Breast Lumps in Newborn Baby ကလေးငယ်နို့

ဆရာရှင့် မင်္ဂလာပါ။ သမီးလေးရဲ့ ရင်ဘတ်နှစ်ဖက်လုံး စမ်းကြည့်တာ (အစံ) လေး လိုဘဲ ဆူဆူလေးရှိပါတယ်ဆရာ။ ဘယ်ဖြစ်တာလဲဆိုတာ ပြောပြပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကလေးအသက် မသိရပါ။ အဆံလေးလိုလို့၊ စူစူလေးလို့ ရေးရပါမယ်။ ဘာဖြစ်တာလဲလို့ ရေးသင့်ပါတယ်။ ဒီမေးခွန်းမျိုး ခုရက်အတွင်းမှာ ၂-၃ ယောက်ကနေမေးပါတယ်။

မွေးကာစကလေးတွေ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နို့စူစူလေးဖြစ်နေတာ ရောဂါရယ်လို့မဟုတ်ပါ။ စူနေတာကနို့သီးအောက်မှာကိုပြောတာ။ ဗိုက်ထဲရှိခဲ့စဉ်က ဟော်မုန်းအပြောင်းပလဲရဲ့ သက်ရောက်မှုသာဖြစ်တယ်။ မွေးလာပြီးလဲ မိခင်နို့ကနေ ဟော်မုန်းဆက်ရနေသေးတယ်။ ကလေးအသက်လ ရလာလေလေ သက်သာလာလေ ဖြစ်ပါမယ်။

တချို့မှာ ညှစ်ကြည့်ရင် နို့ရည်လိုပါထွက်တယ်။ ဒါပေမယ်ါအဲလိုလုပ်မကြည့်သင့်ပါ။ ကိုင်တာတွယ်တာလည်း မလုပ်သင့်ပါ။ ဘာဆေးမှ (တိုင်းရင်းဆေး၊ အရပ်ဆေး) မလိမ်းသင့်၊ မတိုက်သင့်၊ မထိုးသင့်ပါ။

တကယ်လို့ နို့နာလို နာလို့ငိုမယ်၊ ရောင်လာမယ်၊ နီလာမယ်ဆိုရင် ရောဂါပိုးဆင့်ကဲဝင်ခံရတာဖြစ်နိုင်တယ်။ ဆေးလိုပြီ။ အနာသက်သာဆေးနဲ့ ပိုးသေဆေးလိုမယ်။ အဆင်မသင့်လို့ ပြည်တည်ရင် ပြည်ကိုခွဲထုတ်ရမယ်။ ရှားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၆
၂၄-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး