Myanmar Hieroglyphs အရုပ်စာခေတ်သို့ ပြန်လည်ရောက်လာခြင်း

ဆရာ့မျိုးချစ်စိတ်တော့ လေးစားတယ် မြန်မာစာပေကိုနှစ်နှစ်ကာကာ ဖက်တွယ်ထားတာကြောင့် တဲ့။

မျိုးချစ်တံဆိပ်ကပ်ရင်တော့ တမျိုးတမည်ဖြစ်တယ်။ လူတိုင်း ရိုးရိုးသားသားနဲ့ ကိုယ်နိုင်ငံ ကိုယ့်အစဉ်အလာယဉ်ကျေးမှုနဲ့ ဘာသာစကားကို ချစ်ကြပါတယ်။

တို့အဖွဲ့ကသာ ချစ်တယ်ပြောရင်တော့ လွဲပြီ။ မမှန်ကန်တဲ့ အကျိုးအမြတ်တစုံတရာကို မျှော်ကိုးလို့။

သက်ရှိသဘာဝမှာ အတ္တသဘောပါပြီးသား။ ငါ့အတ္တကပိုကြီးတယ်ဆိုတာ ဂုဏ်ယူစရာတော့ မဟုတ်ပါ။

ပိုချစ်ကြတဲ့ ကိန္နရီမောင်နှံကလည်း တရားထဲမှာ။ ဟင်္သာကိုးသောင်းက ဇာတ်တော်ထဲမှာ။ ကျန်တာအားလုံးက သိပ်မထူးကြပါ။ ထူးတယ်ပြောသူ သတိသာထားပေတော့။

Misuse of Nationalism အမျိုးသားစိတ်ဓါတ်ကို တလွဲသုံးနေခြင်း https://doctortintswe.blogspot.com/2018/09/misuse-of-nationalism.html

ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေမှာ ယိုယွင်းလာတတ်တယ်။ ကမ္ဘာမှာ သေသွားသလောက် ဖြစ်နေတဲ့ ရှေးဟောင်း ဘာသာစကား ၉ ခုရှိပြီ။

Dead Languages ကွယ်လွန်သွားတဲ့စာတွေ https://doctortintswe.blogspot.com/2018/10/dead-languages.html

မြန်မာစာအခြေအနေကတော့ ဒုက္ခိတ။ မြန်မာ့ယဉ်ကျေးမှုက မသန်မစွမ်း။

ဖေ့စ်ဘွတ်မှာ အရုပ်သာရေးကြတော့တယ်။ ထိန်းကြရမယ်။ မိဘဘိုးဘွားတွေက ထိန်းပေးခဲ့ကြလို့ ဒီလောက်ထိ ကျန်နေတာ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး