ကျောင်းဝင်း

၁။ ဆရာ ဝင်း နှင့် ဝန်း အကြောင်းလေးရှင်းပြပေးစေချင်ပါသည်

၂။ ဆရာခင်ဗျာ ကျွန်တော်တို့ မင်းတိုင်ပင် အထက ကျောင်းအဝင်မှာ ကျောင်းဝိုင်းအတွင်း စက်ဘီး ဆိုင်ကယ် မစီးရလို့ ရေးထားတာ တွေ့ရပါတယ်။ ကျောင်းဝန်း နှင့် ကျောင်းဝိုင်း ဘယ်အရာက မှန်သလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

ဝန်း
ကျယ်ဝန်းသည်
ပတ်ဝန်းကျင်
မိန်းမမျက်ဝန်း = အသက် ၂ဝ အရွယ်ရှိသောမိန်းမ
မျက်ဝန်းလဲ့ပြာပြာ
ဝန်းကျင်
ဝန်းကျင်တခို
ဝန်းခြုံ
ဝန်းရံ
ဝန်းလည်
ဝန်းဝိုင်း
ဝန်းသိုမြို့
အဝန်းအဝိုင်း
ညောင်ဝန်းရွာ
နေဝန်း လဝန်း
မြေပြင်တဝန်း

ဝင်း
ဝင်းထရံ
ဝင်းပျို့ပျို့ = ပြည့်ဖြိုးဖွံ့ထွားသည်
ဝင်းခြံ
ဝင်းမှည့်
ဝင်းဝါ
ဝင်းတော်မှူး
အရောင်ဝင်း
ရှေ့ဝင်းနောင်ဝင်း
ကျောင်းဝင်းက

ဝိုင်း
ဝိုင်းဝိုင်းစက်စက်
ဝိုင်းကြီးချုပ်စနစ်
ဝိုင်းဝန်းသည်
ဝိုင်းဝိုင်းလည်
ဝိုင်းအုံ
ကျောင်းဝိုင်း

ပုံ = ကင်းဝန်မင်းကြီးဦးကောင်း ဆောက်လုပ်လှူဒါန်းခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာရှိတဲ့ ရွှေကျောင်းဆောင် (ကျွန်တော် ကျောင်းသားဘဝမှာ မကြာခဏရောက်ခဲ့တယ်)။

ဒေါက်တာတင်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး