လေပြေလေညှင်း

ကျွန်တော့်ပို့စ်တခု = ဖိုးသူတော်ဦးမင်း - တပင်ရွှေထီး ထိန်ညီးနှင်းဆီ မျှော်လေပြီတဲ့ လေပြေနွဲ့လျှင့့်

ကွန်မင့်တခု = လေပြေ wrong လေပြည် right

ဟိုးအရင်ကတည်းက လေပြေလေညှင်းလို့လည်းရေးတယ်။ လေပြည်လေညှင်းလို့လည်းရေးပါတယ်။

လေ
စလေဆရာဦးပုည
စလေမြို့
ဆူးလေပင်
ဆူးလေစေတီ
ပလေပဇာ
ပလေလက်ချား = စကားပေါ့ပျက်
မဇ္ဈလေခ
မိုဃ်းလေဝသ
ရီမှောင်လေ သီခေါင်လေ
ရလေလိုလေ
လာလာလေလိုက်ခဲ့တော့
အလေနထော
တေဇာငယ်လေ
မျှော်လေဆွေးလေ
လေကွန့် = လေဝှေ့ = လေခတ်ခြင်း
လေချိုဖျန်းသည် = လေချိုလေအေးတိုက်သည်
လေတင်ဆောင်
လေလံပစ်သည်
လေလည်သည်
လေလှစ် = လေတိုက်သည်
လေသာဆရာတော်
လေပြေလေညှင်း
လေသောက် = လေသွန် = ဖြည်းညှင်းစွာတိုက်သောလေပြေ
လေသောက်တံခါး

ပြည်
ဆန်တပြည်
တိုင်းပြည်
ပြည်စိုး = တမန်တော်
ပြည်တည်နာ
ပြည်တီတီ = ပျက်ရယ်ပြုသည်
ပြည်ထဲရေး
ပြည်ပန်းညို
ပြည်မြို့
ပြည်သလိပ်
ပြည်သူပြည်သား
ပြည်တော်သာ
ပြည်ထောင်စု
ပြည်နှင်ဒဏ်
ရွှေပြည်စိုးငှက်
လေပြည်လေညှင်း

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး