Morning နံနက်ခင်း

နံနက်ခင်းနဲ့ မနက်ခင်း ဘယ်ဟာမှန်ပါသလဲခင်ဗျာ

နံနက်ခင်းကအမှန်။ နံနက်မိုးသောက်၊ နက်ဖြန်ခါလို့ရေးပါတယ်။ မနက်ဆိုတာ စကားအရာမှာတော့သုံးတယ်။ အရင်က နံက်လို့လည်းရေးခဲ့ကြတယ်။

နံ
ဆိတ်နံပင်
ဓါတ်နံ
နံကာလ = ဝါခေါင်လ
နံကိုင်း = နံရံ = နံဘေးဘက်
နံနံပင်
နံနက်မိုးသောက်
နံပုပ်သည်
နံရိုး
နံစော်
နံတောင် = နံတောင်း = နံပါး
ပနံသင့်
ဂြိုဟ်နံ
ရည်းစားသနံ
အနံအလျား
နေ့နံ
ရေနံဆီ
ရေနံတွင်း
ရေနံချေး
ရေနံချောင်းမြို့

နက်
နက္ခတ်တာရာ
နက် = နက်ကျော = မည်းသည်၊ မဲသည်
နက် = မလွယ်ကူ၊ မတိမ်၊ ခဲယဉ်းသည်
နက်ကိ = အနှစ်အရသာရှိသည်
နက်ချိပ်
နက်တံ = အနှေးအလျင်စုံစမ်းခြင်း၊ အနက်၏အတံ
နက်တစ် = အစဉ်မပြတ်
နက်နဲခက်ခဲ
နက်ကြုတ်
နက်ဖြန်
နက်ဖြန်ခါ
နက်ရှိုင်း = နက်နက်နဲနဲ = နက်စွာသော
နက်ဝှမ်း
နက်သတ် = နက္ခတ်တာရာ
နက်ကျော
ပညာဉာဏ်နက်
ပါဠိအနက်
ဘုမ္မနက်တဲ့သရက်
အတိမ်အနက်
အဓိပ္ပါယ်အတိမ်အနက်
အနက်ရောင်
အသားနက်သည်

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး