Stone Records မြစေတီကျောက်စာ အသစ်မရေးပါနဲ့
ပြန်ကြားရေးဝန်ကြီးက မြန်မာစွယ်စုံကျမ်းကို ပြင်ဆင်ပြုပြင်ဖြည့်စွက်မယ်ဆိုတာကိုတော့ အတော်လန့်မိပါတယ်။ ခေတ်နှင့်တပြေးညီဖြစ်ရန်ဆိုတာကိုလည်း အတော်ကြောက်မိပါတယ်။
မြစေတီကျောက်စာကို အသစ်ရေးတာမျိုးမကြိုက်ပါ။ မြစေတီကျောက်စာမြန်မာပြန်ကို ကျောက်ချပ်သစ်ပေါ်မှာ ရေးထားတာလေးကို သတိပြုစေချင်ပါတယ်။ ဘုရားသခင် သာသနာနှစ် တထောင်ခြောက်ရာနှစ်ဆယ့်ရှစ် လွန်ပြီးသောအခါ့။ တစ်ထောင်ခြောက်ရာနှစ်ဆယ့်ရှစ် မဟုတ်ပါ။
ရာစုနှစ်တဝက် ဖျက်လို့ပျက်နေတာတွေကို ပြင်နေတာ နှစ်ရက်တပိုင်းသာရှိသေးတော့ အသက် ၅ဝ အောက်လူတွေက ပြင်ကြမယ်ဆိုရင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တွေဟာ ဥပဒေအစစ်ဖြစ်လာမလား စိုးရိမ်မိတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၆
၂၁-၉-၂ဝ၁၇
Photo from Dhammasāvaka

Comments
Post a Comment