HIV Prevention of mother-to-child transmission (PMTCT)

မိခင်မှ ကလေးသို့ HIV မကူးစက်အောင် ကာကွယ်ရေး

၁။ ဒေါက်တာရှင့် ကျွန်မမှာ Hiv Positive ဖြစ်နေတာကို ကိုယ်ဝန်ခုနှစ်လရမှသိခဲ့ရပါတယ်။ သိသိချင်း ART ကို စသောက်ပြီး တလလောက်ဘဲသောက်ပြီး ဆေးရုံမှာကလေးကိုခွဲမွေးပြီး နို့ဗူးတိုက်ခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း ကလေးကိုလည်း မွေးပြီးပြီးချင်း ဆေးလေးဆယ့်ငါးရက်တိုက်ရမယ်ဆိုလို့ တိုက်နေတာ အခုဆို သားလေးရက် ၂၃ရက်ရပါပြီး။ ဆေးရုံက လေးဆယ့်ငါးရက်ပြည့်ရင် ပြန်လာဖို့ချိန်းထားခဲ့ပါတယ်။ သွေးစစ်လို့သားလေးမှာ Negative ဆိုရင်ဘာဆက်လုပ်ရမလဲ။ ကံမကောင်းခဲ့ရင်ကော သားလေးကို ဘယ်လိုဆက်လုပ်သင့်သလဲ ဆရာပြောပြပေးပါ။ အပြစ်ကင်းတဲ့သားရဲ့မျက်နှာကိုကြည့်ပြီး ဘုရားမှာဆုတောင်းရတာလည်းနေ့စဉ်ပါဘဲ။ တယောက်နဲ့တယောက် ပြောနေကြတာမတူလို့ဆရာ။ တချို့ကပြောတယ် လေးဆယ့်ငါးရက် သွေးစစ်လို့မရှိရင် လွတ်တယ်တဲ့ ဒါပေမယ့် ခြောက်လတခါ တနှစ်ခွဲတခါသွေးစစ်ရမယ်တဲ့။ တချို့ကလည်း အဲလိုမဟုတ်ပြန်ဘူး။ တနှစ်ခွဲအထိကို ဆေးပြောင်းတိုက်နေရမယ်ပြောတယ်ဆရာ။ ဘယ်ဟာကအတည်လဲ ဝေခွဲမရဘူးဖြစ်နေလို့ပါ။

၂။ ဆရာ ကျွန်တော်တို့ BHS ဝန်ထမ်းတွေမှာ HIV အကြောင်းသင်ရတော့ PMCT အကြောင်းကို အဓိကထားသင်ရပါတယ်။ အဲဒီ PMCT မှာ Option B ရယ် B+ တွေကိုနားမလည်ပါဘူး။ ကျေးဇူးပြုပြီးရှင်းပြပေးပါဦးဆရာ။

HIV ပိုးရှိနေတဲ့ မိခင်ကနေ သူ့ကလေးဆီ HIV မကူးစက်အောင် ကာကွယ်ရေးမလုပ်ရင် ကူးစက်မှုနှုန်း ၁၅% ကနေ ၄၅% ရှိပါမယ်။ အခုစာပါ ၂ဝ၁၅ မှာ WHO ကပြဋ္ဌာန်းထားတဲ့နည်းတွေကို လိုက်နာရင်တော့ ၅% အောက်မှာသာရှိနိုင်တယ်။
Antenatal services ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ HIV testing ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ခြင်းနဲ့ ART ဆေး ပေးခြင်းတွေလုပ်ရပါမယ်။ ဒါ့အပြင် ကလေးမွေးဖွးရာမှာနဲ့ ကလေးနို့တိုက်တာမှာလည်း လိုက်နာစရာတွေရှိပါတယ်။ မွေးဖွါးပြီးစောင့်ရှောက်ခြင်းနဲ့ စမ်းသပ်ခြင်းတွေလည်းပါတယ်။

Option B+ တသက်တာ ART ဆေးသောက်နေရဘို့ဖြစ်တယ်။ HIV ပိုးရှိကိုယ်ဝန်နဲ့ မိခင်တွေကို CD4 count ကြည့်မနေပဲ (သို့) အဆင့်သတ်မှတ်ချက်ကြည့်မနေပဲ ဆေးသောက်စေရမှာဖြစ်တယ်။ မွေးလာတဲ့ကလေးကို စောနိုင်သမျှစောစော ဆေးပေးရပါမယ်။ Nevirapine ဆေးကို ကလေး ၆ ပတ်အထိ တနေ့ ၁ ကြိမ်ပေးရမယ်။ Zidovudine ဆေးကို တနေ့ ၂ ကြိမ်နည်းလည်းပေးနိုင်တယ်။ ကလေး ၁၈ လအရွယ် ဒါမှမဟုတ် နို့ဖြတ်ချိန်မှာ ဆေးထပ်စစ်ရမယ်။ နို့ဗူးတိုက်တာ ပိုကောင်းတယ်။ မတတ်နိုင်သူတွေ နို့တိုက်မိခင်က ဆေးသောက်နေရမယ်။ ကလေးမွေးပြီး ၁၂ ပတ်အတွင်း ART ဆေးပေးတယ်။ ၁၂ ပတ်မှာမဟုတ်ရင် သိတာနဲ့ဆေးပေးမယ်။

ဆေးသုတေသနတွေ ဆက်လုပ်နေပါတယ်။ တိုင်းပြည်အလိုက် နည်းနည်းကွဲလွဲတာတွေ ရှိနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၉-၂ဝ၁၆
၁၈-၉-၂ဝ၁၇
၂၇-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး