Reading Room အိမ်ကစာဖတ်ခန်း

ကျွန်တော် အလယ်တန်းကျောင်းသားအရွယ်လောက်က စိတ်ကူးယဉ်ခဲ့ဘူးတယ်။ ငါကြီးလာရင် အိမ်မှာ စာကြည့်ခန်းလေး တခုထားမယ်။ အဲဒီအခန်းဟာ ကြမ်းပြင်အောက် တထွာလောက်ဖြစ်ဖြစ် နိမ့်ထားမယ်။ အဲတာမှ ငါဟာဘဝင်ခိုက်တာ နည်းမယ်လို့ တွေးခဲ့တာပါ။ ကလေးတွေးပေါ့။

လက်တွေ့ဘဝမှာတော့ ဆရာဝန်၊ နိုင်ငံရေးလုပ်သူ၊ ပြည်ပနိုင်ငံကြေီးတွေမှာနေရတဲ့သူသာဖြစ်လာပေမဲ့ ခုထိ အိမ်မှာ စာကြည့်ခန်းလေး မထားနိုင်သေးပါ။

စိတ်ထဲမှာတော့ ကြာလေကြာလေ တထွာမက နိမ့်နိမ့်ကျလာပါတယ်။ စာအုပ်တွေ ပိတာခံနေရာသူလည်းမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၆
၂၈-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး