Endowment ပြုစုပျိုးထောင်မှု

ဆရာရှင် မြန်မာကျာ်ကမ္ဘာကျော် ဆရာတော်ဘုရားကြီးတပါး ကရင်ပြည်နယ်မှာဟောကြားခဲ့တဲ့တရားပါ။ အနောက်နိုင်ငံမှာ ဘာသာတရားဆိုတာကို မသိကြတော့ဘဲ အိပ်စားကာမသည်သုံးဝကိုသာ သိကြပါတော့တယ်တဲ့။ mrtv4 ကလာတဲ့ အဲ့ဒီတရားကို နာနေချိန်မှာကိုဘဲ Mark Zukerberg တို့ Bill Gate တို့နဲ့အတူ ကမ္ဘာကြီးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတဲ့ အနောက်နိုင်ငံသားပညာရှင်တွေကို အားနာတဲ့စိတ်တပြိုင်နက်ဖြစ်ပေါ်ခံစားခဲ့ရတာအမှန်ပါဘဲဆရာ။

တပါးသူကိုကဲ့ရဲ့ပြီး ကိုယ့်ဖက်ပါအောင်လုပ်နည်းက ဘက်တော်သား များကောင်းများနိုင်တယ်။ နည်းလမ်း မမှန်ပါ။ ဒါနဆိုတာ ပါဠိစာလုံးမပါလည်း ပြုလို့ရတယ်။ ဒါနအကျိုး ရမှာပဲ။ ပါဠိစာလုံးပါတာကတော့ ခန့်ထည်တယ်။ သွေလွဲမှုနည်းတယ်။

ဘာသာဝင်တိုးအောင်လုပ်တာတော့ ကောင်းပါတယ်။ ဘာသာဝင်ဖြစ်တာနဲ့ မပြီးပါ။ လူအတုတွေမှာ အိုင်ဒီအစစ်တွေ ရှိတတ်တယ်။ ဗုဒ္ဓဘာသာမှာ ထူးခြားတယ်။ အဆုံးအမရဲ့အနှစ်ဟာ ကိုယ်တိုင်ရရှိတဲ့ အသိဉာဏ်သာဖြစ်တယ်။ အဆင်တန်ဆာတွေ မဟုတ်ပါ။ အသက်၊ ဝါ၊ ရာထူးဂုဏ်တွေနဲ့ ဉာဏ်ကို တိုင်းတာမရနိုင်ပါ။ ဉာဏ်မြင့်သူကသာ နိမ့်တဲ့သူရဲ့အဆင့်ကို သိနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၆
၂၄-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး