ယမ်း ရမ်း ရန်း

ဖက်ယမ်း၊ ဖက်ရမ်း ဘယ်ဟာမှန်လဲဆရာ။

ဖက်ရမ်းက မှန်ပါတယ်။ ဖက်ယမ်း နမ်းရှုပ်သည်။ ဖက်ပြီး ဆွဲယမ်းတယ်လို့လည်းရတယ်။

ယမ်း
ကိုယ်လက်ရောင်ယမ်း၊ ကိုယ်လက်ရောင်ရမ်း၊
ခဲယမ်းမီးကျောက်
ဆွဲယမ်းသည်
ဖက်ယမ်းနမ်းရှုပ်၊
ဖည်ယမ်း၊
မီးကုန်ယမ်းကုန်
မျက်ယမ်းဆ
ယမ်းစိမ်း၊
ယမ်းဆသည်၊
ယမ်းပုံမီးကျ
ယမ်းတောင့်အိတ်
လှုပ်ယမ်း
ယော်ယမ်းသည်၊
သေနပ်ယမ်း

ရမ်း
ကိုယ်လက်ရောင်ရမ်း၊ ကိုယ်လက်ရောင်ယမ်း၊
ခရမ်းကစော့ (ကဆော့) သီး
ခရမ်းခါးသီး
ခရမ်းချဉ်ပင်
ခရမ်းပင်
ခရမ်းကြွပ်ပင်
ခရမ်းသီး
ခရမ်းရောင်
ပရမ်းပတာ
ဗညားရမ်း
ရမ်းကားသည်
ရမ်းကားသူ
ရမ်းဆ
ရမ်းတုတ်
ရမ်းဗြဲကျွန်း
ရမ်းရမ်း = အားရနှစ်သက်သည် (ယခင်အသုံး)
ရမ်းရမ်းမို့မို့
ရမ်းရမ်းလွေ့ (များသည်)
ရမ်းသန်းပြော
ရမ်းရော်
လူသရမ်း
သမိန်ဘရမ်း
အရမ်း = အလွန်အကဲ (ခေတ်သုံး)
ညောင်ရမ်းမြို့
ကြွေ့ကြွေ့ရမ်းရမ်း
ရော်ရမ်းမှန်းဆ
ဟော့ဟော့ရမ်းရမ်း

ရန်း
ခါးရန်းသီး (ယခင်အသုံး)
စတုရန်း
တြိရန်း (ယခင်အသုံး)
မရန်းသီး
မရန်းရောင်
အရန်းအတား = ကာဆီးစောင့်ရှောက် (ယခင်အသုံး)
အိမ်လက်ရန်း
ခေါင်ရန်းပန်း

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး