Axis of Evil အက်ဆစ် အော့ဖ် အီးဗဲလ်

အက်ဆစ် ခေါ် ဝင်ရိုးဆိုတာ အဲတာကိုမူတည်ပြီးလည်ပတ်စရာကို ခေါ်တယ်။

ကုလသမဂ္ဂစင်မြင့်မှာ အမေရိကန်သမတ ဒေါ်နယ်ထရမ့်က အက်ဆစ်အော့ဖ်အီးဗဲလ် နိုင်ငံတွေလို့ပြောလိုက်တယ်။ သူ့အရင် ဂျော့ခ်ျဒဘလ်ယူဘွတ်ရှ်ကလည်း ပြောခဲ့တယ်။ ၂ဝဝ၂ ခုနှစ် ဘွတ်ရှိပြောတဲ့နိုင်ငံတွေက အီရတ်၊ အီရန်၊ မြောက်ကိုရီးယားနိုင်ငံတွေ ဖြစ်တယ်။ ထရမ့်စာရင်းမှာ အီရတ်အစား ဗယ်နီဇွဲလားပါလာတယ်။ ဆီးရီယားလည်း အဖျားခတ်တယ်။ မကောင်းဆိုးဝါးနိုင်ငံများလို့ ဆိုလိုတယ်။ အရင်ကပါခဲ့တဲ့ကျူးဘားကို မထည့်တော့ပါ။

ဒုတိယကမ္ဘာစစ်မှာ ဗြိတိန်၊ ပြင်သစ်၊ ဆိုဗီယက်၊ အမေရိကန်ပါဝင်တဲ့အုပ်စုကို မဟာမိတ်နိုင်ငံများလို့သုံးနှုန်းပြီး၊ ဂျာမဏီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတွေအုပ်စုကို Axis powers ဝင်ရိုးတန်းနိုင်ငံများလို့ ဘာသာပြန်ကြတယ်။

အဲလိုအမည်နာမတွေကို သမိုင်းရေးသူတွေနဲ့ မီဒီယာက ခေါ်ဝေါ်သုံးစွဲကြတယ်။ ဖတ်ရ မှတ်ရ ရှာရတာတွေက အင်္ဂလိပ်ဘာသာနဲ့ဖြစ်တော့ အဲလိုဝေါဟာရတွေသာတွေ့မယ်။ အမည်ဆိုးတပ်ခံရသူတွေဖက်က ပြန်ပြီးသုံးတဲ့ စာလုံးတွေလည်း ရှိပါမယ်။

ပဋိပက္ခဆိုတာ အမြဲတန်းရှိနေတာ။ ဘက်တခုခုမှာ ပါနေကြတယ်။ စွဲဆိုနေကြတယ်။ ကျူးလွန်နေကြတယ်။ လူမှုရေး၊ လောကီရေး၊ နိုင်ငံရေးမှာ တရားစကားတွေနဲ့ အံမဝင်ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး