ဦးနတ်သျှင်နောင်

ကိုမင်းနောင်ကွယ်လွန်တော့ ဦးထည့်တဲ့သူတွေနဲ့ တချို့က ဘဘတဲ့။ သူတို့မိဘတွေရဲ့ အဖေလား၊ ဦးလေးလား ထင်မိတယ်။ ဦးဝင်းဦးတဲ့။ ကြည်အေးပို့စ်အောင်မှာ မြို့မကြည်ကြည်အေးလားတဲ့။

အနုပညာရှင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အနုပညာအမည်ရှေ့မှာ အပိုအဆာတွေ မထည့်ရပါ။ လူချင်းတွေ့ရင်တော့ လေးစားသမှုနဲ့ ခေါ်နိုင်ပါတယ်။

စာပေနဲ့ အနုပညာလောကကပုဂ္ဂိုလ်တွေမှာ အများအားဖြင့် အမည်ရင်းမဟုတ်ပဲ ကိုယ်တိုင်ရွေးထားကြတဲ့ နာမည်ကိုယ်စီ ရှိကြတယ်။ အဲတာကို စာပေနဲ့ အနုပညာနယ်မှာသုံးတယ်။ တေးဂီတနယ်လည်းပါတယ်။ ကလောင်အမည်လို့ ခေါ်တယ်။ လူအများက အဲဒီအမည်ကိုသာ သိတာများတယ်။ တချို့တော့ အမည်ရင်းနဲ့သာရေးကြတယ်။ တချို့က နေရပ် မြို့ရွာနဲ့ တွဲထားတယ်။ တချို့က ရှေ့က တချို့က ကွင်းထဲမှာထည့်ပါတယ်။

လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်ကိုယ်တော်မိုင်း၊ ကာတွန်းဘဂျမ်း၊ ဂျာနယ်ကျော်မမလေး၊ စစ်ကိုင်း ဦးဘိုးသင်း၊ တက္ကသိုလ်နေဝင်း၊ ဒဂုန်တာရာ၊ လူထုဦးလှ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကြေးမုံဦးသောင်း စသည်။ ရေးသူသန်းထွန်းလို့ စာမူပို့တာကို ထုတ်ဝေသူတွေက ဒေါက်တာ ထည့်ကြတာတဲ့။

ကိုယ်ရေးအချက်အလက်ပြောကြရင် ပင်ကိုယ်နာမည်ပါတွဲထည့်ပါတယ်။ ကလောင်နာမည်ခေါ်တာမှာ အပိုအလို မထည့်ရပါ။ ဦးတင်မိုးလို့ မသုံးရပါ။ ဒေါ်မာမာအေးလို့ မပြောရပါ။ မောင်သာရ၊ မောင်စွမ်းရည်တို့ကို အသက် ဘယ်လောက်ရရ၊ မပြင်ရပါ။ ဆရာဝန်ဖြစ်ပေမဲ့ မောင်သင်ကို ဒေါက်တာ မထည့်ရ။ စိုင်းခမ်းလိတ်ကို ဒေါက်တာမထည့်ရ။

ဦးလှဝင်း (လေသူရဲတဦး) ကို လေသူရဲတစ်ဦးလို့ စာအုပ်ပြန်ထုတ်တာတွေ့တယ်။ လူအမည်တွေရော စာတွေကိုပါ သတ်ပုံပြင်ကြတယ်။ မူပိုင်ခွင့်ဆိုတာ မသိကြတာလား။ လေးစားရကောင်းမှန် မသိကြတာလား။ သူများနာမည်ကို မဖျက်ကောင်းပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂၀၁၉
၂၆-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး