မှာ ကူးစက်ရောဂါတွေ ရှိသလား။ မျိုးရိုးလိုက်ရောဂါတွေ ရှိသလား။ ကိုယ့်မှာကော အဲတာတွေ ကင်းရှင်းသလား။ ဝဲ၊ ပွေး၊ တီဘီ စတာတွေကို အသာထားပြီး လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါမပြဘဲ ပိုးရှိနေတာမျိုးဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထော

Love လဖ်

Image
ဖေ့စ်ဘွတ်က အခုပဲ ပေါ်လာတာ။ Tint, your friends have loved your posts 34,000 times! We're glad you're sharing your life with the people you care about on Facebook. Here's a look at some photos your friends have loved. Love စာလုံးကို သူများတိုင်းပြည်တွေမှာသုံးတာနဲ့ ကျွန်တော်တို့ယဉ်ကျေးမှုအရသုံးတာ မတူပါ။ သူတို့ဆီမှာ အတော်ကို ခပ်လွယ်လွယ်သုံးကြတယ်။ Like ထက်ပိုသုံးတယ်။ စားစရာတခုခု ကြိုက်သလားမေးတာကို အိုင်လဖ်အစ်လို့ဖြေတယ်။ ၂၃-၉-၂ဝ၁၇ နေ့က 33,000 times တဲ့။ တပတ်တိတိမှာ တထောင်တိတိတိုးလာတာ။ ကျွန်တော်က တစ်ရာတွေ၊ တစ်ထောင်တွေ ဘယ်လောက်လျော့သလဲကို လဖ်လုပ်ချင်တယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၉-၂ဝ၁၇

Simple ရိုးရိုးရှင်းရှင်း

Image
ဆရာဒေါက်တာတင့်ဆွေ မင်္ဂလာပါခင်ဗျ။ ကျနော့့် News Agency သတင်းဌာနကပါ။ ဆရာ့ရဲ့ ကျန်းမာရေးပို့စ်တွေကို ကျနော်တို့ ပေ့ခ်ျမှာပြန်တင်ခွင့်ပေးနိုင်မလားခင်ဗျာ။ ဟုတ်။ ဒါပေမယ့် (၁) ပုံတွေနဲ့တွဲရင် ပုံတွေက အများသူငါအမြင်မှာ တင့်တယ်တာဖြစ်ရပါမယ်။ (၂) သတ်ပုံတွေကို မပြင်စေလိုပါ။ အထူးသဖြင့် တကိုမလိုအပ်ဘဲ တစ်လုပ်ထားတာကို မလုပ်စေလိုပါ။ (၃) ကျွန်တော့်အမည်ကိုလည်း ဒေါက်တာတင့်ဆွေလို့သာ ရိုးရိုးရှင်းရှင်းသုံးစေလိုပါသည်။ ဆရာကြီးစတာ မပါစေလိုပါ။ ကျေးဇူး။ ဒေါက်တာတင့်ဆွေ ၃ဝ-၉-၂ဝ၁၇

Water and pH ရေသန့်ဆိုတာ

Image
 ဆရာ မြန်မာပြည်မှာ ရေသန့်တံဆိပ်တွေအမျိုးမျိုးရှိပါတယ်။ မသန့်တာတွေလဲရှိပါတယ်။ ရေသန့်စက်ကထွက်တဲ့ရေကို ဓာတ်ခွဲခန်းမှာ စစ်ကြည့်တဲ့အခါမှာရေက pH level 8.5 ဖြစ်နေပါတယ်။ သောက်သုံးရန်သင့်ပါသလား။ ရေနဲ့အရည်တိုင်းကို pH တိုင်းတာတဲ့အခါ မတူတာတွေတွေ့မယ်။ pH 7 ထက်နည်းတာကို အက်စစ်ဓါတ်လို့ သတ်မှတ်တယ်။ များတာကို ဘေ့ဆစ်ဓါတ်။ သန့်တဲ့ရေ Pure water မှာ pH 7 ရှိတယ်။ သောက်နိုင်တယ်။ ဓါတုဗေဒလို နူထရယ်လို့ခေါ်တယ်။ Surface water systems ခေါ် မျက်နှာပြင်ရေရဲ့ pH က 6.5 ကနေ 8.5 အထိရှိတယ်။ Groundwater systems ခေါ်မြေအောက်ရေရဲ့ pH က 6 ကနေ 8.5 အထိရှိတယ်။ Natural Unpolluted rainwater မိုးရေသန့်မှာ pH 5.6 ရှိလို့ အက်စစ်ဓါတ်ဖြစ်တယ်။ လေထဲက Carbon dioxide ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူထားလို့ဖြစ်တယ်။ Carbonic acid (H2CO3) ကာဗွန်နစ်အက်စစ်ဖြစ်လာတယ်။ အပျော့စားအက်စစ်ဖြစ်တယ်။ မိုးရေအများစုမှာ pH 4.0 ကနေ 5.5 အထိရှိတယ်။ Acid Rain အက်စစ်မိုးဆိုတာ Nitrogen oxide နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ Sulfur dioxide ဆာလ်ဖါဒိုင်အောက်ဆိုဒ်တွေ ပါနေတာကိုခေါ်တယ်။ သောက်ရေသန့်တွေ တံဆိပ်အမျိုးမျိုးနဲ့ရောင်းတယ်။ pH နည်းနည်းစီ မတူကြပါ။ • Walmar

Fetal length and weight ဗိုက်ထဲက ကလေးအတိုင်းအတာများ

Image
ကိုယ်ဝန် ၃၁ ပတ်မှာ ကလေးက ၄.၉ ပေါင်ဆိုတာ ပုံမှန်လားရှင့်။ ဆရာဝန်က အရမ်းထွားတယ်ပြောလို့ပါ။ ပုံမှန်က ဘယ်နှစ်ပေါင်ရှိရတာလဲရှင့်။ ကိုယ်ဝန် ၃၁ ပတ်မှာ 3.31 ပေါင်ကပုံမှန်ဖြစ်။ Gestational age Length (US) Weight (US) Length (cm) Mass (g) (crown to rump) (crown to rump) 8 weeks 0.63 inch 0.04 ounce 1.6 cm 1 gram 9 weeks 0.90 inch 0.07 ounce 2.3 cm 2 grams 10 weeks 1.22 inch 0.14 ounce 3.1 cm 4 grams 11 weeks 1.61 inch 0.25 ounce 4.1 cm 7 grams 12 weeks 2.13 inches 0.49 ounce 5.4 cm 14 grams 13 weeks 2.91 inches 0.81 ounce 7.4 cm 23 grams 14 weeks 3.42 inches 1.52 ounce 8.7 cm 43 grams 15 weeks 3.98 inches 2.47 ounces 10.1 cm 70 grams 16 weeks 4.57 inches 3.53 ounces 11.6 cm 100 grams 17 weeks 5.12 inches 4.94 ounces 13 cm 140 grams 18 weeks 5.59 inches 6.70 ounces 14.2 cm 190 grams 19 weeks 6.02 inches 8.47 ounces 15.3 cm 240 grams 20 weeks 6.46 inches 10.58 ounces 16.4 cm 300 grams (crown to heel) (crown to heel)

Supermarket ဆိုင်ဖွင့်ထားပါသည်

Image
မနေ့ကတော့ ငရုပ်သီးသယ်။ 1. Chili and Politics ငရုပ်သီးနဲ့ နိုင်ငံရေး https://doctortintswe.blogspot.com/2014/11/chili-and-politics.html 2. Chili plant ငရုတ်ပင် https://doctortintswe.blogspot.com/2017/08/chili-plant.html 3. Chili ငရုတ်သီး အရသာ https://doctortintswe.blogspot.com/2014/11/chili.html 4. Taste types အရသာအမျိုးမျိုး https://doctortintswe.blogspot.com/2016/08/taste-types.html ကနေ့တော့ ဆီရောင်းတယ်။ 1. Best Cooking Oils အကောင်းဆုံး စားသုံးဆီများ https://doctortintswe.blogspot.com/2017/01/best-cooking-oils.html 2. Castor oil ကြက်ဆူဆီ https://doctortintswe.blogspot.com/2017/08/castor-oil.html 3. Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) http://doctortintswe.blogspot.com/2014/11/chicken-eggs.html 4. Cholesterol and food ကိုလက်စထောနဲ့ အစားအစာ http://doctortintswe.blogspot.com/2015/03/cholesterol-and-food.html 5. Cholesterol ကိုလက်စထော http://doctortintswe.blogspot.com/2014/11/cholesterol.html 6. Coconut oil အုန်းဆီ http://doctortintswe.blogspot.com/2015/07

ထိုမျှရာဇာ စောချုပ်ခြာတို့ သင်္ချာသရုပ် သေချာလုပ်

Image
ထိုမျှရာဇာ စောချုပ်ခြာတို့ သင်္ချာသရုပ် သေချာလုပ် ၁။ တခုမေးချင်လို့ပါဆရာ။ သေချာ နဲ့ သေခြာ ဘာယ်ဟာအမှန်လဲ ခင်ဗျ။ ၂။ မင်္ဂလာပါဆရာ သေချာ နဲ့ သေခြာ ဘယ်ဟာအမှန်လည်း ဖြေပေးပါလားခင်ဗျ သေချာကအမှန်။ ကျွန်တော်လည်း ခဏခဏမှားတယ်။ ပဌမမေးခွန်းပါ တစ်ကိုတော့ ကျွန်တော့်ပို့စ်မှာသုံးတာဖြစ်လို့ ပြောင်းလိုက်ပါတယ်။ ဆောရီး။ သေ လုပ်ကြံသေသပ် အရက်သေစာ သေကာတုတ်ချောက် (သေလျှင်ဧကန်မလွဲ) သေခမ်းရှင်ခမ်း သေချာ သေချာဂန သေတမ်းစာ သေတုပ္ပလ (ကြောဖြူ ကြာပုဏ္ဍရိတ်) သေန = သေနင်္က (စစ်၏အစိတ်အပိုင်း  စစ်ဆင်စစ်ခင်း) သေနကအမတ် သေနင်္ဂဗျူဟာ သေနစ် (သေနက်) သေနတ် သေခြင်းဆိုး သေရည် = သေစာ (မူးယစ်စေတတ်သောအရည်   ယစ်မျိုး) သေရည်သေရက် သေလုမြောပါး သေလူဘနန်း သေဝပ် သေသတ်စွာ (ယခင်ထုတ်သတ်ပုံအရ) သေကောင်းပေါင်းလဲ သေကောင်ပေါင်းလဲ သေကျေ သေသေဝပ်ဝပ် သေသေသတ်သတ် (ယခင်ထုတ်သတ်ပုံအရ) သေသေသပ်သပ် (နောက်ထုတ်သတ်ပုံအရ) သေသောက်ကြူး ချာ ရူးချာချာ ကွန်ချာ ကပေါက်တိ ကပေါက်ချာ ချက်ချာ ညံ့ဖျင်းနုံချာ ချာတိတ် ချာတူးလံ  ချာလပတ်လည်  ချူချာ ဂဏန်းသင်္ချာ စုတ်ချာ တပ်အပ်သေချာ ပတ်ချာလည် ဖျင်းချာ ဗရချာ မာချာ လုံးချာလိုက် သည်းချာ သွက

သေသတ်

Image
သေသပ် ဟုတ်ဘူးလားဆရာ။ အသေသတ်ဆိုရင်တော့ တသတ်ပေါ့ မြန်မာစာတော်တော်ခက်တယ်ဗျာ။ သေ လုပ်ကြံသေသပ် အရက်သေစာ သေကာတုတ်ချောက် (သေလျှင်ဧကန်မလွဲ) သေခမ်းရှင်ခမ်း သေချာ သေချာဂန သေတမ်းစာ သေတုပ္ပလ (ကြောဖြူ ကြာပုဏ္ဍရိတ်) သေန = သေနင်္က (စစ်၏အစိတ်အပိုင်း- စစ်ဆင်စစ်ခင်း) သေနကအမတ် သေနင်္ဂဗျူဟာ သေနစ် (သေနက်) သေနတ် သေခြင်းဆိုး သေရည် = သေစာ (မူးယစ်စေတတ်သောအရည် - ယစ်မျိုး) သေရည်သေရက် သေလုမြောပါး သေလူဘနန်း သေဝပ် သေသတ်စွာ (ယခင်ထုတ်သတ်ပုံအရ) သေကောင်းပေါင်းလဲ သေကောင်ပေါင်းလဲ သေကျေ သေသေဝပ်ဝပ် သေသေသတ်သတ် (ယခင်ထုတ်သတ်ပုံအရ) သေသေသပ်သပ် (နောက်ထုတ်သတ်ပုံအရ) သေသောက်ကြူး သပ် စုပ်သပ် ဆီလိမ်းဖီးယပ် လက်သပ်မွေး လာဘ်သပ်ပကာရ သုံးသပ်ဆင်ခြင် သပ္ပါယ် သပ်ထိုး သပ်နုတ် သပ်လျှိုသပ်ပင်း သပ်သပ်ယပ်ယပ် သပ်နှက်သပ်ရိုက် ကျောသပ် ခေါင်းကိုသပ် ရွှေရင်စမ်းသပ် နှီးသပ် သတ် ကတ်ကတ်သတ်သတ် ဆီသတ် တသတ် ဓမ္မသတ် နပန်းသတ် နယ်ပယ်သတ်မှတ် ပရိသတ် ပသတ် မီးသတ် မြင်းဇက်သတ် လက်စသတ် လက်ဝှေ့သတ် သံသတ်ပင် သတ္တဝါ သတ္တုတွင်း သတ္တဌာန သတ္တဘာဂနတ် သတ္တမ သတ္တရည် သတ္တရဘန် သတ္တဝါ သတ္တိ သတ္တုချ သတ္တုဓာတ် သတ္တဗေဒ သတ္ထန္တရကပ် သတ်

Cooking Oils စားသုံးဆီများ

Image
စားသုံးဆီတွေထဲမှာ အရောင်လှအောင်ထည့်တဲ့ ဓါတုဆေးတွေက ဘေးဖြစ်စေနိုင်တယ်။ စားသုံးဆီ ကောင်း-မကောင်း အနံ့အသက်နဲ့ အရောင်ကြည့်ပြီး ပြောမရပါ။ ဆီထဲမှာ စုစုပေါင်းအဆီ၊ ပြည့်ဝဆီဘယ်လောက်လဲနဲ့ ကလိုရီ ဘယ်လောက် ရစေသလဲဆိုတဲ့ အချက် (၃) ချက်ကို ကြည့်ရပါတယ်။ မြန်မာပြည်မှာ စားသုံးနေကြတဲ့ စားအုန်းဆီကနေ ပြည့်ဝဆီအများကြီးရစေတယ်။ ပြည့်ဝဆီနည်းတာက ကျန်းမာရေးအရ ကောင်းတယ်။ အုန်းသီးကနေထုတ်တဲ့ဆီက ၃ မျိုး ရှိတယ်။ ဆီအမျိုးအစား - (ကလိုရီ)၊ - အဆီ (စုစုပေါင်း)၊ - ပြည့်ဝဆီ၊ =  မှတ်ချက် 1. Coconut oil အုန်းသီးဆီ (ကလိုရီ) ၁၁၇၊ အဆီ (စုစုပေါင်း) ၁၃့၆၊ ပြည့်ဝဆီ ၁၁့၈ = အများဆုံး၊ 2. Palm kernel oil စားအုန်းဆီ (ကလိုရီ) ၁၁၆၊ အဆီ (စုစုပေါင်း) ၁၄၊ ပြည့်ဝဆီ ၁၁့ဝ = အများဆုံး၊ 3. Palm oil စားအုန်းဆီ (ကလိုရီ) ၁၂ဝ၊ အဆီ (စုစုပေါင်း) ၁၃့၆၊ ပြည့်ဝဆီ ၆့၇ = များတယ်။ မြန်မာနိုင်ငံမှာအသုံးများတဲ့ တခြားဆီတွေ ကလိုရီ၊ - အဆီ (စုစုပေါင်း)၊ - ပြည့်ဝဆီ၊ =  မှတ်ချက် 1. Cottonseed oil ဝါစေ့ဆီ ၁၁၉၊ ၁၄၊ ၃့ဝ၊ = ပြည့်ဝဆီမနည်းပါ၊ 2. Peanut oil မြေပဲဆီ ၁၁၉၊ ၁၃့၅၊ ၂့၃၊ = ပြည့်ဝဆီနည်းမပါ၊ 3. Soybean oil ပဲပုပ်ဆီ ၁၂ဝ၊ ၁၃့၆၊ ၂့ဝ၊ = ပြည့်ဝဆီနည်းတယ်၊

Healthy Cooking Oils ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ

Image
ဟင်းသီးဟင်းရွက်ဆီတွေမှာ ကင်ဆာ၊ နှလုံးရောဂါတွေနဲ့ဆက်စပ်တဲ့ ဓာတုပစ္စည်းတွေပါဝင်လျက်ရှိခေါင်းစဉ်နဲ့ သတင်း ဆောင်းပါးတပုဒ်ကို အခုပဲဖတ်ရပါတယ်။ အဲဒီစာထဲမှာ ဒီလိုရေးထားပါတယ်။ နေကြာဆီနဲ့ ပြောင်းဆီစတဲ့ ဟင်းသီးဟင်းရွက်ဆီတွေမှာ နှလုံးရောဂါနဲ့ (ဒီမင်းရှား) ခေါ် ဦးနှောက်ရောဂါဖြစ်စေနိုင်တဲ့ အဆိပ်ရှိဓာတုပစ္စည်းတွေ ပါဝင်လျက်ရှိကြောင်း သိပ္ပံပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။ ဒီဆီတွေအစား သံလွင်ဆီကို ရွေးချယ်အသုံးပြုနိုင်ပေမယ့် စားအုန်းဆီ၊ ထောပတ်နဲ့ ဝက်ဆီတို့ဟာ တခြားဆီတွေထက် သာလွန် ကောင်းမွန်တယ်လို့ ဆိုပါတယ်။ အတတ်နိုင်ဆုံး ဆီကြော်အစားအစာတွေကို ရှောင်ပါ။ ဆီသုံးမယ်ဆိုရင်လည်း ဒီ အဆိပ်ရှိ ဒြပ်ပေါင်းပါဝင်မှုနည်းပါးတဲ့ ဆီမျိုးကို ရွေးသုံးပါ။ နေကြာဆီ ဒါမှမဟုတ် ပြောင်းဆီကို သုံးပြီးကြော်ထားတဲ့ ငါးကြော်ဟင်းမှာ aldehydes ဒြပ်ပေါင်းဟာ စိတ်ချရတဲ့ ပမာဏထက် အဆ ၂ဝဝ ကျော် ပိုမိုပါဝင်နေတာ တွေ့ရှိရတယ်။ ကိုလက်စထရော ဖြစ်ပေါ်မှုအားမပေးတဲ့ polyunsaturated fats အဆီကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဆီတွေဟာ အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်း အမြောက်အများကို ထုတ်ပေးနိုင်ပြီး သံလွင်သီးနဲ့ အခွံမာစေ့တွေကနေရတဲ့ monounsaturated fat ဆီတွေကတော့ ဒီဒြပ်ပေါင

Depo Provera သုံးလခံ ကိုယ်ဝန်တားထိုးဆေး

Image
(ကန်တော့ပါ) ၁။ သမီးအသက် ၂၃ပါ။ သမီးလက်ထပ်ထားတာ သိပ်မကြာသေးပါဘူး။ ၃ လခံထိုးဆေးအကြောင်းမေးချင်လို့ပါရှင့်။ ၃လခံ ထိုးဆေးက ရာသီပြီး ၅ရက်အတွင်းထိုးရတယ်လို့သိထားပါတယ်။ ၅ ရက်ကျော်လို့ထိုးခဲ့ရင် ၇ ရက် သို့ ၂ ပတ်ကြာမှ ထိရောက်တယ်သိထားပါတယ်ရှင့်။ ဒါပေမဲ့ သမီးကိုထိုးပေးတဲ့ ဆရာဝန်က ၇၂ နာရီ ၃ရက်ပဲ ရှောင်ရတယ်၊ ၃ ရက် ကျော်ရင် ဆေးအာနိသင်ရပြီလို့ပြောပါတယ်။ ဘယ်ဟာအမှန်ဆိုတာ သိချင်လို့ပါရှင့်။ ပြီးတော့ သမီး ၇ရက်နေ့က ရာသီလာပါတယ်။ ၁၁ ရက်နေ့မှပြီးပါတယ်။ ၃လခံထိုးဆေးကို ၂၆ရက်နေ့မှ ထိုးပါတယ် (ဆေးနာမည်တော့မသိလိုက်ရပါဘူး)။ ဆရာဝန်က ထိုးလို့ရတယ်လို့ပြောလို့ ထိုးလိုက်တာပါ။ ၂၉ရက်နေ့မှာ တူတူနေဖြစ်ခဲ့တယ်။ ဆရာဝန်က ၇၂နာရီရှောင်ရင်ရပီလို့ ပြောလို့ အကာအကွယ်သုံးမလိုက်မိပါဘူးဆရာ။ ဒါပေမဲ့ သမီးစာတွေမှာ လေ့လာ ရသမျှက ၅ရက်ကျော်လို့ ဆေးထိုးရင် ၇ရက် သို့ ၂ပတ် ကြာမှထိရောက်မယ်သိထားပါတယ်။ အဲ့ဒါ အမှားအယွင်းဖြစ်မှာ စိုးရိမ်လို့ပါ ဆရာ။ ကိုယ်ဝန်ရနိုင်လားရှင့်။ အရေးပေါ်တားဆေး ထပ်သောက်စရာ လိုသေးလား သိချင်လို့ပါဆရာ။ (သတ်ပုံတွေကို ပြင်လိုက်ပါတယ်။ ဆောရီး။) ၂။ ဆရာရှင့် ကျွန်မနာမည့့် ပါ။ အသက် ၃၅နှစ်ပါ။ အိမ်ထောင်သည်ပါ။ သက်ဦးကလေးက ၁ နှစ်န

လတ်လတ်ဆတ်ဆတ်

Image
၁။ လတ်လတ်ဆပ်ဆပ်စားရတော့ ကောင်းလိုက်တာဆရာ။ မြန်မာပြည်မှာတော့ အခွံဖယောင်းသုတ်ထားတဲ့ ပန်းသီးတွေပဲ စားနေရတုန်းဆရာရေ။ ၂။ လတ်လတ်ဆပ်ဆပ်ပန်းသီးတွေ စားချင်တယ်။ လတ်လတ်ဆတ်ဆတ်လို့ရေးရတယ်။ လတ် ကျိုက်လတ်မြို့ ဆလတ်ရွက် ဆိုလတ္တံ့ ညိုပြာဝင်းလတ် ဖျပ်ဖျပ်လတ်လတ် မီးပလတ် လတ္တီတွဒ် လတ်ဆတ် လတ်တလော လတ်လတ်ဆတ်ဆတ် လတ်လတ်ဘုန်းရင့် = ဘုန်းတော်ဖြင့်တောက်ပခြင်း လတ်လတ်လောလော = ချက်ခြင်း၊ ခဏခြင်း လတ်လျားလတ်လျားမနေသင့် လတ်ကော့လတ်ကော့ လမ်းခုလတ် လာလတံ္တ့သော လာလတ်သောအခါ သက္ကလတ် အကြီး၊ အလတ်၊ အငယ် အယုတ်အလတ်အမြတ်မရွေး အရှင်လတ်လတ် အရှင်လတ်လတ် အလတ်အကြီး အသားလတ် ပြောလတ္တံ့ လပ် ကပ်လပ်ကပ်လပ် ကွက်လပ် ဆုလပ် (ဆုလာဘ်) ဇလပ်ပန်း တခုလပ် ကြာကလပ် ပြတ်လပ် လစ်လပ်သည် လွတ်လပ်ရေး လွတ်လွတ်လပ်လပ် အကြားအလပ် အမှုပလပ် ဒေါက်တာတင့်ဆွေ ၂၉-၉-၂ဝ၁၇

သက် နှင့် သပ်

Image
ဆရာ ဘယ်လိုစမ်းသက်မှုမျိုး လုပ်ရပါလည်ဆရာ။ ရောဂါကို ဆရာဝန်ပြသင့်။ သတ်ပုံကိုတော့ ကျွန်တော်ပြင်ပေးပါမယ်။ စမ်းသပ်လို့သာရေးရတယ်။ သက် ခုနှစ်သက္ကရာဇ်၊ ချစ်တဲ့သက်နှံ၊ ချစ်ဖက်သက်လျာ၊ သက္ကတဘာသာ၊ သက္ကလတ်စောင်၊ သက်ကျားအို၊ သက်စွန့်ကြိုးပမ်း၊ သက်ဆိုင်သူ။ သက်ဆိုးရှည်၊ သက်တံ့ရောင်၊ သက်တမ်းရှည်၊ သက်ကြီးခေါင်းချအချိန်၊ သက်ရင်းကြီးပင်၊ သက်လုံကောင်း၊ သက်သတ်လွတ်စား၊ သက်သာချောင်ချိရေး၊ သက်ဦးဆံပိုင်စနစ်။ သက်ရောက်မှု၊ သက်သေပြ၊ သက်သောင့်သက်သာ၊ အသက်၊ သပ် ပွတ်သပ်၊ သပ္ပာယဖြစ်၊ သပ္ပာယ်၊ သပ်ရပ်။ သပ်လျှို၊ ဒေါက်တာတင့်ဆွေ

Yes ရက်စ်

Image
• ဆရာအရေပြားကင်ဆာအကြောင်းသိချင်လိုပြောပြလိုရမလားရှင် • မေးနည်းစည်းကမ်း ပို့လိုက်ပါတယ်။ • ဟုတ်ကတ်ပါ • ဟုတ်ကဲ့ပါလို့သာ ရေးရတယ်။ ဘိုလိုရေးချင်ရင် ရက်စ်လို့သာရေးပါ။ ကတ် ကံ-ကတ္တား၊ ကတ္တရာစေး၊ ကတ္တားခြား၊ ကတ္တီပါဖိနပ်၊ ကတ်ထူစာအုပ်၊ ကတ်ဖဲ့ဖဲ့လုပ်၊ ကတ်သီးကတ်သတ်၊ ကတ်ကြေး၊ ကုတ်ကုတ်ကတ်ကတ်၊ တုံးပေကတ်သတ်၊ တရုတ်ကတ်တံခါး၊ တွက်ကတ်၊ နားကြားပြင်းကတ်၊ ပိဋကတ်၊ ပို့စကတ်၊ မြင်ပြင်းကတ်၊ လက်ပေါက်ကတ်၊ အမြင်ကတ်၊ အလုပ်ခိုကတ်။ ပေကတ်ကတ်၊ ဒေါက်တာတင့်ဆွေ ၂၉-၉-၂ဝ၁၆ ၂၉-၉-၂ဝ၁၇

Ectopic Pregnancy (2) ထူးဆန်းသည့်ကိုယ်ဝန် (၂)

Image
ရေးထားတာ ၇ နှစ်ရှိပြီ။ မနှစ်ကဒီနေ့မှာတင်ခဲ့တာလို့ ဖေ့စ်ဘွတ်က နှစ်ပတ်လည်စာအဖြစ်အသိပေးလို့။ နက်ဖြန်အလှူနေ့၊ သားတွေကိုသင်္ကန်းဆီး၊ သမီးကိုနားသ၊ လာသမျှကို အဝကြွေးပြီး၊ အလှူမင်္ဂလာပွဲကြီး ဝှဲချီးလုပ်မှာပါ။ အလှူဆိုတာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအဖို့ တသက်တာမှာ တခါတော့ လုပ်ဖြစ်အောင် လုပ်ကြရတယ်။ အရပ်ကူ၊ လူဝိုင်း၊ ဆွေမျိုးတိုင်းလာကြ။ မိတ်ဆွေရင်းခြာတွေလည်း နီးသောဝေးသောမဟူ အလှူလာကြတယ်။ မနက်ဖြန်အလှူရက် စည်ချက်မကျန်ဘူးပြောရမှာပေါ့။ အလှူ့တကာက မြို့နယ်ဆရာဝန်။ နယ်မြို့တွေမှာ ဆရာဝန်တိုင်း၊ ၈ နာရီတဆိုင်း မရှိပါ။ နေ့တိုင်း၊ နာရီတိုင်း ဂျူတီဆိုင်း ရှိကြတယ်။ ကျွန်တော် မြို့နယ်ဆရာဝန်ဖြစ်တာ ကံကောင်းတယ်။ မွေးရပ်မှာ တာဝန်ကျတဲ့ပြင်၊ လက်ထောက်ဆရာဝန်က ညီတော်တယ်။ သူက အလုပ်ကြိုးစားပြီး၊ ဝါသနာမှာ ကျွန်တော်နဲ့ လာတူတာတွေ ရှိတယ်။ ခွဲချင်စိတ်ချင် ဓါးဆရာဝန် ညီအကိုလို့ ပြောခံရတယ်။ ပုံမှန်ဆိုရင် သူတလှည့် ကိုယ်တလှည့် ညဂျူတီယူကြတာ၊ အလှူကာလ တလျှောက်လုံး သူကချည်း တာဝန်ယူပေးပါတယ်။ အလှူဖိတ်နေ့ညမှာ အရေးပေါ်ပါလေရော။ ဆေးရုံက ဝန်ထမ်းတယောက် ယူလာတဲ့ (ဒစ်ရှ်ပက်) စာအုပ်မှာ မွေးလူနာ လာတယ်။ အသက်ကြီးပြီး၊ မမွေးနိုင်ဘူး တဲ့။ ဗိုက်ခွဲမေ

Breast Milk မိခင်အစားအသောက်နဲ့ နို့ရည်

Image
မင်္ဂလာပါဆရာရှင့်။ ကျမ အသက် ၃၄နှစ်ပါ။ သားဦး မိန်းကလေး မွေးပြီးတာ ၂ လ ရှိပါပြီရှင့်။ နို့လည်းထွက်ပါတယ်ရှင့်။ ဒါပေမဲ့ နို့က ကျဲနေပါတယ်ဆရာ။ နို့ပျစ်ခြင်းကျဲခြင်းက ကလေးအတွက် အာဟာရဖြစ်မှုနဲ့ပက်သက်ပြီး အကျိုးသက်ရောက်မှု ကွာခြားလားဆိုတာလေး သိပါရစေဆရာ။ ရှိတယ်ဆိုရင် ကျဲတာကို ပျစ်အောင် ဘယ်လို လုပ်ရပါ့မလဲဆရာ။ မကြောမကြာမေးကြတယ်။ နို့တိုက်မိခင် ဘာအစားအသောက်တွေစားသင့်သလဲ။ နို့တိုက်မိခင်ကအစားမှားလို့ ကလေး နေမကောင်းဖြစ်သလား။ မိခင် ဘာစားစား နို့သာထွက်ပါတယ်။ နို့တိုက်စေဉ်မှာ ထူးပြီး စားရတာတွေမရှိပါ။ ထူးပြီး ရှောင်စရာတွေလည်း မရှိပါ။ ပုံမှန်စားသောက်နေတာတိုင်းကို စားနိုင်ပါတယ်။ ပုံမှန်အစားအသောက်ဆိုတာ လုံလောက် + မျှတတဲ့ အစားအသောက်တွေဖြစ်တယ်။ ကုန်ကုန်ပြောရရင် ပုံမှန်မိခင်အတွက် အားဆေးခေါ် ဗီတာမင်တွေ + ဓါတ်ဆားတွေ မလိုပါ။ ပုံမှန်မိခင်ဆိုတာ သွေးတိုး-ဆီးချိုမရှိသူတွေ။ ၁။ ကလေးနို့တိုက်နေစဉ်မှာ မိခင်ကအစားအသောက်အကောင်းဆုံး ဖြစ်အောင်ထိန်းရမလား။ မလိုပါ။ မိခင်စားတာ သောက်တာကြောင့် သူကထွက်တဲ့နို့အပေါ်မှာသက်ရောက်မှုဟာ မဖြစ်စလောက်သာရှိတယ်။ လူ့ကိုယ်ခန္ဓာ ဇီဝကမ္မ ဖြစ်စဉ်ကြီးဟာ အလွန်အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်ပြည့်စုံတယ

Apple ပန်းသီးခြံ

Image
ယူအက်စ်ကိုရောက်လာတဲ့ မိဘနှစ်ဖြာ ဖရှက်ရှာတွေကို ဟိုဟိုသည်သည် သွားစေချင်လို့ သားအငယ်ဆုံးက အစီအစဉ်လေးတခုလုပ်ပါတယ်။ စနေ့တရက်မှာ အနီးအနားက ပန်းသီးခြံကို သွားဖြစ်ကြတယ်။ ဒေလီမှာလည်း ဆယ့်နှစ်ရာသီ ပန်းသီးရတယ်။ ခပ်စိမ်းစိမ်းနဲ့ အနီ-နီညိုရောင်နှစ်မျိုး။ အသားခပ်ပွပွနဲ့ ခပ်မာမာ။ တမျိုးစီ ကောင်းပါတယ်။ သွားလည်တဲ့ခြံထွက် (အခုထိ သိသမျှ) အကောင်းဆုံးပန်းသီးစားရတယ်။ မျက်စိနဲ့ တပ်အပ်မြင်နေရတဲ့ အပင်ကနေ ခူးဆွတ်ပြီး ရောင်းတာဖြစ်တယ်။ ကွန်တိန်နာတွေနဲ့ သယ်ရောင်းတာမဟုတ်။ ဖရိုဇင်းလည်းမဟုတ်။ ဖယောင်လည်းသုတ်မထား။ စားရတဲ့အရသာ သိသိသာသာကောင်းလှတယ်။ ပန်းသီးဖျော်ရည်ကလဲ ကောင်းမှကောင်း။ ကျွန်တော်တို့နှစ်ယောက် ပုံထဲကထက် ၃ နှစ်တိတိ ပိုအိုစာလာကြပြီ။ ပန်းသီးတွေကတော့ နှစ်တိုင်း အသစ်အသစ်တွေ သီးလာနေကြတယ်။ အမျိုးမှန်ပြီး သဘာဝဖြစ်တာတွေက ကောင်းတယ်။ Apple ပန်းသီး https://doctortintswe.blogspot.com/2017/09/apple.html Why coat apple fruits ဖယောင်းသုတ် ပန်းသီး https://doctortintswe.blogspot.com/2014/11/why-coat-apple-fruits.html ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၄ ၂၈-၉-၂ဝ၁၇

Sentiment ခံစားချက်လား

Image
၁။ ရှလွတ် သရေကျ နေပီဆရာ ဆရာလုပ်တဲ့အကျင့်ပါလို့ သွားရည်လို့ရေးရတယ်။ ပြီလို့ရေးရတယ်။ သရေဆိုရင် ဘောလုံးပွဲ။ ပိပီဆိုတာ ခရာ။ Smile! ၂။ စကားလုံးတွေမှားနေတာက မြန်မာဇာတ်ကားတွေ ကြည့်လိုက်ပါခမျာ ကြေကြေနပ်နပ် မှားနေကြလိမ္မယ်။ ဆရာလုပ်တဲ့အကျင့်ကပါလို့ ကျေကျေနပ်နပ်လို့ ရေးရမယ်။ Smile! ၃။ စာလုံးပေါင်းသတ်ပုံတွေကို တချို့အလေးမထားကြတော့ဘူး။ အများညီ ဤ ကို ကျွဲ ဖတ်ဆိုတာလိုဖြစ်နေကြပြီ။ ပြင်လာကြတာ ဆရာသိတယ်။ ဂျာနယ်တချို့တောင် ပြင်လာကြတယ်။ ကောင်းတယ်။ Big Smile! ၄။ အစားအသောက်အောက်မှာ စာတောင်လာပြီလို့ရေးတယ်။ ဆာလို့ရေးရမယ်၊ စာဆိုရင် စာကလေးဖြစ်သွားမယ်လို့ရေးတော့ သူကလည်း ဟုတ်ဆရာလို့ ရေးပါတယ်။ ၅။ တစ်မရေးသင့်တာကိုရေးလို့ ပြင်ပေးတော့၊ ဟုတ်ဆရာ ပြင်ရေးတော့မယ်တဲ့။ ပြုပြင်ရလွယ်ကူသူဆိုတာ များများမရှိပါ။ ဆုံးမရလွယ်သူလို့ရှိတယ်။ အခံပါရမီမရှိရင် ပြင်ဘို့မလွယ်၊ ဆုံးမရခက်တယ်။ ကိုယ့်သားသမီးတွေပဲကြည့်။ ကိုယ့်ကျောင်းသူကျောင်းသာတွေပဲကြည့်။ တချို့သာ ရသွားကြတယ်။ ဒေါ်မြမြအေးက မအိပ်ခင်ပြောတယ်။ သတ်ပုံအတွက် ခံစားချက်တွေ သိပ်ထားမနေပါနဲ့။ ရမှာလည်း မဟုတ်ဘူးတဲ့။ ဘာမှပြန်မပြောမိပါ။ ခံစားချက်ဆိုတာကို ခုထိစဉ်းစာနေမိတယ်။ အိပ်ရာထ

ဖိုးသူတော်ဦးမင်း

Image
သူငယ်ချင်းဆရာဝန်တယောက်က နှင်းဆီပန်းပုံနဲ့ တင်ထားတယ်။ တပင်ရွှေထီး ထိန်ညီးနှင်းဆီ မျှော်လေပြီတဲ့ လေပြေနွဲ့လျှင့့် ကျွန်တော်တို့က ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတော့ မဟုတ်ပါ။ စာတော့ပြန်ရေးလိုက်တယ်။ တောင်ငူခေတ်က တပင်ရွှေထီး တောင်သူတွေကို ဦးကြီးခေါ်တဲ့ခေတ်မှာ တစ်ပင်ရွှေထီးဖြစ်သွားရရှာတယ်။ ကုန်းဘောင်ခေတ် တပင်တိုင်မင်းသမီး တပါတီခေတ်မှာ တစ်ပင်တိုင်မင်းသမီးဖြစ်သွားရရှာတယ်။ ဘုရင်တွေမပေါ်ခင်က တပင်တိုင်မုံ့ဟင်းခါး၊ တစ်ပင်တိုင်မုံ့ဟင်းခါးဖြစ်သွားရတာ သက်ဦးဆံပိုင်ခေတ်မှာ။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၇

လေပြေလေညှင်း

Image
ကျွန်တော့်ပို့စ်တခု = ဖိုးသူတော်ဦးမင်း - တပင်ရွှေထီး ထိန်ညီးနှင်းဆီ မျှော်လေပြီတဲ့ လေပြေနွဲ့လျှင့့် ကွန်မင့်တခု = လေပြေ wrong လေပြည် right ဟိုးအရင်ကတည်းက လေပြေလေညှင်းလို့လည်းရေးတယ်။ လေပြည်လေညှင်းလို့လည်းရေးပါတယ်။ လေ စလေဆရာဦးပုည စလေမြို့ ဆူးလေပင် ဆူးလေစေတီ ပလေပဇာ ပလေလက်ချား = စကားပေါ့ပျက် မဇ္ဈလေခ မိုဃ်းလေဝသ ရီမှောင်လေ သီခေါင်လေ ရလေလိုလေ လာလာလေလိုက်ခဲ့တော့ အလေနထော တေဇာငယ်လေ မျှော်လေဆွေးလေ လေကွန့် = လေဝှေ့ = လေခတ်ခြင်း လေချိုဖျန်းသည် = လေချိုလေအေးတိုက်သည် လေတင်ဆောင် လေလံပစ်သည် လေလည်သည် လေလှစ် = လေတိုက်သည် လေသာဆရာတော် လေပြေလေညှင်း လေသောက် = လေသွန် = ဖြည်းညှင်းစွာတိုက်သောလေပြေ လေသောက်တံခါး ပြည် ဆန်တပြည် တိုင်းပြည် ပြည်စိုး = တမန်တော် ပြည်တည်နာ ပြည်တီတီ = ပျက်ရယ်ပြုသည် ပြည်ထဲရေး ပြည်ပန်းညို ပြည်မြို့ ပြည်သလိပ် ပြည်သူပြည်သား ပြည်တော်သာ ပြည်ထောင်စု ပြည်နှင်ဒဏ် ရွှေပြည်စိုးငှက် လေပြည်လေညှင်း ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၇

မှ နှင့် မျှ

Image
ကျောင်းရှေ့အုတ်နံရံ မှာစာရေးထားတာက မည်သည့်ယာဉ်မှ မရပ်ရ။ မှ လား မျှ လားဆရာ။ ဘယ်ကားမှလို့ရေးတာ သဒ္ဒါအရ မမှန်လို့ထင်ပါတယ်။ မည်သည့်ယာဉ်မဆိုလို့ စာလိုရေးသင့်တယ်။ ဘယ်ကားမ မရပ်ရ။ ဘယ်သူမ မဝင်ရလို့ စကားမှာပြောနိုင်တယ်။ ဘယ်သူ့မ လူမထင်။ သဒ္ဒါအရ မှဆိုတာ ထွက်ခွါရာပုဒ်ဖြစ်တယ်။ အခြေအနေတခုကို ဖေါ်ပြရာမှာလည်းသုံးတယ်။ သူမှာမှ ငါသွားမယ်။ ထင်ရှားအောင် ငါမှငါလို့လည်းသုံးတယ်။ ဘယ်ကားမျှလည်း မမှန်လောက်ပါ။ မျှဆိုတာက မျှတတယ်လို့ပြောတာ။ ပျမ်းမျှ။ အမျှဝေသည်။ ထပ်တူထပ်မျှ။ အနည်းငယ်မျှ။ အဘယ်မျှ။ ရေးမိသမျှ။ ကျွန်တော်က မြန်မာစာဆရာ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၇

တောဒဟပ်ပန်း

Image
သတ်ပုံပြင်အဖွဲ့ကြီး အဓွန့်ရှည်ပါစေ ကိုယ်တတ်လို့ ကိုယ့်စာကို ကိုယ့်သတ်ပုံနဲ့ရေးကြတာ သိပ်မပြောလိုပါ။ အထင်ကရစာတွေကို ၁၉၈၀ နောက်ပိုင်းမှာ သတ်ပုံပြင်ခိုင်းတယ်။ သတ်ပုံပြင်ပြီး စာအုပ်ထုတ်ရောင်းစားကြတယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ဒဟပ်ပန်းကဗျာကို နမူနာပေးပါရစေ။ ယဉ်မရိုင်း၊ အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်။ လူမရောက်၊ ကူကျောက်ချောင် တောင်ကတုံးမှာ၊ စုရုံးကာ သူတို့ပေါက်ရှာကြ၊ အညှောက်ကြူကြူ မွှေးရှာဘူ့၊ အခေါက်ဖြူဖြူကလေးရယ်နှင့်၊ ကျေးငှက်ပျော်စံ။ ဇလပ်ဝါ ခတ္တာခပါတဲ့၊ သာတန်ဆောင် ဝါခေါင်လတွင်မှ၊ ပွင့်ဖူးကြချိန်အမှန်၊ ဝသန္တလေချိုဖျန်း။ ယဉ်မဆုံးနိုင်ဘူ့၊ ပင်လုံးကုန် ခိုင်ညှာတံမတော့၊ နံ့သာကျံ ဝါဖန်နှောပါလို့၊ ယဉ်တမူ မြင်သူမောလောက်ကဲ့၊ လောကဓာတ်ခန်းမှာလှ၊ ပြောစမှတ်ဆန်းပေရဲ့၊ တောဒဟပ်ပန်း။ အခုတော့ ယဉ်တစ်မူတဲ့။ ကဗျာပြင်အဖွဲ့ကြီး အဓွန့်ရှည်ပါစေ။ ကျောင်းသုံးစာအုပ်တွေမှာလည်း သတ်ပုံပြင်ထားတယ်။ သတ်ပုံပြင် မြန်မာစာပါမောက္ခကြီးတွေ ရာထူးမြဲကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၇

မျှော် နှင့် မြော်

Image
မျှော် နှင့် မြော် 24-9-2017 ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာပါတဲ့ ခေါင်းစဉ်တခုက အရှေ့အဖုံးမှာကျတော့ ကမ္ဘာ့အရေးမြော်တွေးရှုဆ ကုလသမဂ္ဂ၊ အတွင်းပိုင်းမှာကျတော့ ကမ္ဘာ့အရေးမျှော်တွေးရှုဆကုလသမဂ္ဂ ဆိုပြီး ကွဲလွဲနေပါတယ်ဆရာ ဘယ်တခုက အမှန်ပါလဲဆရာ။ အဆုံးအဖြတ်ပေးတာတော့ မဟုတ်ပါ။ မျှော်တွေးလို့လည်းရေးတယ်။ မြော်တွေးလို့လည်းရေးကြတာတွေ့ပါတယ်။ မျှော် တခုခုကိုမျှော် တမျှော်တခေါ် ဖူးမျှော်ကန်တော့ ရှုမျှော် ရှုမျှော်ခင်း မျှော် = မျက်စိဖြင့်ကြည့်ရှုသည် မျှော်ကိုး မျှော်ငံ့ မျှော်စင် မျှော်စင် မျှော်ကြည့် မျှော်ကြည့် မျှော်မှန်း မျှော်မှန်း မျှော်ရှု မျှော်ရှု မျှော်လင့် မျှော်တော်ယောင် မြော် ဖူးမြော် ဖူးမြော် မျက်မြော် မြင်မြော် အမြော်အမြင် မြော်ကဝမ်းသာ (မြင်ကဝမ်းသာ) မြော်ချင့် မြော်ဆ မြော်မြင် = ပညာမျက်စိဖြင့် အရှည်ကြည့်သည် မြော်လည်းမရဲ = ကြည့်မြင်၍ မရောင့်ရဲနိုင် မြော်သည် = မြင်သည်၊ ကြည့်သည်၊ တွေးခေါ်သည် မြော်တွေးသည် = မြော်ထောက်သည်၊ မြော်လင့်သည် ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၇

ဆုံ ဆည်း စည်း စီး ဆီး

Image
၁။ ဆုံဆည်း နဲ့ ဆုံစည်း ဘယ်ဟာ အမှန်လဲဆရာ။ ၂။ ဆရာ ကျွန်မအခုဖြစ်နေတာက စီးစပ်ခုံက အောင့်လိုက်ပျောက်လိုက်ဖြစ်နေပါတယ်။ ၃။ ဆရာရှင့် စီးစစ်တန်နှင့် စစ်တာ ကလေးမရှိဘူးပြနေတယ်။ ၄။ ဆီးကပ်လား ဆည်းကပ်လားဆရာ။ မကွဲပြားလို့ပါရှင့်။ ၅။ ကိုးကွယ်စည်းကပ်က အမှန်လား ကိုးကွယ်ဆီးကပ်က အမှန်လားဆရာ။ ၆။ စီးသွားရင်လည်း တခါခါအဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။ (သေး၊ ကျင်ငယ်ကို စီး လို့ မရေးရပါ။ ဆီး လို့သာရေးရတယ်။ ၇။ နောက်ထပ်လွဲကြတာရှိသေးတယ်ဆရာ ပျက်စီး နဲ့ ဖျက်ဆီး ဆုံ ငရုတ်ဆုံ၊ ဆုံကျည် ဆုံစည်း ဆုံဆီ ဆုံဆို့နာ ဆုံလည်ကုလားထိုင် ဆီဆုံ၊ တွေ့ဆုံ မောင်းဆုံ ဆည်း ဆည်းကပ် ဆည်းဆာအချိန် ဆည်းပူး ဆည်းလည်းသံ သာယာသည်။ ပညာဆည်းပူးပါ။ နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်။ ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်။ စည်း စည်းကမ်း စည်းခုံစေတီ စည်းချက်ဝါးချက် စည်းစိမ် စည်းတန်း စည်းတိမ်သောင်တိမ် စည်းထုပ်ဖန် စည်းကြိုး စည်းနဲ့ဝါး စည်းပုံ စည်းကြပ် စည်းခြံ စည်းမဲ့ကမ်းမဲ့ စည်းမျဉ်းထားပါ။ စည်းမျဉ်းဥပဒေ စည်းရိုး စည်းလုံး စည်းလုံချည် စည်းလွတ်ဝါးလွတ် စည်းသား စည်းသုတ် စည်းစော