You Betcha ကုလားတစ္ဆေ နဲ့ တရုပ်သရဲ

ဆရာ ကျွန်တော် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာ အစရှိတဲ့ ဆင်ခြေဖုံးမှာနေတဲ့ အခြေခံလူတွေကို အဲ့ဒီအရပ်ကဘုန်းကြီးတွေက NLD ကိုမဲမပေးနဲ့ နိုင်သွားရင် ကုလားတွေ အုပ်ချူပ်လိမ့်မယ်လို့ ပြောနေပါတယ်။ ဘာသာရေးမှိုင်းအတော်ကိုမိနေကြပါပြီ။ အခြေခံလူထုနားလည်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရပါတော့မည်။ လေးစားစွာဖြင့် -

You Betcha! ဟုတ်တယ်။ အဲလိုအသိရှိသူတွေနဲ့ ဝိုင်းကြိုးစားကြရပါမယ်။ ဗြောင်လိန်ဘုန်းကြီးတွေလို အဆင့်နိမ့်တဲ့ စည်းရုံးရေး လိုက်မလုပ်ပါနဲ့။ တကယ်မရှိတဲ့ကုလားတစ္ဆေနဲ့ တကယ်ရှိတဲ့တရုပ်သရဲလွှမ်းမိုးမှု ကင်းပလေအောင် ဘန်းစကားတွေသုံးပြီး စည်းရုံးရတော့မယ်။

အမေရိကန်သမတရွေးပွဲမှာ အိုဘားမားကို ပဌမအကြိမ်မှာပြိုင်ခဲ့တဲ့ ရီပတ်ဘလီကန်ပါတီက ဂျွန်မက်ကိန်းရဲ့ ဒုသမတလောင်း Sarah Palin ဆာရာပါလင် ရွေးကောက်ပွဲမဲဆွယ်စဉ်က အဲလိုဗန်းစကားတွေသုံးပြီးပြောတတ်လို့ နာမည်ကြီးတယ်။ Betcha = You bet you = informal conversation = Yes in an enthusiastic way လူကြီးမင်းတို့ပြောတာမှန်တယ်။

ဘုန်းကြီးတစ္ဆေတွေ အကျွတ်တရားရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၅
၂၄-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး