Our Culture ယဉ်ကျေးမှုတရပ်

ကွန်မင့်တခုက သတ်ပုံတွေထိမ်းပေး၊ နည်းပေးလမ်းပြသိပ်ကောင်းပါတယ် မသေခင် တတ်နိုင်သလောက်တော့ လက်ဆင့်ကမ်းပါ၊ သာဓုပါလို့ရေးလို့ Before I die ကျွန်တော် မသေခင်တဲ့ကို ရေးပါတယ်။ ရေးခဲ့သူကရော ဖတ်မိသူတွေကပါ ကျွန်တော်ဆိုလိုတာကို သဘောပေါက်ကြတယ်မထင်မိပါ။ အဲလိုထင်တာ မှားရင်တော့ ဆောရီး။

မြန်မာ့ယဉ်ကျေးမှုမှာ တဦးတယောက်ကို မသေခင်လို့ ကြိုတင်မပြောအပ်ပါ။ ဆရာတော် ပျံလွန်တော်မမူခင် တရားချီးမြှင့်ပါဘုရားလို့ လျှောက်ထားတာမရှိပါ။ လူကြီးမင်းမသေခင် ကောင်းတာလေးလုပ်ပါလို့လည်း မပြောရပါ။ မင်းမသေခင်လို့ ရင်းနှီးသူအချင်းချင်းတော့ ပြောင်နောက်သလိုပြောကြပါတယ်။ ကိုယ်နဲ့မတည့်သူကို မသေခင် ထမင်းဝအောင်စားထားလို့ပြောတာက ဒေါသနဲ့။

လူတိုင်းဟာ ဘယ်တော့မှာ၊ ဘာအကြောင်းနဲ့၊ ဘယ်နေရာမှာသေဆုံးမယ်လို့ ဘယ်သူမှ ကြိုမသိနိုင်သလို ဘယ်ဘဝကို ရောက်မယ်ဆိုတာလည်း မသိနိုင်ကြပါ။

အသက်ရှူစက်တပ်ထားရသူတယောက်ကို ကွယ်လွန်တော့မယ်မှန်းသိပေမယ့် သူ့ကို သေစကားမပြောအပ်တာ ယဉ်ကျေးမှုဖြစ်ပါတယ်။ တရားသဘောလည်းဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ