Gastroenteritis အစာလမ်းကြောင်းရောင်ခြင်း
ဆရာ့ GE နဲ့ GI က ဘာပြောတာလဲခဗျ
ဆေးပညာစာတွေမှာ အင်္ဂလိပ်စာလုံးမပါရင် တရားဟောတဲ့အခါ ပါဠိပါသလိုဖြစ်နေတယ်။ အတိုကောက်တွေက ဖတ်တဲ့သူတွေကိုရော ကျွန်တော့်ကိုပါ ဒုက္ခပေးတယ်။ အများစုကသိနားလည်ပြီးသား HIV, TB စတာတွေကတော့ မပြောလိုပါ။ တချို့ဟာတွေက ပြောတဲ့သူတယောက်တည်းလောက်သာသိတာမျိုး။ GI နဲ့ GE ကိုတော့ ဆေးပညာနယ်ထဲမှာ မသိသူမရှိပါ။ GI ဆိုတာ အစာလမ်းကြောင်း။ GE ဆိုတာ အစာလမ်းကြောင်းရောင်ခြင်း။
Gastroenteritis (GE) အစာလမ်းကြောင်းရောင်တာ အမျိုးမျိုးရှိပါတယ်။
၁။ Viral gastroenteritis (ဗိုင်းရပ်စ်) ကြောင့် အစာလမ်းရောင်ခြင်း
၂။ Traveler's diarrhea ခရီးသွားစဉ် ဝမ်းပျက်လျှင်
၃။ Salmonellosis (ဆာလ်မိုနယ်လိုဆစ်)
၎။ Foodborne E coli infection အစားအစာကနေ (အီး-ကိုလိုင်) ပိုးဝင်ခြင်း
၅။ Non-cholera Vibrio infections ကာလဝမ်း မဟုတ်တဲ့ ဝမ်းလျှောရောဂါ
၆။ Food poisoning အစာဆိပ်သင့်ခြင်း
၇။ Irritable bowel syndrome ဝမ်းမငြိမ်ရောဂါ

• ဝမ်းလျှော-ဝမ်းပျက်ဖြစ်သမျှထဲက ၈ဝ% ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတယ်။
• ဆေးမစားတာတောင့် ၇ ရက်ထက်မကြာဘဲ၊ သူ့ဖါသူ ပျောက်နိုင်တယ်။
• (ဗိုင်းရပ်စ်) က ပါးစပ်ကနေဝင်လာရင် ဝမ်းလျှောတာအပြင် ပျို့ချင်၊ အန်ချင်ဖြစ်မယ်၊ ကိုယ်နဲနဲ ပူနိုင်တယ်၊ ဗိုက်နာမယ်၊ အစားပျက်မယ်။ အစားအသောက်နဲ့ ရေကတဆင့် လူအများကြီးကို ကူးစက်နိုင်တယ်။
• အများဆုံး ဖြစ်စေတဲ့ ပိုးက Norovirus ဖြစ်တယ်။ Rotavirus ကြောင့်ဖြစ်ရင် ကလေးတွေမှာ ဆိုးဝါးတာဖြစ်မယ်။ ခုခံအားနည်းနေတဲ့ လူကြီးတွေလဲ အဲလိုဘဲ။
• Polymerase chain reaction (PCR), Antigen-detecting enzyme immunoassays (EIAs), Immunofluorescence assays (IFAs), Microscopy, Serology နဲ့ Viral culture ဆိုတဲ့ ဓါတ်ခွဲ စမ်းသပ်နည်းတွေနဲ့ ရောဂါကို သေခြာအောင် လုပ်နိုင်ပေမဲ့ လူတိုင်းကို အဲလိုလုပ်ဘို့ မလိုပါ။
• ဖြစ်ရင် ဓါတ်ဆားရေသာ သောက်ပါ။ ဆိုးရင် RL drip IV သွေးကြောထဲဆေးသွင်းပါ။
• ပုံမှန်ဆိုရင် ဝမ်းပိတ်ဆေး၊ အအန်ပျောက်ဆေး၊ ပဋိဇီဝဆေးတွေပေးဘို့ မလိုပါ။
• တကိုယ်ရေ-ပတ်ဝန်းကျင် သန့်ရှင်းရေးတွေနဲ့ ကာကွယ်ပါ။
• ကလေး ငယ်ငယ်လေးတွေအတွက် Rotavirus vaccines ကာကွယ်ဆေးပေါ်နေပြီ။

• နေထိုင်ရာဒေသမတူတဲ့တိုင်းပြည်၊ ဒေသ၊ အထူသဖြင့် ချမ်းသာတဲ့နိုင်ငံတွေကနေ ဆင်းရဲတဲ့နိုင်ငံတွေကို ခရီးသွားရင် ၂ဝ-၅ဝ% ဝမ်းပျက်နိုင်တယ်။
• ပိုးဝင်ပြီးနောက် ၂ ပါတ်နေရင် ရောဂါရနိုင်တယ်။
• Loperamide ဆေးသောက်နိုင်တယ်။ ဒါ့အပြင် Quinolone antibiotics, Azithromycin, Rifaximin တွေ သောက်ရတယ်။
• Campylobacter infections ဖြစ်တာကိုတော့ Quinolone နဲ့မရလို့ Azithromycin ပေးရတယ်။
၃။ Salmonellosis (ဆာလ်မိုနယ်လိုဆစ်)
• မချမ်းသာသေးတဲ့တိုင်းပြည်တွေမှာ အဖြစ်များတယ်။ တခါတလေ လူအများကြီးဖြစ်တယ်။ ရောဂါရှာဘို့ ဝမ်းကိုစစ်ရင် ပိုးတွေ့မယ်။ သူ့ဖါသူပျောက်တာများတယ်။ လိုအပ်မှသာ ပဋိဇီဝဆေးပေးဘို့ လိုပါတယ်။

• Enterotoxigenic E coli (ETEC) ပိုးအမျိုးအစားဟာ ခရီးသွားဝမ်းပျက်ရောဂါကို အများဆုံး ဖြစ်စေတယ်။
• သူ့ဖါသူပျောက်တာများတယ်။ လိုအပ်ရင် ပဋိဇီဝဆေးပေးပါ။ E coli O157 infection ထဲက ၁ဝ%လောက်မှာ haemolytic uraemic syndrome ဆိုတဲ့ရောဂါ ဆက်ဖြစ်တယ်။

• V cholera ကနေ ကာလဝမ်းရောဂါရစေပြီး၊ Vibrio species ကနေ ကာလဝမ်းမဟုတ်တဲ့ ဝမ်းလျှောရောဂါရစေတယ်။
• ဝမ်းလျှောတာ၊ အန်တာ၊ sepsis ဖျားနာတာ နဲ့ skin/soft-tissue infection အရေပြားနာတောတွေပါဖြစ်စေနိုင်တယ်။ V vulnificus ပိုးက ပိုဆိုးဆိုးဝါးဝါးဖြစ်စေတယ်။ ခုခံအားနည်းနေသူတွေကို Septic shock ဆိုတာဖြစ်စေပြီး သေဆုံးစေနိုင်တယ်။ အသဲမကောင်းသတွေလဲ အဲလိုဖြစ်နိုင်တယ်။
• ဆိုးရင် Ceftazidime + Doxycycline ဆေးကို သွေးကြောထဲထိုးပေးရတယ်။ အနာအဆာဖြစ်တာကို ဆေးထည့်တာနဲ့ တခြား ပဋိဇီဝဆေးပေးပါပေးရမယ်။
၆။ Food poisoning အစာဆိပ်သင့်ခြင်း
• အများအားဖြင့်သိပ်မဆိုးပါ။ သူ့ဖါသူပျောက်တယ်။ ဆိုးရင် ဗိုက်နာမယ်၊ ပျို့-အန်မယ်၊ ဝမ်းလျှောမယ်။

• ဗိုက်နာလိုက်၊ ဝမ်းမကောင်းလိုက်နဲ့ နာတာရှည်ဖြစ်တယ်။
• စားတဲ့အစာက Lactose-containing foods ကြောင့်ဖြစ်တာလား၊ Fructose-containing foods ကြောင့်ဖြစ်တာလား ခွဲခြားရမယ်။
Dr. တင့်ဆွေ
၁၉-၁ဝ-၂ဝ၁၁
၂၄-၉-၂ဝ၁၇

Comments
Post a Comment