Posts

Showing posts from January, 2020

Coronavirus News Update ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်

Image
ကူးစက်ခံရသူပေါင်း တသောင်းနီးလာပြီ။ သေဆုံးသူပေါင်း ၂၁၃ ယောက်ရှိ။ ၂၂ နိုင်ငံထိ ကူးစက်ရောဂါပိုးရောက်ရှိပြီ။ 1. US bars foreigners who recently visited China ယူအက်စ်က တရုပ်ပြည်ကို လတ်တလောသွားခဲ့သူတွေ ပြည်ဝင်ခွင့်ပိတ်လိုက်။ ရောဂါစတင်ရာ ဟူဘေးပြည်နယ်ကပြန်လာသူ ၁၉၅ ယောက်ကို ၂ ပတ်ကြာ သီးသန့်ထား စစ်ဆေးမယ်။ 2. Iraq's Basra airport to deny entry to travellers from China အီရတ် ဘာဆရာလေဆိပ်ကို တရုပ်ပြည်က ခရီးသည်တွေ ဆင်းခွင့်မပြု 3. Cyprus treats first suspected case of coronavirus ဆိုက်ပရပ်စ်မှာ ပဌမဆုံး သံသယရှိလူနာကို ကုသပေးနေ။ 4. China orders 200 million masks from Turkey တရုပ်ကနေ တူရကီနိုင်ငံကို နှာခေါင်းစည်း သန်း ၂၀၀ အော်ဒါလုပ်။ 5. Guatemala restricts entry from China ဂွါတီမာလာက တရုပ်ကလေလာတာတွေကို ကန့်သတ်မှုလုပ်လိုက်။ 6. Pasteur Institute eyes coronavirus vaccine in 2021 ပါစချာအင်စတီကျုက ကိုရိုနာကာကွယ်ဆေးကို ၂၀၂၁ မှာ ထုတ်နိုင်မယ်လို့မျှော်လင့်။ 7. Delta, American and United suspend flights between US, China ဒယ်လ်တာ၊ အမေရန်ကန်နဲ့ ယူနိုက်တက် လေကြောင်းလိုင်းတွေက ယူအက်စ်နဲ့ တရုပ်ကြာ

Chicken ကြက်သားဋီကာ

Image
ကြက်ပေါင်းရည်ကို ဘုန်းကြီးသောက်လို့ အဆင်ပြေ / မပြေ သိချင်တာပါ။ အခု သက်တော် (၆၄) သိက္ခာဝါ (၄၄) ပါ ဒကာကြီး။ တင်ပါ့ဘုရား။ အားနာနာနဲ့ ရေးပါမယ်။ လူတွေစားတဲ့ အသားတွေမှာ ပရိုတင်းဓါတ်ခေါ် လူတိုင်းမရှိမဖြစ်တဲ့ဓါတ်ပါတယ်။ ပရိုတင်းအပြင် အဆီ၊ ဓါတ်ဆားတွေနဲ့ ဗီတာမင်တချို့လည်းပါတယ်။ အတိအကျ တင်ပြပါမယ်။ ကြက်ရင်အုပ် (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ 165 calories ကယ်လိုရီ၊ 31 grams of protein ပရိုတင်းနဲ့ 3.6 grams of fat အဆီရမယ်။ ကြက်ပေါင် (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ 209 calories ကယ်လိုရီ၊ 26 grams of protein ပရိုတင်းနဲ့ 10.9 grams of fat အဆီရမယ်။ ကြက်တောင်ပံ (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ 203 calories ကယ်လိုရီ၊ 30.5 grams of protein ပရိုတင်းနဲ့ 8.1 grams of fat အဆီရမယ်။ ကြက်ခြေသလုံး (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ 172 calories ကယ်လိုရီ 28.3 grams of protein ပရိုတင်းနဲ့ 5.7 grams of fat အဆီရမယ်။ ကယ်လိုရီဆိုတာ သွားလာလှုပ်ရှားတဲ့အခါလိုအပ်ချက်ယူနစ်ဖြစ်တယ်။ လူတယောက်ဟာ တနေ့မှာ ကိုယ်လိုရီ ၁၅၀၀ ကနေ ၂၅၀၀ လိုအပ်တယ်။ ပရိုတင်း၊ အဆီနဲ့ အစား

အဆင့် ၁၉၀ က တက်နိုင်အောင်

Image
ဆရာရှင် သမီးက Nurse Aid ပါ တရုပ်အထည်ချုပ်စက်ရုံမှာ First Aid ကျန်းမာရေးတာဝန်ယူထားရပါတယ် ဝန်ထမ်းပေါင်း ၅၀၀ကျော်ရှိပါတယ် Fever လူနာတွေလည်းရှိပေမဲ့ သူတို့ Leader တွေကအိမ်ပြန်မလွှတ်ပါဘူးရှင် ရင်နာစရာပါရှင် ပိုဆိုးတာက မနေ့ညက ရောဂါဖြစ်တဲ့နိုင်ငံက တရုပ်လူမျိုးထပ်ရောက်လာပါတယ်ရှင် ဝန်ထမ်းများအားလုံးအတွက် စိတ်ပူမိပါတယ်ရှင် ဘယ်လမ်းကြောင်းကဝင်လာလည်းမသိပါ အထည်ချုပ်အလုပ်သမားခကလေးတွေဘဝက မတရားခိုင်းစေခံရပြီး ကျန်းမာရေးစောင့်ရှောက်မှုကျတော့ အရမ်းအားနည်းကျပါတယ် ဆေးဝါးဆို အိမ်သုံးဆေးဝါးတောင်မဝယ်ပေးပါဘူးရှင် Solutions3 မျိုးနဲ့ Bandage/ORS/Glucose ကလွဲဘာမှမရှိပါဘူး BP တိုင်းဖို့စက်တောင်ဝယ်မပေးပါဘူး သမီးအိမ်ကနေ မကြည့်ရက်လို့ ရှိတာတွေသယ်နေရပါတယ်ရှင် ဒီ virus ပိုးကြောင့် အထည်ချုပ်ကလေးတွေအတွက် စိတ်ပူမိပါတယ်ရှင် စစ်ဆေးရေးဝင်လာရင်လည်း တခါမှဆေးခန်းကို ဝင်မစစ်ဆေးပါဘူးရှင် ဆောရီး။ တကယ့်အခြေအနေကို ရိုးရိုးသာတင်ပြချက်ဖြစ်တယ်။ စာပို့သူလိုပဲ မဆလ ခေတ်က တောမှာတာဝန်ကျတဲ့ဆရာဝန်တွေ အဲလိုပဲ ကိုယ့်ဖါသာရှာကြ ကြံကြရတယ်။ အနှစ် ၄၀-၅၀ ကျော်ပြီ။ မထူးသေးပါ။ ကျွန်တော်တို့ ကျန်းမာရေးစနစ် အဆင့် ၁၉၀ က တက်နိုင်အောင် အတော်ကို ကြိုး

Myanmar Hieroglyphs အရုပ်စာခေတ်သို့ ပြန်လည်ရောက်လာခြင်း

Image
ဆရာ့မျိုးချစ်စိတ်တော့ လေးစားတယ် မြန်မာစာပေကိုနှစ်နှစ်ကာကာ ဖက်တွယ်ထားတာကြောင့် တဲ့။ မျိုးချစ်တံဆိပ်ကပ်ရင်တော့ တမျိုးတမည်ဖြစ်တယ်။ လူတိုင်း ရိုးရိုးသားသားနဲ့ ကိုယ်နိုင်ငံ ကိုယ့်အစဉ်အလာယဉ်ကျေးမှုနဲ့ ဘာသာစကားကို ချစ်ကြပါတယ်။ တို့အဖွဲ့ကသာ ချစ်တယ်ပြောရင်တော့ လွဲပြီ။ မမှန်ကန်တဲ့ အကျိုးအမြတ်တစုံတရာကို မျှော်ကိုးလို့။ သက်ရှိသဘာဝမှာ အတ္တသဘောပါပြီးသား။ ငါ့အတ္တကပိုကြီးတယ်ဆိုတာ ဂုဏ်ယူစရာတော့ မဟုတ်ပါ။ ပိုချစ်ကြတဲ့ ကိန္နရီမောင်နှံကလည်း တရားထဲမှာ။ ဟင်္သာကိုးသောင်းက ဇာတ်တော်ထဲမှာ။ ကျန်တာအားလုံးက သိပ်မထူးကြပါ။ ထူးတယ်ပြောသူ သတိသာထားပေတော့။ Misuse of Nationalism အမျိုးသားစိတ်ဓါတ်ကို တလွဲသုံးနေခြင်း https://doctortintswe.blogspot.com/2018/09/misuse-of-nationalism.html ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေမှာ ယိုယွင်းလာတတ်တယ်။ ကမ္ဘာမှာ သေသွားသလောက် ဖြစ်နေတဲ့ ရှေးဟောင်း ဘာသာစကား ၉ ခုရှိပြီ။ Dead Languages ကွယ်လွန်သွားတဲ့စာတွေ https://doctortintswe.blogspot.com/2018/10/dead-languages.html မြန်မာစာအခြေအနေကတော့ ဒုက္ခိတ။ မြန်မာ့ယဉ်ကျေးမှုက မသန်မစွမ်း။ ဖေ့စ်ဘွတ်မှာ အရုပ်သာရေးကြတော့တယ်။ ထိန်းကြရမယ်။ မိဘဘိုးဘွားတွေက ထ

ဝက်သက်ကယ်တဖြာနှင့်

Image
၇၉။ ဝိလုပ္ပံ ရှုပ်ပြန်တတ်တဲ့၊ ဆုတ်ကပ်မှာ မဟုတ်မဟပ် သာလို့ပြောချင်ကြ သဘောခံညဏ်ပညာနှင့်၊ မမှန်ရာမှန်ရာ မထောက်ဘု၊ ညှိုးပိန်ကာ စိုးရိမ်၍ ကြောက်ရင်ဖြင့်၊ မိုးအောက်တွင် မနေကြပါနှင့်၊ ရှေးလူများ စကားစဉ်။ ဝက်သက်ကယ်တဖြာနှင့်၊ ကြက်တက်ပါ အနာကျောက်ကယ်တို့၊ တလေတခါ မွှေလှာရောက်နေကြ၊ ရွာနောက်တောင် အစွန်ဖျားတွင်မှ၊ လေးငါးအိမ်ဝင်ကာပေါက်လို့၊ လေးယောက်သူငယ်၊ ကျောက်လယ်၍ဆုံးသောကြောင့်၊ ကွယ်ပုန်းကာ မသိုဝှက်ဝံ့ဘု၊ ရုံးထက်မှာ ဆက်ကာလျှောက်ရ၊ ရွာပေါက်မှာ အလွှာကပ်သောကြောင့်၊ တခြားတရွာ အသွားအလာ ပြတ်ကြ၊ ရှားလှပ်၍ကြဉ်။ မောင်းထောင်ဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်စာအုပ်ကို သုတေသနမှူး ဦးအောင်သိန်း (နန်းညွန့်ဆွေ) က ပြုစုတည်းဖြတ်ပါတယ်။ ၁၉၈၄ ခု၊ မေလမှာထုတ်တယ်။ စာအုပ်ပါ မြန်မာသတ်ပုံတွေကို တင်ပြပါတယ်။ ဝက်သက်ကယ်တဖြာနှင့်၊ တလေတခါ၊ တခြားတရွာလို့သာ ရေးပါတယ်။ တတွေကို စမသတ်ပါ။ ဦးနေဝင်းအုပ်စိုးနေချိန် ၁၉၇၈ နဲ့ ၁၉၈၆ ခုနှစ်ကာလမှာ မြန်မာစာအဖွဲ့လည်းပေါ်လာတယ်။ သတ်ပုံကျမ်းတခု လုံးပမ်းစေတယ်။ နဝတ လက်ထက် ၁၉၉၁ ခုနှစ် စက်တင်ဘာလမှာ မြန်မာအဘိဓာန် ခေါ် သတ်ပုံကျမ်းသစ် စထုတ်ပါတယ်။ အခြေတည်ခဲ့တဲ့သတ်ပုံတွေနဲ့ ကွဲလွဲနေတယ်။ နောက်ထုတ်သမျှ သ

Motherland မိခင်နိုင်ငံသားတွေ

Image
ကွန်မင့်တချို့ - ၁။ မယုံသင့် မရေးသင့် ၂။ မြန်မာတွေဒီအတိုင်းဆို မျှော်လင့်ချက်မဲ့ပြီ ၃။ မိခင်နိုင်ငံကိုအထင်သေးလွန်း • အရက်နဲ့ကုမယ်။ • အပူချိန်နဲ့ပျောက်တယ်။ • ဗမာကြက်သွန်နီစားပါ။ • ဗီတာမင်ဒီသောက်ပါ။ • ဖြစ်တာ ၉၀၀၀၀ ရှိပြီ။ • ရွှေလီ၊ မူဆယ်၊ လားရှိုး-မုံရွာကား၊ • အစိုးရက ဘာမှမလုပ်ဘူး။ • တရုပ်လေယာဉ်တွေအဝင်မခံ။ အားလုံးက မိခင်နိုင်ငံသားတွေ ဖြစ်ကြတယ်။ ရွာတိုင်းလိုလိုမှာ ပွကြီးရှိတယ်။ တချို့က ပွကြီးနောက်လိုက်။ တချို့က သူ့ရွာမှာ ပွကြီးရှိတယ်လို့ပြောတာ မကြိုက်။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂၀၂၀

သနပ်ခါးမီးပူဇော်ခြင်း

Image
ဆရာရှင့် အရမ်းသိချင်တာလေးရှိလို့ပါ သနပ်ခါးမီးပူဇော်နည်းပြုလုပ်ပုံလေးပြောပြပေးပါ့လားရှင့် အိမ်မှာပူဇော်ချင်လို့ပါ။ မြန်မာပြည် တချို့ဒေသတွေမှာ ဆောင်းတွင်းရောက်ရင် အတော်အေးတယ်။ မြေပြန်ဒေသဆိုရင် ပြာသိုနဲ့ တပို့တွဲလတွေမှာ အအေးဆုံး။ မြတ်စွာဘုရားကလည်း မဇ္ဈိဒေသ အပူပိုင်းမှာပွင့်ခဲ့တယ်။ သနပ်ခါးမီးပူဇော်ခြင်းအမှုက ဘုရားဟော မဟုတ်။ တရားစာထဲကလည်း မဟုတ်လောက်ပါ။ ဖတ်ဖူးတာက နည်းနည်း။ သနပ်ခါးမီးပူဇော်တာကို တပို့တွဲလပြည့်နေ့မှာ ပြုလုပ်ကြတယ်။ နေရာတိုင်းတော့ မဟုတ်လောက်။ အကုန်ရောက်ဘူးတာ မဟုတ်။ သနပ်ခါးတုံးကို သေးသေးလေးတွေ ခွဲစိတ်ရတယ်။ ခွက်တခုခုထဲထည့်ပြီး ဘုရားရှေ့၊ စေတီတွေထဲမှာ မီးရှို့ပူဇော်တယ်။ ဘုရားခြေတော်လက်တော်အေးတာကို ရည်မှန်းပြီးလုပ်တယ်။ မန္တလေး၊ မုံရွာ၊ ဘုတလင်မှာ လုပ်ကြတယ်။ တချို့ဘုရားတွေမှာ မနက်အစောကြီး အချိန်သတ်မှတ်ထားပြီးလုပ်ကြတယ်။ ဝန်းကျင်တခုလုံး မွှေးနေတာပဲ။ ဒီနှစ်အတွက် သနပ်ခါးတုံးတွေကို ရွေး၊ စင်အောင်ဆေး၊ အခြောက်ခံပြီး၊ ခွဲစိတ်ရမယ်။ တချိန်က ခွဲစိတ်ဆရာဝန်အိမ်မှာ။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂၀၂၀

Coronavirus Check-in ကိုရိုနာ မြန်မာပြည်ရောက်ပြီလား

Image
တရုပ်ဝူဟန်က စတင်ဖြစ်ပွါး ကူးစက် ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူစက်ခံရသူတွေလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားတဲ့လူနာ အနည်းဆုံး ၃ ဦးရှိနေပြီ။ သံသယအဆင့်လို့ ထုတ်ပြန်။ တခြားကျန်းမာရေးမေးတာတွေနဲ့ မဟုတ်မမှန် ဝူဟန်သတင်းတွေကို ဖြေနေရတာနဲ့ အခုတင်တာ နာရီပိုင်းလောက် နောက်ကျခဲ့တယ်။ ဆောရီး။ ကာကွယ်နည်းတွေ တင်ထားပြီးပြီ။ လူလိမ် ဆေးနည်းလိမ် သတင်းမှားတွေများတာလည်း ခဏခဏတင်ထားတယ်။ ၁။ လူထူထူရှိရာ မသွားသင့်။ ၂။ အပြင်ထွက်ရင် နှာခေါင်းစည်း သုံးပါ။ အထူးနှာခေါင်းစည်း မလို။ ၃။ လက်မကြာမကြာ ရေနဲ့ဆပ်ပြာသုံး ဆေးပါ။ အရက်ပျံပါတဲ့ လက်ဆေးဆေးရည် ရှိရင်သုံးပါ။ ၄။ ဆေးထားတဲ့လက်နဲ့သာ မျက်နှာကိုထိပါ။ ၅။ ကိုယ်ပူရင် ဆရာဝန်ပြပါ။ ၆။ အစားအသောက်ကနေ မကူးစက်။ အစားအသောက်နဲ့ ကုမရ။ ဗီတာမင်စီပါတာတော့သင့်။ ၇။ ကာကွယ်ဆေး မရှိ။ ကုသဆေး အတိအကျ မရှိ။ ၈။ သတင်းမှားတွေ မယုံသင့်။ မရေးသင့်။ ဟိုပို့သည်ပို့ မလုပ်သင့်။ လူလိမ် သတင်းလိမ် ဆေးလိမ်ရောင်းသူတွေ သတိထားပါ။ အဲတာက နှာခေါင်းစည်းနဲ့မရ။ ၉။ ကိုယ့်နေထိုင်ရာမှာ တရုပ်ပြည်ကပြန်လာသူ မရှိရင် စိုးရိမ်စရာ မရှိလောက်သေး။ တရုပ်-မြန်မာ ကူးလူးဆက်ဆံရေး စာမျက်နှာသစ်ဖြစ်တယ်။ တရုပ်ခေါ

Slow Heart Rate နှလုံးခုန်နှေးခြင်း

Image
၁။ ဆရာရှင့် ကျွန်မအသက် ၃၅နှစ်ပါ ပြီးခဲ့သောနှစ်ကနေမကောင်းလို့ဆရာဝန်ပြသရာကနေ နှလုံးခုန်နှုန်းနှေးနေတာကို သိလိုက်ရပါတယ် ပုံမှန်အားဖြင့် တမိနစ်ကို ၅၂ကြိမ်မှ ၅၈ကြိမ်အတွင်းရှိနေပါတယ် နှလုံးအထူးကုနှင့် ပြခိုင်းသောကြောင့် ပြသရာတွင် holter ၁ရက်တပ်ခိုင်းပြီး နှလုံးခုန်နှုန်းကိုစစ်ပါတယ် အနှေးဆုံးက ၄၈ကြိမ်ဖြစ်ပြီး အမြန်ဆုံးက ၁၀၇ကြိမ်ပါ (လှေကားတက်နေစဉ်အချိန်) နှလုံးဆရာဝန်ကတော့ဘာမှမဖြစ်နိုင်ပါဘူးဆိုပြီး ဘာဆေးမှမပေးလိုက်ပါ တခါတလေ အရမ်းခေါင်းမူးတဲ့အချိန်ဆေးခန်းပြရင် နှလုံးခုန်က ၅၀အောက်အမြဲကျနေပါတယ်ဆရာ ဘာဆက်လုပ်သင့်ပါသလဲရှင့် ကျွန်မအလုပ်က စာရင်းကိုင်ပါ အားကစားအနေနဲ့ဘာမှပြင်းပြင်းထန်ထန်မလုပ်ပါဘူးရှင့် ကျေးဇူးတင်ပါတယ်ရှင့် ၂။ သူ အသက်ရှင်နိုင်ချေနည်းလားရှင့် ပြီးခဲ့တဲ့ ၂ပတ်လောက်က သတိလစ်သွားပါတယ် တခါမှမဖြစ်ဖူးဘူး အခုဆေးခန်းပြတော့ အဲလိုပြောပါတယ် မူးယစ်ဆေး အရက်မသုံးပါဘူး အကြံပေးပါနော် အသက် ၂၁ ယောကျာ်းလေးပါ ဆေးစစ်ချက်တွေ သေချာ မသိ။ စမ်းသပ် စစ်ဆေး ကုသပေးနေတဲ့ဆရာဝန်တွေကသာ လူနာံအခြေအနေကို သိပါမယ်။ ကျေးဇူးတင်ပါတယ် ဆရာ နှလုံးအထူးကုနဲ့ပြခိုင်းနေပါတယ် နှလုံးခုန်နှေးနေတယ်ပြောပါတယ် တမိနစ် ဘယ်လောက် မသိ။ 56 BP

Wuhan News ဒီသတင်းမှန်ပါသလားဆရာ

Image
စိတ်ချရတဲ့ သတင်းကို အချိန်တိုင်းမှာ တင်နေပါတယ်။ ဘာသာပြန်သတင်းတွေ မဖတ်အားပါ။ ကုသနည်းစာတပုဒ် မနေ့ကတင်ထားတယ်။ HIV ဆေးနဲ့ ကုနေတယ်။ အရပ်ဆေးနည်းတွေ တမျိုးပြီးတမျိုး၊ အရက်၊ ဗမာကြက်သွန်နီ၊ နေအပူ၊ ဗီတာမင်ဒီနဲ့ကေ၊ အကုန်မှားတယ်။ အခုပဲ ရေဒီယိုတခုက ပို့တာမှာ ဗီတာမင်စီများများ စားသောက်ပါတဲ့။ အဲတာက ဆီလျော်တယ်။ ဒေါက်တာတင့်ဆွေ ၃၀-၁-၂၀၂၀

Vitamin C ဗီတာမင် (စီ)

Image
ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ရေးမှာ နောက်ထပ်အထောက်အကူပြုနိုင်တာ ဗီတာမင်စီဖြစ်ပါတယ်။ အေ မဟုတ်။ ဘီ မဟုတ်။ ဒီ မဟုတ်။ အီး မဟုတ်၊ ကေ မဟုတ်။ ဗီတာမင်စီမရှိရင် လူ့ကိုယ်ကနေ ကိုလာဂျင်ဆိုတာ မလုပ်နိုင်ဘူး။ ကိုလာဂျင်က အရေပြား၊ သွေးကြောတွေ။ အရိုးနဲ့ အရိုးနုတွေမှာ မရှိမဖြစ်ပါ။ သူကနေတွယ်ဆက်ပေးတာဖြစ်တယ်။ ကိုလာဂျင်ဆေးကြောငြာတော့ အတော်မေးကြတယ်။ စီမေးသူက နည်းတယ်။ ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။ အဲတာကနေ ဗီတာမင်စီချို့တဲ့ရောဂါ Scurvy စကာဗီရောဂါလို့ စသိလာရခဲ့တာပါ။ ဗီတာမင် (စီ) ဟာ (အက်စကောဗစ် အက်စစ်) ဖြစ်တယ်။ စကာဗီရောဂါဖြစ်ပုံက မအီမသာ ခံစားရတာ၊ မောနေမယ်။ အလုပ်ချင်မကိုင်ချင်ဖြစ်မယ်။ စားချင်စိတ်နည်းမယ်။ အသက်ရှူမဝဖြစ်မယ်။ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေ ထုံမယ်။ သွေးယိုတာနဲ့ သေဆုံးနိုင်တယ်။ ကုသရာမှာ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ်မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီးအမျိုးမျိုး၊ ဆ

ဦးစ

Image
စ၊ ဦး (မြဝတီဝန်ကြီး) (၁၇၆၆ - ၁၈၅၃)။ စစ်ကိုင်းမြို့အနောက် မိချောင်းတက်ချောင်းရွာဇာတိ။ ၁၇၆၆ အော်တိုဘာ ၁၈ အင်္ဂါဖွား။ အဖ မြင်းစီးကြီးသား ဦးပေါက်ကျော်၊ အမိ ဒေါ်ငြိမ်းသာ။ အသက် ဆဲ့တနှစ်ခန့်တွင် အင်းဝမြို့ မဲထီးဆရာတော် ဦးပရမကျောင်း၌ ရှင်ဝတ်ပြီး ပညာသင်သည်။ မြန်မာစာပေအဘိဓာန် (မလိခ) စာအုပ်ကို ၁၉၇၄ ခု နိုဝင်္ဘာလမှာ ထုတ်ဝေပါတယ်။ မြန်မာစာသတ်ပုံကို အမှန်အတိုင်း ရေးတဲ့ခေတ်က ဖြစ်ပါတယ်။ ဆဲ့တနှစ်ခန့်။ ဒေါက်တာတင့်ဆွေ ၃၀-၁-၂၀၂၀

Lair လိမ်တဲ့သူတွေအတော်ပေါတယ် ယုံတဲ့သူတွေအတော်များတယ်

Image
ဆရာ MDR TB ကုထုံးနဲ့ ဆေးကုသမှုခံယူနေတဲ့အချိန် လူတွေပြောနေကြတဲ့ လောက်သေရွက် ပြုတ်ရည်ကို သောက်ခြင်းက ရောဂါသက်သာရေးအတွက် ကောင်းကျိုးဖြစ်စေပါသလား ခင်ဗျာ အဲဒီအရွက်ကပျောက်တယ်ဆိုပြီး ပြောနေကြတာ ရောဂါတွေစုံလှပြီ။ တရုပ်ဝူဟန်တောင် ပါလာဦးမလားမသိ။ လိမ်တဲ့သူတွေအတော်ပေါတယ်။ ယုံတဲ့သူတွေအတော်များတယ်။ ဗမာတွေက အထအနကောက်ကြသတဲ့။ ကံ့ကော်ကို ကံကော်လုပ်ကြတယ်။ အဲဒီအရွက်အမည်ကို အထအန ကောက်ကြည့်ပါလား။ ကန်တော့လို့ အရင်ပြော။ MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ https://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html ဒေါက်တာတင့်ဆွေ ၂၉-၁-၂၀၂၀

Alert သတိကြီးကြပါ

Image
တရုပ်ပြည် ဝူဟန်မြို့ကနေစတင်ဖြစ်ပွါးနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်နေမှုကို WHO ရဲ့ သတိပေးချက်ဖြစ်ပါတယ်။ ရင်ဆိုင်ကျော်လွှားရမှာ တကယ်ကို ကြီးမားတယ်။ နက်ဖြန်အရေးပေါ်အစည်းအဝေးကျင်းပမယ်။ အခုထိ ၁၆ နိုင်ငံကို ရောက်နေပြီ။ မြန်မာနိုင်ငံ မပါသေး။ တရုပ်ပြည်မှာ ၁၃၀ သေဆုံးပြီး ကူးစက်ခံရသူပေါင်း ၆၀၀၀ နီးပါးရှိပြီ။ အခုထိ ကူးစက်ခံရသူတွေမှာ ရောဂါလက္ခဏာတွေက သာမန်အဆင့်သာများတယ်။ ၂၀% မှာတော့ ဆိုးဝါးတယ်။ နူမိုးနီးယားဖြစ်ကြတယ်။ အသက်မရှူနိုင်ဖြစ်ကြတယ်။ ဆောရီး။ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့သတင်းတွေကို မခိုင်မာ မတိကျ မမှန်ကန်ပဲ မတင်သင့်ကြပါ။ ရွှေလီ၊ မူဆယ်၊ မုံရွာ-လားရှိုးကား၊ အရက် သတင်းတွေ အကုန်မှားတယ်။ လိမ်ညာတာ မကောင်းပါ။ အမှားသိသူဟာ အမှန်ကို မသိ။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂၀၂၀

Quarantine တရုပ်အမျိုးသမီးဘောလုံးသင်း သီးခြားထားမည်

Image
သြစတေးလျမှာ တရုပ်ကလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတယောက် ပဌမဆုံးတွေ့တယ်။ အခုသြစတေးလျမှာ ကစားကြမဲ့ တရုပ်ဘောလုံးသင်းကို သီးခြားနေရာမှာ ပြင်ပနဲ့ ကူးလူးသွားလာမှု ကန့်သတ်ထားတယ်လို့ ကွင်းစလန်း ကျန်းမာရေး တာဝန်ခံက ပြောလိုက်ပါတယ်။ တရုပ်အမျိုးသမီးဘောလုံးသင်းဟာ ဘရစ်ဘိန်းမှာရောက်လာပြီ။ ၂၀၂၀ အိုလန်ပစ်ခြေစစ်ပွဲကစားကြမယ်။ တရုပ်သင်းဟာ ထိုင်း၊ တရုပ်တိုင်ပေ၊ သြစတေးလျသင်းတွေနဲ့ ကစားရမယ်။ ဘောလုံးကစားသမားတွေ ကျန်းမာတာမှန်ပေမဲ့ သူတို့တည်းခိုရာ ဟော်တယ်မှာပဲ ၅-၂-၂၀၂၀ အထိနေထိုင်ကြရမယ်။ အပြင်ထွက်ခွင့်မရှိ။ မြန်မာပြည်ကို တရုပ်ကနေပြန်လာသူမှန်သမျှ ဘယ်သူ့ကိုမဆို သီးခြား ၂ ပတ်ထားပြီး စစ်ဆေးစောင့်ကြည့်သင့်တယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂၀၂၀

Tees January သီးစ် ဇန္နဝါရီ

Image
ဇန္နဝါရီ ၃ဝ ရက်ဟာ မဟတ္တမဂန္ဒီကွယ်လွန်တဲ့နှစ်ပါတ်လည်နေ့ဖြစ်တယ်။ သူဟာ ၃ဝ-၁-၁၉၄၈ နေ့မှာ လုပ်ကြံခံခဲ့ရတာပါ။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ၂၂-၇-၂ဝ၁၁ နေ့မှာလုပ်တဲ့ နယူးဒေလီ မြန်မာ့ဒီမိုကရေစီရေးဆန္ဒပြပွဲမှာ ဂန္ဒီပုံပါပို စတာကို သုံးခဲ့ကြဘူးတယ်။ နယူးဒေလီမြို့က လမ်းမတွေပေါ်မှာ မြန်မာ့ဒီမိုကရေစီ ခြေရာတွေ အထပ်ထပ် ထင်ကျန်ရစ်စေခဲ့ကြပါတယ်။ ကျွန်တော့်အတွက်ကတော့ ၁၉၉၀ ကနေ စတင်ခဲ့တာဖြစ်လို့ နှစ်သုံးဆယ်ကြပြီ။သီးစ် ဒီမိုကရေစီ။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၆ ၂၉-၁-၂၀၂၀

Coronavirus ကိုရိုနာဗိုင်းရပ်စ် နောက်တိုးသတင်း

Image
နောက်ဆုံးသတင်း မဟုတ်ပါ။ ဝူဟန်ကနေ နိုင်ငံခြားသားတွေကို ပြန်လွှတ်မယ်။ သြစတေးလျကတော့ ပြန်လာသူတွေကို ကျွန်းလေးတကျွန်းပေါ်မှာထားမယ်။ ပြည်မကြီးနဲ့ မိုင် ၁၂၀၀ ဝေးတဲ့ ခရစ်စမတ်ကျွန်းပေါ်မှာ ၂ ပတ်ကြာမယ်။ အဲဒီမှာ သီရိလင်္ကာက မိသားစုတစုသာနေထိုင်တယ်။ လူ တထောင်စာ နေရာတွေဆောက်နေပြီ။ အီးယူနဲ့ အမေရိကန်တွေလည်း ပြန်ကြပြီ။ ဂျပန်လူမျိုး ၂၀၀ ပြန်ကြပြီ။ ၆၅၀ က လေယျာဉ်စောင့်နေတယ်။ တချို့က ဖျားနေကြပြီး တချို့ ချောင်းဆိုးနေကြတယ်။ သူတို့ကို အရင်ဆုံး သီးသန့်ထားမယ်။ အခုထိ တရုပ်ပြည်မှာ သေဆုံးသူ ၁၃၂ ယောက်။ တရုပ်ကျန်းမာရေးဌာနက နောက်ထပ် ၁၀ ရက်အထိ ရောဂါအရှိန်မြင့်တက်နေဦးမယ်တဲ့။ ပြန်လာတဲ့ အမေရိကန်တွေကိုလည်း သီးသန့်စစ်ဆေးမယ်။ ၂ ပတ်ကြာမယ်။ ဗြိတိန်ကလည်း ၂၀၀။ ပြင်သစ် ၂၅၀။ တောင်ကိုရီးယားက ၇၀၀။ မြန်မာပြည်သားတွေသတင်း ဆက်လာပါမယ်။ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၁-၂၀၂၀ ည ၁၁ နာရီ ၄၂ မိနစ်။

Pandemic ကပ်ရောဂါ

Image
ကပ်ရောဂါ အမျိုးမျိုးရှိတယ်။ ရောဂါအမည်အမျိုးမျိုးနဲ့ ကပ်အဆင့် အမျိုးမျိုး။ Endemic နေရာတခုမှာသာ ကွက်ဖြစ်တာ၊ Epidemic တိုင်းပြည်တခုထဲမှာ နေရာအများအပြားဖြစ်တယ်။ Pandemic ဟိုနိုင်ငံသည်နိုင်ငံတွေထိ ပြန့်တာ။ ကျွန်တော်ငယ်ငယ်က ကျောက်ကြီးရောဂါကို အဖျားပိုင်း မီလိုက်တယ်။ ဇောတိ မင်းရွာမှာ ကျောက်ဆေးထိုးဆရာတွေ မရောက်နိုင်သေးချိန်။ လူကြီးတယောက်က ရှောက်ပင်က ရှောက်ဆူးကို ဆေးထိုးအပ်လိုသုံးပြီး ကျောက်ပေါက်နာက အရည်နဲ့ ဆေးထိုးပေးတယ်။ ၁၉၅၀ ကျော်စလောက်က။ တိုက်နယ်ဆရာဝန်ဘဝမှာ ပလိပ်ရောဂါနဲ့ ကြုံရတယ်။ တအိမ်ကို ကြွက်ဆယ်ကောင်စီ ရှင်းစေခိုင်းတယ်။ ကြွက်မြီးတွေ ရေတွက်ရ၊ စာရင်းမှတ်ရတယ်။ မပို့သူတွေကို ဒဏ်ရိုက်တယ်။ ငရဲကြီးတတ်တာကို စာတွေ့သိတယ်။ ၁၉၇၀ ကျော်လောက်က။ နှစ်ကြိမ် လုပ်ခဲ့ရတယ်။ ကန်တော့။ မြို့နယ်ဆရာဝန်ဖြစ်တော့ ကာလဝမ်းရောဂါနဲ့ ကြုံရတယ်။ လူနာကုတင်တွေမလောက်။ ဆေးရုံကြမ်းပြင်မှာ ဖျာတွေနဲ့ ထားရတယ်။ အားနာစရာကောင်းမှန်း သိပါတယ်။ လူနာတွေ လက်တွေရော ခြေထောက်တွေမှာပါ ဆေးသွင်းအပ်တွေနဲ့ ထိုးပေးရတယ်။ တချို့ဆို အတော်ကို ခက်တာ။ နာမယ်။ မတတ်နိုင်။ ၁၉၈၀ ကျော်လောက်က။ ဆောရီး။ ကူးစက်ရောဂါဖြစ်တိုင်း မျက်နှာမလိုက်ရပါ။ လူမရွေးရပါ

NLD စည်းရုံးရေး (သို့) မေ့ကုန်ကြသူများ

Image
နှစ်လည်ပို့စ်အဖြစ်ပြန်ပေါ်လာလို့ တင်ပါတယ်။ ဆောရီး။ NLD ထဲကလူတွေ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတာထက် မျက်နှာသာရဘို့ ကပ်နေကြသူတွေရှိတယ်လို့ ဝေဖန်ကြပါတယ်။ ကျွန်တော်ကတော့ အပြစ်တင်မစောပါ။ ဝေဖန်တာကိုလည်း မငြင်းသာပါ။ (မဆလ) တုန်းကလည်း ဦးနေဝင်းကို အဲလိုကပ်ဖါးယပ်ဖါးတွေရှိတာပါပဲ။ ပါတီတွင်းပုန်ကန်မှုတောင်ရှိခဲ့တယ်။ NLD ပါတီညီလာခံတုန်းကလည်း ပါတီနေရာအတွက် လုံးပမ်းကြတယ်။ ပြဿနာလည်းရှိခဲ့တယ်။ ဒေါ်စု လွတ်လာပြီး မှာတော့ အခင်းအကျင်းတမျိုးဖြစ်လာတယ်။ လူဟောင်းတချို့ မြင်ကွင်းကပျောက်သွားတယ်။ ပြည်ပမှာ နေသူတွေဟာ အနှစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာ ဆန္ဒပြရတိုင်း၊ ဟောပြောရတိုင်း၊ ရေးသားရတိုင်း၊ လော်ဘီလုပ်ရတိုင်းမှာ ဒေါ်စုနာမည်မပါတဲ့အခါ မရှိပါ။ ဒါပေမဲ့ ဒေါ်စုလွတ်လာတော့ ဒေါ်စုကနေ ပြည်ပမှာနေရသူတွေကို တခွန်းတပါဒမှ ချီးမွန်းစကားမပြောဘူးလို့ ထောက်ပြကြတယ်။ အဲတာကို ကျွန်တော်က ကိုယ်စားပြုပြီး မဖြေနိုင်ပါ။ ဒေါ်စု ဒေလီကိုလာတုန်းက ကချင်တွေက မကျေနပ်ဘူးဆိုတဲ့အကြောင်းကို သူ့ကစပြောပြီး၊ သဘောမတူတာရှိရင် ဆွေးနွေးသင့်တယ်၊ လာစေချင်တယ်လို့ ကျွန်တော့်လက်ကို သူ့လက်နှစ်ဖက်နဲ့ ကိုင်ပြီးပြောပါတယ်။ ဒေါ်စုကို ကျွန်တော် ဘယ်သူပါဗျာလို့ မပြောလိုက်ပါ။

အမောင်ပြောက်ကျား ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း

Image
ပို့စ်တခု အခုပဲတွေ့တယ်။ စောစောကတည်းက ဖရင်းတယောက်ကလည်း ပို့ပေးထားသေးတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးလို့ ထိပ်မှာပါတယ်။ ပျောက်ကျားသတ်ပုံ မှားနေတယ်။ ပြောက်ကျားလို့ ရေးရတယ်။ အစစ် ဟုတ် မဟုတ် မသိပါ။ မဟုတ်ရင် ဆောရီး။ ပျောက်ကျားလို့ ရေးရင် ပျောက်သွားသောကျား။ စစ်တပ်ကမှားရေးတာကိုသာ ပြောလိုတာ မဟုတ်ပါ။ အရပ်သားက ပိုများတော့ မှားရေးတာတွေ ပိုများများတွေ့ရတယ်။ စာရေးတာ ဘယ်သူမှားမှား ကျွန်တော်က အားမနာ။ ကျွန်တော် မှားရေးမိလည်း ပြင်ပါတယ်။ ရောဂါတွေလည်း ပျောက်ပါစေ။ သတ်ပုံအမှားတွေလည်း ပျောက်ပါစေ။ သူ့မှာတမ်း သူတို့အဆုတ် ထားခဲ့မြှုပ်သည့် ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို ရွာသားရွာသူ မေးကြမြူသည် အူအူယမ်းငွေ့  ထတုန်တည်း။ အမောင်ပြောက်ကျား၊ ချစ်သူအားကို ဘာများ မှာခဲ့လိုသနည်း။ ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။ အမောင်ပြောက်ကျား၊ မိဖအားကို ဘာများ မှာခဲ့လိုသနည်း။ မွေးသည့်မိခင်၊ မွေးဖခင်ကို ဦးတင်ခဲ့ကြောင်း ပြောပါလေ။ အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို ဘာများ မှာခဲ့လိုသနည်း။ ခရီးမတ်တပ်၊ လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ။

အဲတာက တယောက်

Image
ဆရာအရင်က USDP ပါတီဝင်ဖြစ်ဖူးတာမျိုးလား အဲတာက တယောက်။ ကြံခိုင်ရေးပါတီက ၂၀၁၀ ကျမှ တရားဝင်ဖွဲ့တာ။ အဲဒီအချိန် ကျွန်တော်က နယူးဒေလီမှာနေတယ်။ ပြည်တွင်းနေစဉ်က ၁၉၇၃ ကနေ ၁၉၈၈ အထိ၊ တိုက်နယ်ဆရာဝန်၊ လက်ထောက်ဆရာဝန်နဲ့ မြို့နယ်ဆရာဝန်လုပ်ခဲ့လို့ မဆလ ပါတီနဲ့ ထိစပ်ခဲ့ဘူးပါတယ်။ ကျွန်တော်နဲ့ နာမည်တူ၊ လူမတူ။ သူတို့က နာမည်မတူ၊ လူအတူတူ။ ၁၉၈၇ မှာ တိုင်းပြည်ကို အယ်လ်ဒီစီဖြစ်အောင် လုပ်ခဲ့တာလည်း သူတို့။ ၁၉၈၈ မှာ လူထုအုံကြွမှုကြီးကို ရင်ဆိုင်ရတာလည်း သူတို့။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲတာလည်း သူတို့။ ဒေါက်တာတင့်ဆွေ ၂၈-၁-၂ဝ၂၀

မဟုတ်ပါ စာဖတ်ရင် သိမယ်

Image
၁။ အခု တရုပ်ပြည်က ဖြစ်နေတာ ပလိပ်ရောဂါ ပြန်ဖြစ်နေတာပေါ့နော် ဆရာ ။ သိခွင့်ရလို့ ကျေးဇူး တင်ပါတယ် ဆရာ မဟုတ်ပါ။ ၂။ ပုလိပ်ရောဂါလားဆရာ ဝူဟန်မှာဖြစ်နေတာက မဟုတ်ပါ။ စာဖတ်ရင် သိမယ်။ ရောဂါကပ်ကြီးတွေဆိုတာ ဖြစ်တတ်တယ်။ သေအပျောက်ရှိနိုင်တယ်။ ကာကွယ်နှိမ်နင်းရတာ ခက်ခဲတယ်။ ဟိုပြောသည်ပြောတွေ မှားတယ်ဆိုတာ သိစေချင်လို့ တင်ပြတာ။ တချို့က မဖတ်ပဲ ပြောကြတယ်။ တချို့က မသိပဲ ရေးကြတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁-၂၀၂၀

Do No Harm စေတနာမှာ ပညာမပါရင် ဒုက္ခပေးတယ်

Image
၁။ အရေပြားကို အနည်းငယ်ကုပ်ခြစ်ပြီးခါချဉ်ကောင်တွေကို ချေပြီးလိမ်းပေးရင်ပျေက်ပါတယ်.. ကိုယ်တွေ့ပါ။ ၂။ နားအပေါက်ငယ် အောက်မှာ ကွန်မင့်တခုရတယ်။ အဲ့ဒါတမာရီုးကိုပြာချ ရေနံချေးစိမ်းနဲ့ ပွတ်ပေးရင် ပျောက်ပါတယ်ကျူပ်င ၃။ အင်ပြင်သေချာရင် အင်ရွက်ကိုပြုပီးရေချိုးပါ ပြီးရင်သနပ်ခါးရေကျဲလေးကိုဆားလေးထဲ့ပြီးတကိုယ်လုံးလိမ်းပါ နာရီပိုင်းအတွင်း ပျောက်ပါတယ် ၄။ ဒူးနာတယ်ဆို ရင် မြေဖြူတတောင့်ကိုမှုန့် အောင်လုပ် မယုံမရှိနဲ့  ကိုယ်တွေ့  ၅။ နှလုံးခုန်နှုန်းအောက်မှာ ကွန်မင့်တခုက ဂျင်း +ထန်ညှက်ပြုတ်သောက်လိုက်ပါ ၆။ နှလုံးခုန်နှုန်းအောက်မှာ ဂျင်း +ထန်ညှက်ပြုတ်သောက်လိုက်ပါ တဲ့။ ၇။ ကရိုနာစာအောက်မှာ ဂျင်းနဲ့ထန်လျက် ပြုတ်သောက်ျပါဆရာ တဲ့။ ၈။ အရေပြားမှာပေါက်တဲ့ရောဂါမျိုးစုင်္ပျောက်တဲ့အောင်ဇေယျာမင်းလိမ်းဆေးဝယ်ပါဝဲနှင်းခူတောင်ပျောက်တယ် လက်တွေ့သုံးဘူးပျောက်ဘူးလို့ပါဈေးချို၂၈လမ်း၈၄လမ်းမှာမှာမေးဝယ်ပါ တဲ့။ လူကြီးမင်းတို့ရဲ့ ကွန်မင့်တွေကို ဖျက်ပါမယ်။ အရပ်နည်း၊ ကိုယ်ပိုင်နည်း၊ တိုင်းရင်းဆေး၊ ဟာဗယ်ဆေး၊ အာယုဗေဒဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေးတွေကိုသာ အားကိုးလိုသူတွေက ဆရာဝန်တွေရေးတာကို လာမဖတ်ကြပါ။ ကျွန်တော်ကလည်း အဲဒီနေရာတွေကို

Black Death ကမ္ဘာ့အဆိုးဆုံး ရောဂါကပ်ကြီး

Image
ကြုံခဲ့ပြီးပြီ။ အနက်ရောင်မရဏကပ်ဆိုးကြီးဟာ ၁၃၀၀ ကျော်ခုနှစ်တွေမှာ ဖြစ်ခဲ့တယ်။ ဥရောပနဲ့ အာရှတိုက်မှာ။ ပလိပ်ရောဂါကပ်ကြီး ဖြစ်ပါတယ်။ အတိအကျဆိုရင် ၁၃၄၅ ခု အောက်တိုဘာလမှာ ဥရောပမှာကျရောက်တယ်။ ပင်လယ်နက်ကနေလာတဲ့ သင်္ဘော ၁၂ စင်းပေါ်မှာ သေဆုံးနေတဲ့သင်္ဘောသားတွေ စစ်စလီဆိပ်ကမ်းကို ရောက်လာတယ်။ အဲဒီကစပြီး နောက် ၅ နှစ်အတွင်း ကပ်ရောဂါဆိုးကြီးကြောင့် စုစုပေါင်း လူ သန်း ၂၀ သေဆုံးခဲ့ရတယ်။ ဥရောပမှာ လူ ၃၀% ကနေ ၆၀% သေဆုံးခဲ့တယ်။ တကမ္ဘာလုံးမှာ စုစုပေါင်း သန်း ၃၅၀ ကနေ ၄၇၅ သန်းသေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ တရုပ်၊ အိန္ဒိယ၊ ဆီးရီးယား၊ အီဂျစ်စတဲ့နိုင်ငံတွေမှာလည်း ကပ်ဆိုးကြီးကျရောက်တယ်။ အစက ဘာရောဂါလဲ မသိကြသေးပါ။ ဖြစ်တဲ့သူတွေမှာ ဖျားတယ်။ ချမ်းတယ်။ အန်တယ်။ ဝမ်းပျက်တယ်။ နာတယ်။ အကျိတ်တွေပေါက်တယ်။ အနာတွေဖြစ်တယ်။ ပြည်တွေ သွေးတွေထွက်တယ်။ ကူးစက်တယ်။ သေဆုံးကြတယ်။ အဲဒီရောဂါကို Plague ပလိပ်ရောဂါလို့ ခေါ်တယ်။ Yersina pestis ဗက်တီးရီးယားကနေဖြစ်စေတယ်။ စတင်တွေ့ရှိတဲ့ ပြင်သစ်ဆရာဝန် Alexandre Yersin အမည်။ ၁၉ ရာစုကုန်မှသာ သိလာတယ်။ ဥရောပမှာ နောက်တကြိမ်ထပ်ဖြစ်မှသာ သိလာရတာ။ Great Plague လို့လည်းခေါ်တယ်။ ၁၃၄၃ ခုနှစ်မှာ အာရှတိုက်အလယ်ပိုင

How to Stay Safe from Wuhan Virus ဝူဟန်ဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်မလဲ

Image
အခုဖြစ်နေတဲ့ပိုးကို nCoV2019 ဗိုင်းရပ်လို့ ခေါ်တယ်။ ကူးစက်ခံရရင် Wuhan pneumonia နူမိုးနီးယားခေါ် အဆုတ်ရောင်တာ ဖြစ်မယ်။ ကာကွယ်ဆေးမရှိ။ ကုသနည်းမရှိ။ ဆောရီး။ ကာကွယ်ရမယ်။ ၁။ လူစုလူဝေးက ရှောင်နိုင်လေ ကောင်းလေ။ ဖြစ်နိုင်ရင် လူတယောက်နဲ့တယောက် တပေခွဲအကွာနေသင့်တယ်။ ၂။ အိမ်ကထွက်တာနဲ့ လက်အိတ်စွပ်ပါ။ ဆောင်းထည်ဝတ်ပါ။ လမ်းမှာလည်း ဝတ်ထားပါ။ ၃။ လူအများစုဝေးရာနေရာမှာ လက်အိတ်ချွတ်ထားနိုင်တယ်။ ယားလို့ဆိုပြီး မျက်နှာ၊ မျက်စိနေရာကို လက်နဲ့မကုပ်ပါနဲ့။ လက်နဲ့မျက်နှာ ဝေးဝေးထားပါ။ အိမ်မပြန်မီ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး ဆေးပါ။ အလာတုန်းကဝတ်ဆင်တာတွေ ပြန်ဝတ်ပါ။ ၄။ လက်အိတ်ကို နေ့စဉ်လဲပါ။ လျှော်လို့ရတာ လျှော်ပါ။ စိုထိုင်းနေတာကို ပြန်မသုံးပါနဲ့။ ၅။ နှာချေ ချောင်းဆိုးသူရန်ကနေ နှာခေါင်းစည်းကနေ ကာကွယ်ပေးမယ်။ နှာခေါင်းစည်း စနစ်ကျသုံးပါ။ ၆။ မျက်နှာသုတ်ပဝါ၊ ကိုယ်သုတ်ပုဝါတွေ ခြောက်သွေ့နေပါစေ။ တယောက်တထည် တစုံသုံးပါ။ တပတ်မှာ ၂ ခါလျှော်ပါ။ ၇။ တံခါးလက်ကိုင်ဘုတွေ သတိထားပါ။ လိုက်ဇောဆေးရည်နဲ့ မကြာခဏဆေးပါ။ စားပွဲ၊ ထိုင်ခုံ၊ ကွန်ပြူတာ၊ ဖုန်း စတဲ့ မျက်နှာပြင်တွေကို ပိုးသေဆေးပါဆေးရည်နဲ့ ဆေးပါ။ ဆေးနေစဉ် လက်ကိ

ထိပ်ဆုံးသို့

Image
ငွေတာရီရဲ့ကဗျာကို မူရင်းအတိုင်း တယောက်က ပို့ပေးတယ်။ နောက်တယောက် တတွေကို တစ်လုပ်ထာတာကို ပို့ပေးတယ်။ မြန်မာစာ အောက်ဆုံးသို့ရောက်နေပြီလို့ သက်သေပြတာဖြစ်တယ်။ မြန်မာစာ ထိပ်ဆုံးသို့ ပြန်ရောက်ပါစေသတည်း။ တတောင်ပေါ် တတောင်ဆင့် တောင်အမြင့် ပတ်ခြံရံ။ တတောင်ဆုံးပြန်တော့ တလုံး ကျန်ပြန်ပေသမို့ ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ကြိုးလျှောက်ရပြန်။ ခါတလေ တကယ်ပန်းတာကြောင့် တော်ပါပြီ ဆက်မလှမ်းချင်ဘူ့ ရပ်တန်းက ရပ်မယ်ကြံ အမှန်တော့ ဖြစ်နိုင်မလား။ စ ခဲ့မိဟာပေါ့ တနေ့မှာ ဆုံးရာရောက်ပါလိမ့် အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ စိတ်နွမ်း အသာဖြေအုံး မာလာငွေ ကန်ရေအေးရယ်နှင့် ငှက်တေးကို အာရုံဆင်လို့ မူတသွင် အားအင် သစ်လိုက်ပေါ့ ချစ်ဖွယ့်လူသား။ ။ (ငွေတာရီ) ဒေါက်တာတင့်ဆွေ ၂၇-၁-၂၀၂၀ ၂၈-၇-၂၀၂၀

Face Mask နှာခေါင်းစည်း

Image
၂၅-၇-၂ဝ၁၇ နေ့ ည ၁ဝ နာရီ၊ ၄၈ မိနစ်က ရေးထားတာ။ H1N1 ဖြစ်စဉ်က။ တခုခုဖြစ်ရင် တယောက်တမျိုးရေးကြတယ်။ သတင်းလည်း မဟုတ်ကဟုတ်ကတွေ နှာခေါင်းစည်းလည်း တယောက်တမျိုး။ ဆေးရောင်းသူတွေကပါသေး။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မက မန္တလေးကပါ။ အသက်၂၅နှစ် အပျိုပါရှင့်။ H1N1 virus ကာကွယ်ရန် အသုံးပြုတဲ့ mask နဲ့ပတ်သက်ပြီး ဗဟုသုတအနေနနဲ့သိချင်တာပါဆရာ။ Online မှာ ရောင်းနေတဲ့ ပုံစံတွေက အများကြီးမလို့ပါဆရာ။ mask ရဲ့ အဓိကက အလုံပိတ်ပုံစံလို့လဲပြောနေလို့ပါဆရာ။ အလုံပိတ် ပုံစံဆို အသက်ရူရခက်တတ်လို့ အဆင်မပြေလို့ပါဆရာ။ တစ်ချို့ရောင်းတာ အသက်ရူတဲ့ အပေါက် ကလေး ပါတာလဲရှိပါတယ်ဆရာ။အဲ့ဒီ mask လေးက ကာကွယ်မှု ပေးနိုင်လားလို့ သိချင်ပါတယ်ဆရာ။ ပုံနှင့်တကွ ပို့ပေးလိုက်ပါတယ်ဆရာ။ တကယ်တော့ အထူးနှာခေါင်းစည်း မလိုပါ။ နှာချေ ချောင်းဆိုး ကာကွယ်ဘို့သာဖြစ်တယ်။ ဆရာဝန်တွေ ဆေးရုံမှာ သုံးတာမျိုးနဲ့ ရပါတယ်။ အဆိပ်ငွေ့လို၊ ဓါတုဆေးလိုဟာတွေအတွက်သာ နှာခေါင်းစည်းတမျိုးတွေ လိုပါတယ်။ ဥပမာ ဗျူတီပါလာ၊ ပိုးသတ်ဆေးဖြန်းတာ စသည်။ နှာခေါင်းစည်း အမျိုးမျိုးရှိတယ်။ ခပ်တိုတိုသာရေးပါမယ်။ ခေါင်းရှုတ်စရာတွေ မထည့်ချင်ပါ။ ဆေးရုံသုံး၊ ခွဲစိတ်ခန်းနဲ့ သားဖွါးခန်းသုံး၊ သွားဆေးခန

White-Collar vs. Blue-Collar Jobs ပညာရှင်

Image
ဆရာတို့လို ပညာရှင်တွေ သမီးတို့မြန်မာပြည်မှာ လိုအပ်တယ်ဆရာ…See More ပညာရှင်တော့ မဟုတ်။ ဆရာဝန်သာဖြစ်ပါတယ်။ ပညာရှင်တွေက ပိုမြင့်တယ်။ အသားလိုလို့ အရိုးတောင်း မဟုတ်ပါ။ ပညာရှင်ဆိုတာ ဘာလဲ။ ဆိုရှယ်လစ်ခေတ်မှာ ကာယလုပ်သား၊ ဉာဏလုပ်သားတဲ့။ အတတ်ပညာတခုခုနဲ့ အလုပ်လုပ်သူတွေကို ကျွမ်းကျင်အဆင့် ၁-၂-၃ စသည် သတ်မှတ်တယ်။ နောက်ပိုင်းမှာ အသိပညာရှင် (ဝိဇ္ဇာ) နဲ့ အတတ်ပညာရှင် (သိပ္ပံ) လို့ ရေးကြတယ်။ မြန်မာ့ရာဇဝင်မှာ ပညာရှိ (ပညာယှိ) လို့သုံးခဲ့တာ ဖတ်ရတယ်။ ဇာတ်ပွဲတွေ၊ ရာဇဝင်ဝတ္ထုတွေမှာ ပညာရှိအမတ်ကြီး၊ ပရောဟိတ်အမတ်ကြီး စသဖြင့်သုံးတယ်။ ကုန်းဘောင်ခေတ်မှာ ပညာရှိလို့ ခေါ်ထိုက်သူတွေ ရှိခဲ့တယ်။ လွတ်လပ်ရေးခေတ်ဦးမှာ ပညာရှိတွေ ရှိတယ်။ အမည်တွေ မထည့်တော့ပါ။ အနောက်နိုင်ငံတွေမှာ ကော်လာဖြူ၊ ကော်လာပြာ။ ကော်လာပြာဆိုတာ ကာယလုပ်သားပါပဲ။ သူတို့မှာ ကျွမ်းကျင်မှုတော့ ရှိတယ်။ မိုင်းအလုပ်၊ လမ်းအလုပ်၊ စိုက်ပျိုးရေးအလုပ် စသည်။ ကော်လာဖြူဆိုတာ ရုံးတွေ၊ ကျောင်းတွေ၊ ဘဏ်တွေမှာ လုပ်ကြသူတွေ။ ပန်းရောင်ကော်လာဆိုလည်း ရှိသေး။ စားသုံးသူတွေနဲ့ ဆက်ဆံရေး၊ ဧည့်ခံဖျော်ဖြေရေး၊ ဝန်ဆောင်မှုပေးသူတွေ။ ဆရာဝန်ကို ဆရာဝန်လို့ ခေါ်တာ သင့်မှန်တယ်။ ခွဲစိတ်ခန်းန

China coronavirus outbreak means the world is once again gripped by the six-year pandemic panic syndrome

Image
တရုပ် ကိုရိုနာဗိုင်းရပ် သို့မဟုတ် ခြောက်နှစ်တခါဖြစ်တဲ့ ကပ်ရောဂါ ဆင်ဒရုမ်း ဆင်ဒရုမ်းဆိုတာ ရောဂါလက္ခဏာအစုအဝေးကို ခေါ်တယ်။ ၂၀၁၅ ခုနှစ်က အရှေ့အလယ်ပိုင်းမှာဖြစ်ခဲ့တဲ့ Respiratory Syndrome (Mers) ကို သတိရသင့်တယ်။ အဲတာအရင် ၆ နှစ်က H1N1 ခေါ် Avian flu အေဗီယန်တုပ်ကွေး။ ၂၀၀၃ တုန်းက တုပ်ကွေးကြောင့် Tamiflu pills ဆေးတွေကို အထိတ်တလန့် ဝယ်ခဲ့ကြတယ်။ အဲတော့ ခြောက်နှစ်တခါဖြစ်တဲ့ ကပ်ရောဂါ။ ဒီဆောင်းပါးရေးသူ ဟောင်ကောင်က ပညာရှင် David Dodwell ဒေးဗစ် ဒေါ့ဝဲလ်က Wuhan Wild Animal Market Syndrome (WWAMS) လိုအမည်သစ်ပေးလိုက်တယ်။ ဝူဟန်ကလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အစက လူ-လူခြင်း မကူး။ နောက်ကူးလာတယ်။ နောက်တခြားနေရာတွေထိ ရောက်တယ်။ တရုပ်ပြည်မ ၂၄၅၄ - ၈၀ ဟောင်ကောင် ၈ - ၀ မကာအို ၅ - ၀ တိုင်ဝမ် ၄ - ၀ တခြားအာရှနိုင်ငံများ ၂၆ - ၀ ဥရောပ ၃ - ၀ မြောက်အမေရိက ၆ - ၀ သြစတေးလျ ၄ - ၀ ရှေ့ဂဏန်းက လူနာ၊ နောက်ဂဏန်းက သေဆုံးသူ။ Mers နဲ့ Sars တို့ကလည်း Coronavirus ကိုရိုနာဗိုင်းရပ်စ်ကနေဖြစ်တယ်။ အဲဒီ ၂၀၁၂ တုန်းက လူပေါင်း ၁၂၀၀ ဖြစ်ပြီး ၄၄၄ ယောက်သေဆုံးခဲ့တယ်။ ၂၀၀၉ တုန်းက H1N1 swine flu ရောဂါ လူပေါင်း ၃ သောင်း လောက်ဖြစ်ခဲ

ရေစုံမျောနေသော လှေ

Image
သတ်ပုံစာလေးတွေရေးတဲ့အခါ မြန်မာစာကခက်တယ် စသဖြင့် တချို့က ရေးကြတယ်။ တကယ်တော့ သင်္ချာ၊ ပထဝီ၊ သမိုင်းကအစ ဘယ်သာသာရပ်မဆို မသိရင်၊ မသင်ရင်၊ မလေ့လာရင် ခက်တယ်။ မတတ်ပါ။ မြန်မာစာက မိခင်စကား သို့မဟုတ် တရားဝင်ရေးသား ပြောဆိုတဲ့စကားဖြစ်တော့ ခပ်ပေါ့ပေါ့ သဘောထားကြတယ်။ နောက်တချက်က ပိုအရေးကြီးတယ်။ ကျွန်တော်တို့လူမျိုးက ဘယ်အရာမဆို ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့၊ ပြီးစလွယ် လုပ်တတ်ကြ၊ ပြောတတ်ကြတယ်။ အဲတာ မဟာအမှားဖြစ်တယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ မြက်ရိတ်၊ အမှိုက်သိမ်းတာကအစ စည်းစနစ်နဲ့ တိတိကျကျလိုက်နာကြရတယ်။ စက်ဘီးစီး၊ ကားမောင်းတာကိုလည်း စည်းကမ်းအတိုင်း အတိအကျ လိုက်နာကြရတယ်။ မြန်မာစာမှာ တိကျတဲ့စည်းကမ်းတွေရှိတယ်။ မူကွဲတချို့လည်းရှိတယ်။ အိပ် နဲ့ အိတ် လွဲမရ။ ထုတ် နဲ့ ထုပ် မှားရေးမရ။ မြန်မာစာကို စသင်ကတည်းက သတ်ပုံနဲ့ သဒ္ဒါကိုလိုက်နာခဲ့ရင် မခက်ပါ။ မခက်သင့်ပဲ ပိုခက်နေရတဲ့ တတိယ အကြောင်းခံကတော့ မြင်မြင်သမျှ ဖတ်ရသမျှတွေက အလွဲတွေ အမှားတွေကြောင့်ဖြစ်ပါတယ်။ ဘာကိုမဆို အခြေခံကအစ စည်းစံ၊ စနစ်ကျကြရင် တိုင်းပြည်ပါ တိုးတက်လာပါမယ်။ သင်ပေးသူတွေ ရေးသာသူတွေက မှန်မှသာ မြန်မာစာမှန်လာတယ်။ ဦးစီးဦးဆောင်သူတွေက မှန်ရာကို လုပ်နိုင်

Common Cold Babies ကလေးတွေ နှာစေး အအေးမိရင်

Image
Humidifiers for Babies ကလေးတွေအတွက် ရေငွေ့ပေးစက် https://doctortintswe.blogspot.com/2016/12/humidifiers-for-babies.html Common Cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html Common Cold အအေးမိရင် http://doctortintswe.blogspot.com/2015/02/common-cold.html Dos and Don’ts for Common Colds အအေးမိရင် ရောင်ရန်-ဆောင်ရန်များ http://doctortintswe.blogspot.com/2014/12/dos-and-donts-for-common-colds.html Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု http://doctortintswe.blogspot.com/2015/06/healthy-culture_18.html ဒေါက်တာတင့်ဆွေ

Books ခဲစာလုံးခေတ်နဲ့ ဖုန်းခေတ်

Image
နယူးဒေလီမှာနေခဲ့တဲ့ လူရွယ်တယောက်က တင်ထားတယ်။ ငယ်ဘဝက မွှေမဝခဲ့တဲ့ စာအုပ်ပုံကြီး။ ခုတော့ ငှါးသူမရှိ ဖတ်သူမရှိ။ ငှါးရ ဖတ်ရကောင်းမှန်းလည်း မသိကြတော့တဲ့ နှင်းမိုးရည်စာပေက ဖုန်တက်နေတဲ့ ငယ်ဘဝတွေ တဲ့။ အပိုင်ငှားရရင် ကောင်းမယ်။ စာအုပ်တွေကို အတောင်တပ်ပေးလိုက်။ ရယ်စရာလိုသာ ရေးရ။ တကယ်တော့ ကိုယ့်ဇာတိ မင်းရွာက စာကြည့်တိုက်လေးကို သတိရတယ်။ ဘုန်းကြီးကျောင်းထဲမှာ အဆောက်အဦလေးနဲ့တော့ ထားတယ်။ စာအုပ်တွေလည်း များတယ်။ အဟောင်းတွေ။ အကောင်းတွေ။ ပြုပြင်ထိန်းသိမ်းမဲ့သူ မရှိတာကို ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားနေရတယ်။ ကျွန်တော့်အကိုကြီး ငယ်ငယ်က အိမ်မှာ စုဆောင်းထားတဲ့ ထင်းရှူးသေတ္တာကြီး လေးလုံစာ စာအုပ်တွေလည်း အဲဒီမှာ။ ငယ်ငယ်က အကုန်ဖတ်ခဲ့တဲ့ စာအုပ်တွေ။ သတ်ပုံမှန် စာအုပ်တွေ။ ခုခေတ်ထုတ်တွေနဲ့ ပြန်ထုတ်တွေတော့ သတ်ပုံမမှန်ရင် အလကားရလည်း မလိုချင်။ ကွန်ပြူတာနဲ့ ဖုန်းမှာ စာရိုက်တတ်ရင် စာတတ်တယ် ထင်နေကြတယ်။ ခဲစာလုံးခေတ်ကို မမီပါ။ ဖုန်းနဲ့ ဖေ့စ်ဘွတ်မှာ အယ်ဒီတာချုပ်ချည်းပဲ။ ဒေါက်တာတင့်ဆွေ ၂၆-၁-၂၀၂၀

February ဖေဖေါ်ဝါရီလ

Image
သို့မဟုတ် ပိုက်ဆံနဲ့ အီကွေးမုံ့သာ မကြည့်နဲ့ ၂ဝ၂၀ နှစ်ဖေဖေါ်ဝါရီလဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၁ ခုနှစ် တပို့တွဲလဆန်း (၈) ရက်ကနေ တပေါင်းလဆန်း (၇) ရက်အထိဖြစ်တယ်။ ဖေဖေါ်ဝါရီကို ရိုမန်လို Februarius ခေါ်ပြီး၊ လက်တင် Februum ကနေလာတယ်။ Purification သန့်စင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ပေါ်ကာစပြက္ခဒိန်မှာ (၁ဝ) လသာရှိစဉ်က ဖေဖေါ်ဝါရီလမပါခဲ့ပါ။ ဘီစီ ၇ဝဝ ရောက်မှ ရောမဘုရင် Numa Pompilius နူမာပွန်ပီးလပ်စ်ကနေ နှစ်စမှာ ဇန္နဝါရီနဲ့ နှစ်ဆုံးမှာဖေဖေါ်ဝါရီကို ထည့်သွင်းလိုက်ပါတယ်။ နှစ်တနှစ်ရဲ့ ဒုတိယလလို့ကတော့ ဘီစီ ၄၅ဝ ရောက်မှ ဖြစ်လာပါသတဲ့။ ဒီနှစ်လို (၂၈) ရက်နဲ့ လေးနှစ်မှာတခါ (၂၉) ရက် ရှိတယ်။ ၂၀၂၀ ခုမှာ (၂၉) ရက်။ ဖေဖေါ်ဝါရီလ ထူးခြားတဲ့နေ့တွေ • ဖေဖေါ်ဝါရီ ၄ = သီရိလင်္ကာ လွတ်လပ်ရေးနေ့၊ • ဖေဖေါ်ဝါရီ  ၅= မက်ဆီကို ဖွဲ့စည်းပုံနေ့၊ • ဖေဖေါ်ဝါရီ ၈ = ဆလိုဗေးနီးယား ယဉ်ကျေးမှုနေ့၊ • ဖေဖေါ်ဝါရီ ၈ = ကမ္ဘာ့လက်ထပ်ထိမ်းမြားခြင်းနေ့ (ဒုတိယတနင်္ဂနွေနေ့)၊ • ဖေဖေါ်ဝါရီ ၁၁ = ဂျပန် အမျိုးသားအုတ်မြစ်ချနေ့၊ • ဖေဖေါ်ဝါရီ ၁၂ = အီဗရာဟင် လင်ကွန်းမွေးနေ့၊ • ဖေဖေါ်ဝါရီ ၁၃ = ကမ္ဘာ့ရေဒီယိုနေ့ • ဖေဖေါ်ဝါရီ ၁၄ = ဗယ်လင်တိုင်းဒေး၊ • ဖေဖေါ်ဝါရီ ၁၅ = ဆားဗီးယား အမျို

Australia Day သြစတေးလျနေ့

Image
ဇန္နဝါရီလ (၂၆) ရက်ဟာ သြစတေးလျနေ့ဖြစ်ပါတယ်။ ကက်ပတိန် (အာသာ ဖိလစ်) သြတေးလျတိုက်ကို ပဌမဆုံး ရောက်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ အသစ်ရောက်လာကြသူတွေ နိုင်ငံသားအဖြစ်ရရှိကြတယ်။ အစိုးရနေ ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်တယ်။ သြတေးလျဟာ ဗြိတိသျှကိုလိုနီဘဝကနေစခဲ့တာဖြစ်တယ်။ အစပိုင်းကာလမှာ အကျဉ်းသားတွေကိုပဲ သြတေးလျကို ပို့ပေးတယ်။ ၁၇၈၆ အောက်တိုဘာမှာ (အာသာ ဖိလစ်) နဲ့အတူ သင်္ဘော ၁၁ စင်းပေါ်မှာ လူပေါင်း ၁၅ဝဝ ပါလာခဲ့တယ်။ သူတို့ကို စိုက်ပျိုးရေးလုပ်စေတယ်။ ရောက်ဘို့ (၈) လကြာခဲ့တယ်။ ရက်စွဲကတော့ ၂၆-၁-၁၇၈၈ နေ့ ဖြစ်တယ်။ Australia အမည်ကို ကက်ပတိန် (မက်သယူး ဖလင်ဒါးစ်) ကနေပေးတယ်။ ကျွန်တော်တို့ ပြည်ပနိုင်ငံရေးလုပ်သူတွေ ခိုလှုံနေတဲ့နိုင်ငံကနေ တခြားတိုင်းပြည်တွေကို ခရီးတွေထွက်ကြရတယ်။ ပတ်စ်ပို့တွေကို ရတာရှာသုံးကြရတယ်။ အတုတွေသာဖြစ်လို့ လုံခြုံမှုမရှိပါ။ စစ်အစိုးရရဲ့ နှောင့်ယှက်မှုက အစဉ်တစိုက် ရှိတယ်။ အာစီယန်အုပ်စုထဲကဆိုရင် မြန်မာစစ်အစိုးရက ဖိအားပေးတာကို အတိုင်းအတာတခုထိ လိုက်နာကြတာ များတယ်။ ဖမ်းဆီးခံရတာတွေလည်းရှိတယ်။ အဲတာနဲ့ စင်ပြိုင်အစိုးရအနေနဲ့ အဖွဲ့ဝင်တွေအတွက် စိုးရိမ်လာတယ်။ သြစတေးလျအစိုးရကို မေတ္တာရပ်ခံပြီး သဘောတူညီချက်

Surgical Face Mask ဆေးရုံသုံး နှာခေါင်းစည်း

Image
၁။ ဆရာရှင့် သိချင်တာလေးရှိလို့ မေးခွင့်ပြုပါဦးရှင် Face mask တပ်တာ အမှန်တပ်နည်းလေးသိချင်ပါတယ်ရှင် အချို့တွေက အတွင်းကအဖြူကို အပြင်မှာထားရမယ်ပြောကြပါတယ်ရှင့်။ အချို့တွေကတော့ အရောင်ပါတာကို အပြင်မှာတပ်ရတယ် ပြောပါတယ်ရှင်။ ပြန်လည် ဖြေကြားပေးပါဦးရှင် ၂။ ဒွိဟဖြစ်နေလို့ပါ ဆရာရှင့်။ ပုံမှန်ချိန်ဆို ဝန်ထမ်းက နေကောင်းကျန်းမာတော့ OT, ward ထဲမှာ အဖြူက အပြင်ပဲ ထားပေးရမှာလား။ What is a face mask ဆေးရုံသုံး နှာခေါင်းစည်းဆိုတာ ကူးစက်ရောဂါကာကွယ်ရေးမှာ သုံးတယ်။ dental, isolation, laser, medical, procedure နဲ့ surgical masks စသဖြင့် အမျိုးမျိုးခေါ်တယ်။ နှာခေါင်းနဲ့ ပါးစပ်ကိုဖုံးပြီး ခပ်ချောင်ချောင်တပ်ဆင်ရတယ်။ နားရွက်မှာဖြစ်ဖြစ် ခေါင်းပေါ်မှာဖြစ်ဖြစ် စည်းနှောင်ထားရတယ်။ တံဆိပ်အမျိုးမျိုးလာတယ်။ FDA အသိအမှတ်ပြုက ပိုသင့်မှန်တယ်။ What is a face mask used for ဘာအတွက်သုံးသလဲ ရောဂါပိုးတွေ ပြန်နှံ့တာကို တတ်နိုင်သလောက်တားဘို့ဖြစ်တယ်။ ချောင်းဆိုး နှာချေတာထဲမှာ အလွန်သေးငယ်တဲ့ အမှုန်လေးတွေပါတယ်။ ရှူမိသူကို ကူးစက်နိုင်တယ်။ ကိုယ့်ဆီကရောဂါကို သူများဆီ၊ သူများဆီကရောဂါကို ကိုယ့်ဆီ မကူးစက်အောင် သုံးတယ

နေပည်တော်သို့

Image
ညက တင်ပြီးသား။ ကနေ့လည်း ရရစ်မပါတဲ့မေးခွန်းတွေ မနည်းပါ။ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်းမှာ ရရစ်တွေမပါပဲရေးကြသူတွေ ပိုများလာတယ်။ ပြီ ကို ပီ။ ပြီး ကို ပီး။ ဖြစ် ကို ဖစ်။ မြန်မာစာမှာ ရရစ်ပျောက်သွားရင် - မစ်ကီးနားမို့ မိတ်မို့ ပင်ဦးလွင်မို့ ဖူးမို့ မောင်းမမို့ သံဖူစရပ်မို့ ဓနုဖူမို့ မစ်သားမို့ မင်းမူမို့ မို့သာမို့ ရေကည်မို့ ဆိပ်ဖူမို့ နေပည်တော် ဖြစ်လာမှာလား။ တွေ ကို တေ ရေးသူတွေလည်းမနည်းပါ။ တယ် ကို တရ် တဲ့။ မှာ ကို မာ တဲ့။ ရ ကို က တဲ့။ ဝီကီပီးဒီယားမှာ မြန်မာအစ တစ်ကောင်းကလို့ ရေးတားတယ်။ တကို တစ်ရင်ပြီးရော ကျန်တာ ဘာကို ဘယ်လိုရေးရေးလို့ မြန်မာစာအဖွဲ့က သတ်မှတ်ထားပုံရတယ်။ ငယ်ငယ်က မုံရွာ မြစန္ဒာရုပ်ရှင်ရုံမှာ ရှေ့ဆုံး တမတ်တန်းက နှစ်ကားတွဲတဝက်ခရတဲ့ဇာတ်ကားတွေကို ပိတ်ကားပေါ်မှာ ပြီးပါပြီအထိ ကြည့်ခဲ့ရတာကို မမေ့ပါ။ မြန်မာစာ ပြီးပါပြီလား။ မန်မာနိုင်ငံ မို့တော် နေပည်တော်သို့သွားတဲ့လမ်းမှာ ရရစ်တွေကောက်ရရင် ပြန်ပေးကြပါခင်ဗျား။ ဒေါက်တာတင့်ဆွေ ၂၆-၁-၂ဝ၁၉ ၂၆-၁-၂၀၂၀