Wednesday, September 27, 2017

Bangkok ဘန်ကောက်

မိတ်ဆွေဆရာဝန် အမတ်တယောက်နဲ့အဖွဲ့ ထိုင်းနိုင်ငံ ဘန်ကောက်သွားတဲ့ပို့စ်နဲ့ပုံ အခုပဲတွေ့တယ်။

ကျွန်တော် နယူးဒေလီကနေ ဘန်ကောက်မြို့ကို ပဌမဆုံးရောက်ခဲ့တာ ၁၉၉၃ နှစ်ကုန်ကာနီးမှာ။ စိတ်လှုပ်ရှားမှု အပြည့်နဲ့ပေါ့။ အသစ်အဆန်းခရီးဖြစ်လို့သာမကပါ။ ကိုင်ထားတဲ့ပတ်စ်ပို့မှာ ဓါတ်ပုံသာအစစ်။ လူနာမည်၊ အဖနာမည်၊ ဇနီးအမည်၊ နေရပ်လိပ်စာ တခြားဟာတွေ။ မွေးသက္ကရာဇ်တော့ မှန်တယ်။

မင်္ဂလသုတ်တပိုဒ်ကို အခေါက်ခေါက်ရွတ်ပြီး အင်မီဂရေးရှင်းဖြတ်တယ်။ ပတ်စ်ပို့ကြည့်လိုက် လူမော့ကြည့်လိုက်။ အတုကို မီးထိုးရှာလို့ မတွေ့။ အရာရှိကသိတော့ သိပုံရတယ်။ အပြစ်ရှာမတွေ့တော့ ဒုံးဆို တံဆိပ်တုံးထုလိုက်တာ အသံတော်တော် ကျယ်တယ် ထင်မိတယ်။

ဒုံးမောင်း ခေါ် ဒွန်းမောင်းလေဆိပ်မှာပဲ။ သုဝဏ္ဏဘူမိက မရှိသေးဘူး။ ထိုင်းကိုရောက်တာ တကယ်ကို အကြိမ်ပေါင်း မရေတွက်နိုင်ပါ။ ကိုယ့်တိုင်းပြည်နဲ့ကွာတာတွေကို လိုက်ကြည့်တယ်။ သာတာရော ချာတာပါကြည့်တာ။ ကိုယ့်ဆီမှာလည်း ဖြစ်စေချင်တာနဲ့ မဖြစ်စေချင်တာတွေ။ ပြန်ဆန်းစစ်တော့ မဖြစ်စေချင်တာတွေဖြစ်လာတာက များသလားမသိ။

ကျွန်တော် အဲဒီကိုရောက်စနှစ်တွေမှာ မြန်မာရွေ့ပြောင်းအလုပ်သမား အတော်နည်းပါသေးတယ်။ နိုင်ငံရေးအုပ်စုတွေကတော့ များတယ်။ အခုပြောင်းပြန်။ မဖြစ်စေချင်တာတွေဖြစ်လာတာက များသလားမသိ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...